Monday, February 18, 2013

လွှတ်တော်ကိုယ်စားလှယ် ဦးလှဆွေထံ ကချင်ဘင်လာဒင် အမည်ဖြင့်ခြိမ်းခြောက်စာပေးပို့

Posted by drmyochit Monday, February 18, 2013, under | No comments

နေပြည်တော်၊ ဖေဖော်ဝါရီ-၁၈

ကချင်ပြည်နယ်အတွင်း ဖြစ်ပွားခဲ့ သောစစ်ပွဲများနှင့် ပတ်သက်၍ လွှတ်တော်တွင် ပွင့်ပွင့်လင်းလင်း ထုတ်ဖော် ဆွေးနွေးခဲ့သူ အမျိုး သား လွှတ်တော် ကိုယ်စားလှယ် ဦးလှဆွေထံသို့ မြစ်ကြီးနား မြို့စာတိုက် မှတစ်ဆင့် “ကချင်ဘင်လာဒင်” အမည်ဖြင့်ခြိမ်းခြောက် စာတစ်စောင်ရောက်ရှိလာကြောင်း ဦးလှဆွေက ယနေ့ ပြောကြားသည်။

“ဒီလ ၁၁ ရက် ရက်စွဲနဲ့ထည့် လိုက်တာပါ။ ကျွန်တော့်ဆီကို ဒီမနက်ပဲ ရောက်ပါတယ်။စာအိတ်မှာလည်း နေပြည်တော် ကြပ်ကုန်းဆိုပြီးပါရှိပါတယ်”ဟု ဦးလှဆွေက ပြောသည်။ယင်းခြမ်းခြောက် စာတွင်ပါရှိသော ရေးသားချက်များနှင့် ပတ်သတ်၍လည်း “ကျွန်တော် က မတုန်လှုပ်ပါဘူး၊ အိပ်ရေးပျက်ခံပြီးတော့ ခေါင်းထောင်ကြည့်မနေဘူး”ဟူ၍ ပြောသည်။

ထို့အပြင် ယင်းခြိမ်းခြောက် စာနှင့်ပတ်သက်၍ အချက် (၄) ချက်ကို တုံ့ပြန်ထားကြောင်းနှင့် ငြိမ်းချမ်းရေး အတွက် အသက်စွန့်ရန် အသင့်ရှိကြောင်း ဦးလှဆွေက ပြောသည်။ မိုင်းထောင်၊ ဆက်ကြေးကောက်၊ လူဖမ်းနေသော ကေအိုင်အေဘက်မှရပ်တည်သည့် ဘင်လာဒင် အမည်ခံ ကချင်အကြမ်းဖက် သမား၏ ခြိမ်းခြောက် စာအား အိပ်ရေးပျက်ခံမစဉ်းစားနိုင် ကြောင်း၊ ကေအိုင်အေသည် ကချင်ပြည် နယ်ကို ကိုယ် စားပြု/ မပြု မဲခွဲသင့်ကြောင်း၊ ဘင်လာဒင်ကိုအားကျ နေသရွေ့ မငြိမ်းချမ်းနိုင် ကြောင်း ဦးလှဆွေ ကတုံ့ပြန်ပြောဆိုသည် ။

အဆိုပါခြိမ်းခြောက်စာတွင် ဦးလှဆွေ၏ စိန်ခေါ်မှု(ဆွေးနွေးပြောဆိုချက်များ) ကို ကချင်တိုင်း ရင်းသား၊ ကချင်လူမျိုးတစ်ဦးအနေဖြင့် လုံးဝခွင့်မလွှတ်နိုင်ကြောင်း ဦးလှဆွေနှင့် ၄င်း၏ သားစဉ်မြေး ဆက်မျိုး ဆက်အား လုံးကို ကချင် အမျိုးသားတစ်ဦးအနေနှင့် ရာသက်ပန်ရန်သူအဖြစ်သတ်မှတ်လိုက်ကြောင်း၊ တွေ့ရာ သင်္ချိုင်း ဓားမဆိုင်းဘဲ ၎င်း၏သားစဉ်မြေး ဆက်တိုင်းဆက်လက်ပြီး ရန်သူ အဖြစ် သတ်မှတ် ထားကြောင်း ဟူ၍ ပါရှိသည်။

လူဦးရေ ၁၀ သိန်းကျော်ရှိ သော ကချင်ပြည်နယ်တွင် KIA/KIO တပ်ဖွဲ့ဝင်ဦးရေမှာ တစ်သောင်းခွဲ နှစ်သောင်း ၀န်းကျင်သာ ရှိသဖြင့် နှစ်ရာခိုင်နှုန်း ခန့်သာ ရှိကြောင်း၊ ထို့ကြောင့် က ချင်ပြည်နယ်ကို ကိုယ်စားပြု/ မပြု မဲခွဲရန် သင့်ကြောင်း၊ ၎င်းအနေဖြင့် ကချင်တိုင်းရင်းသားနှင့် အခြား တိုင်းရင်းသားများကို 
ဆိုလိုခြင်း မဟုတ်ကြောင်း လက်ရှိ နှစ်ဖက် အခြေအနေများကိုမူ ကျေနပ်ကြောင်း ဆက် လက်ပြေကြားသည်။

7 Day news Journal

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်