Monday, February 18, 2013

ဘာသာရေး စာသင်ကျောင်း အမည်ခံ ဗလီဆောက်လုပ်မှု ပဋိပက္ခဖြစ်

Posted by drmyochit Monday, February 18, 2013, under | No comments







သာကေတ မြို့နယ်တွင် မွတ်စလင်ဘာသာရေးစာသင်ကျောင်း မှ ဗလီအဖြစ်တိုးချဲ့ ဆောက်လုပ် လူထုလှုပ်ရှားမှု Photo: သာကေတမြို့နယ် အမှတ်(၃) မာန်ပြေ ရပ်ကွက် ၁၉လမ်း အတွင်း မွတ်စလင် ဘာသာရေး စာသင်ကျောင်း မှ ဗလီအဖြစ်တိုးချဲ့ ဆောက်လုပ်မှု ကိုပြည်သူများက ၀ိုင်းဝန်းကန့် ကွက်စဉ်(ရုပ်သံ) Myo Thant 


ရန်ကုန် ဖေဖော်ဝါရီ ၁၇

သာကေတမြို့နယ် မာန်ပြေ ၁၈ လမ်းနှင့် ၁၉ ကြား အနောက်ဘက်တွင် ဘာသာရေး စာသင်ကျောင်း အမည် ခံ ဗလီ ဆောက်လုပ်မှုနှင့် ပတ်သက်၍ ဖေဖော်ဝါရီလ ၁၇ ရက် နေ့တွင် ဒေသခံ ၁၀၀ ကျော်နှင့် အုပ်ချုပ် သူများ အကြား အငြင်း ပွားမှုများ ပေါ်ပေါက် ခဲ့သည်။

ယင်းဆောက်လုပ်ဆဲ ဗလီသည် မွတ်စလင် လူငယ်များ၏ အစ္စလာမ် ဘာသာရေး စာသင်ကျောင်း အဖြစ် ယခင်က အသုံးပြု ခဲ့ကြောင်း၊ ယခုအခါ ဗလီအဖြစ် ဆောက်လုပ်ရန် ရုပ်လုံးဖော်ဆဲ အဆင့်တွင် သာကေ တ မြို့ နယ် ရန်ပြေလမ်း အတွင်း ရှိ ပြည်သူ ၁၀၀ ကျော်က သိရှိကာ ပြန်လည် ဖျက်သိမ်းပေး ရန် တောင်း ဆိုခြင်း ဖြစ်ကြောင်း သာကေတ ဒေသခံများက တညီတညွတ်တည်း ပြောကြားသည်။
ယင်းမွတ် စလင် လူငယ်များ၏ အစ္စလာမ် ဘာသာရေး စာသင်ကျောင်း ကို လွန်ခဲ့သော တစ်နှစ်ခန့်က ဗလီ အဖြစ် ဆောက်လုပ်ရန် ကြိုးပမ်းသော်လည်း ဒေသခံ ပြည်သူများ၏ ဝိုင်းဝန်း ကန့်ကွက်မှု ကြောင့် ပျက်ပြယ် သွားကြောင်း၊ ယခု ဆောက်လုပ်မှုတွင် စည်ပင်သာယာ၏ ခွင့်ပြုချက် အရ ဆောက်လုပ်ခြင်း မဟုတ်ကြောင်း သာကေတ မြို့နယ် ရန်ပြေ ၁၈ လမ်းနှင့် ၁၉ လမ်းနေ ပြည်သူများ ထံမှ ဖေဖော်ဝါရီ ၁၇ ရက်နေ့ ကနဦး စုံစမ်းမှု အရ သိရသည်။

“တရားပွဲ လုပ်ရင်တောင် ခွင့်ပြုချက် တောင်းရပြီး သူတို့ ဗလီဆောက်တော့မှ ခွင့်ပြုချက်မရှိ ဘဲ ဆောက်နေ တာ” ဟု သာကေတနေ ပြည်သူ တစ်ဦးကဆိုသည်။

လူအုပ်စုကြီးသည် ဆောက်လုပ်ဆဲ ဗလီအား ဖျက်သိမ်းပေးရန် တောင်းဆို နေကြပြီး ရပ်ကွက်လူကြီး များနှင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ ထိန်းသိမ်းရန် ကြိုးစားလျက်ရှိရာ သုံးရက်အတွင်း ဖျက်ပေးရန် ညှိုနှိုင်း နေသည်ဟု ဒေသခံများ ထံမှ သိရသည်။

ပဋိပက္ခ ဖြစ်ပွားရာ အဆောက်အဦးကို ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၏ ခွင့်ပြု ချက်ဖြင့် ဆောက် လုပ်ခဲ့ခြင်း ဖြစ်ကြောင်း၊ ဗလီ မဟုတ်ကြောင်း၊ ဘာသာရေး စာသင်ကျောင်းသာ ဖြစ်ပြီး အမိုးပြင်နေခြင်းသာ ဖြစ်ကြောင်း အဆောက်အဦး ပိုင်ရှင် ဦးသန်းတင်က The Voice Weekly သို့ ပြော ကြား သည်။

ယခုအချိန်တွင် သာကတ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသိန်းမင်းက အဆောက်အဦးကို ဖျက်ခိုင်းရန် ခံဝန် ထိုးခိုင်းကြောင်း၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ လက်ထောက် ဌာနမှူး ဦးငွေစိုးသောင်း က ယနေ့ ဖေဖော်ဝါရီလ ၁၇ ရက်နေ့ တွင်ပင် ယင်းအဆောက်အဦး ကို အပြီး ဖျက်ခိုင်းနေကြောင်း ယင်း အဆောက်အဦး၏ ပိုင်ရှင်ဖြစ်သူ မြန်မာ-မွတ်စလင် အမျိုးသားရေး အဖွဲ့ ဥက္ကဌ ဖြစ်သူ ဦးသန်းတင်က The Voice Weekly သို့ ဖေဖော်ဝါရီလ ၁၇ ရက်နေ့ ညနေ ၄ နာရီခွဲတွင် ပြောကြားသည်။

ယင်းဗလီကို ဖေဖော်ဝါရီလ ၁၄ ရက်နေ့မှ စတင်ကာ ဆောက်လုပ်မှု ရပ်နားထားရန် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီက ညွှန်ကြား ခဲ့သော်လည်း လူမမြင်အောင် အကာများ ကာ၍ ညဘက်တွင် ခိုးဆောက်နေသည်ဟု ကြားသိရကြောင်း၊ အဆောက်အဦး ဆောက်ရန် တင်ပြရာတွင် စာသင်ကျောင်း အဖြစ် တင်ပြ ခဲ့သော်လည်း စာသင်ကျောင်း အမည်ခံ ဗလီအဖြစ် အမြင့်နှင့် မြေနေရာ အကျယ်အဝန်းကို လိုသည်ထက် ပိုယူထားကြောင်း အမှတ် ၃ရပ်ကွက် အုပ်ချုပ်ရေးမှူး ၏ ပြောစကားကို ကိုးကား၍ ဆရာတော် ဦးဝီရသူက ပြောကြားသည်။

“ဟုတ်တယ်၊ ညဘက်မှာ ခိုးဆောက်နေတဲ့ ဗလီတွေ ရှိတယ်။ အထဲမှာ မြေအောက်ခန်းတွေ၊ ကျင်းတွေနဲ့ စစ်စခန်း တစ်ခုလို ဆောက်နေတဲ့ ဗလီတွေ မြန်မာနိုင်ငံမှာ အများကြီး ရှိတယ်” ဟု ၎င်းက ဆိုသည်။

ယနေ့ ဖေဖော်ဝါရီ ၁၇ ရက်နေ့ မနက် ၁၁ နာရီ ခန့်မှ စတင်ကာ ပဋိပက္ခများ စတင် ဖြစ်ပွားခဲ့ပြီး မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ ရဲကား သုံးစီးနှင့် အတူ ရဲတပ်ဖွဲ့ဝင် အင်အား သုံးဆယ် ခန့်က ပဋိပက္ခ တွင် ပါဝင်သူ များကို လူစုခွဲရန် ကြိုးစားသော်လည်း ယခု သတင်းရေးသားချိန် မွန်းလွဲ ၄နာရီခွဲ အထိ လူစု မကွဲသေးကြောင်း အဆို ပါ နေရာသို ရောက်ရှိ နေသူ သတင်းထောက်များ ထံမှ သိရသည်။

The Voice Weekly

-------------------------------------------------------------- 
ရာဇာဓိ ရာဇာ
လက်ရှိ သာကေတ က ပြဿနာ ရင်းမြစ်ကို မှန်းကြည့်ရာမှာ မူလ အဆောက်အဦး ကတော့ ကိုရမ် ကို အာရဗီ လို သင်တဲ့ ကျောင်း (မဒရက်ဆာ) ဖြစ်ပုံရပါတယ်။ သက်ဆိုင်ရာကို ရေအပြည့်အဝ လောင်းပြီး တရား ဝင် ဖွင့်ထားတဲ့ ပုံပါ။ အရင်ကတော့ မြန်မာများတဲ့ ရပ်ကွက်မှာ ဆိုတော့ လူနေအိမ်လိုလို ကျူရှင် လိုလိုနဲ့ လုပ်ပြီး မသိမသာ ခပ်ကုပ်ကုပ်နဲ့ လုပ်ခဲ့ မယ် ထင်ပါတယ်။

အခုဟာက ခေါင်မိုးပြင်မယ်ဆိုပြီး ထပ်ခိုးတင်တာ ဒါမှမဟုတ် နှစ်ထပ် ဖြစ်အောင် ကြံတဲ့ သဘော ရှိပါ တယ်။ အခုလို ပွင့်လင်းမြင်သာ လာတဲ့ အချိန် ပြည်သူတွေ အသိအမြင် နိုးကြားလာတဲ့ အချိန် မှာ ဒီကိစ္စ ဟာ ထိပ်တိုက် ပဋိပက္ခ အနေနဲ့ ဖြစ်လာတာ ဖြစ်နိုင်ပါတယ်။

ဒီပြဿနာဟာ နေရာကွက် ပြီး ဖြစ်တဲ့ ပုံစံ မဟုတ်ဘဲ တစ်နိုင်ငံလုံး အတိုင်း အတာနဲ့ ဖြစ်နေပြီ လို့ ယူဆ ရပါတယ်။ဘာဘဲဖြစ်ဖြစ်ဥပဒေနဲ့ အညီ အရေးယူ သွားရမှာ ဖြစ်ပြီး အထောက်အထား ခိုင်လုံခဲ့ရင် တာဝန် ပျက် ကွက်တဲ့ အာဏာပိုင်တွေကိုပါ အရေးယူရမှာ ဖြစ်ပါတယ်။

အဲ... အကြမ်းဖက်တာမျိုး ကို တော့ လုံးဝ မလုပ်သင့်ပါဘူး။ အကယ်၍ ပြည်သူတွေ အနေနဲ့ ဒါမျိုးကို မနှစ်ခြိုက်ရင် ကျောင်းရှေ့မှာ ဆိုင်းဘုတ်တပ် ဆန္ဒပြ တာမျိုး ကို ငြိမ်းချမ်းစွာ ပြုလုပ်သင့်ပါတယ်။

အာဏာပိုင်များ အနေနဲ့ လည်း ရေရှည် လုံခြုံရေးကို စဉ်းစားပြီး ဒီလိုကျောင်းမျိုးတွေကို ထိလွယ်ရှ လွယ် တဲ့ နေရာမျိုးတွေ က နေ ရွှေ့ပြောင်း ပေးတာမျိုး၊ ပဋိပက္ခဖြစ်နိုင် တဲ့ နေရာ မျိုးတွေ မှာ ကျောင်းဆောက် ခွင့် မပြုတာမျိုး စတာတွေကို တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ဆောင်ရွက်သွားဖို့ လိုလာပါပြီ။ အင်ဒိုနီးရှား၊ မလေးရှား စတဲ့ နိုင်ငံတွေမှာလည်း အလားတူ ပြဿနာတွေကို ဒီလိုဘဲ ဖြေရှင်း သွားကြတာပါဘဲ။ သတိ ချပ်စေ ချင်ပါတယ်။ 
------------------------------------------------------------- 
Kay Te Zat O သာကေတမြို့နယ် အတွင်းရှိ ဖြစ်ပွားနေသော အဖြစ်အပျက်သတင်း
==============================

========
ရန်ကုန်တိုင်း ဒေသကြီး သာကေတမြို့နယ် မာပြေ ၁၈လမ်းနှင့် ၁၉ လမ်းကြား၊ အမှတ် (၁၁၂၈) အမှတ် (၃) အစ္စလာမ် ဘာသာရေး စာသင်ကျောင်း အမိုးပြုပြင်ခြင်းနှင့် ပတ်သက်၍ တိုင်းဒေသကြီး အစိုးရအ ဖွဲ့နှင့် တိုင်းသာသနာရေး ဦးစီးဌာနတို့၏ ခွင့်ပြုချက်ဖြင့် အမိုးပြုပြင်နေစဉ် ရပ်ကွက်အတွင်းမှ လူတစ် ချို့ ရောက်ရှိလာပြီး ကျောင်းဆိုင်းဘုတ်နှင့် ခြံစည်းရိုးတို့ကို ရိုက်ချိုးဖျက်ဆီးခဲ့ပါသည်။ ထို့နောက် သတင်းထောက် တစ်ဦးနှင့် အစ္စလာမ် သာသနာရေးရာ ကောင်စီဌာနချုပ် မှ တာဝန်ရှိ ပုဂ္ဂိုလ် နှစ်ဦး အား လူ (၅) ဦးခန့်က ၀ိုင်းဝန်း ထိုးကြိတ်၍ လက်ကိုင်ဖုန်းများကို အကြမ်းဖက် လုယူခဲ့ကြသောကြောင့် ဒဏ်ရာ အနည်းငယ် ရရှိခဲ့ပါသည်။


ပြည်တွင်း သတင်းဂျာနယ် အချို့၏ Facebook စာမျက်နှာများတွင် ဖော်ပြထားကြသလို ဗလီ ဆောက် လုပ်နေခြင်း ဖြစ်သည် ဟုဖော်ပြ ကြသည်မှာ လုံးဝမဟုတ်မှန်ဘဲ ပဋိပက္ခတွေ ဖြစ်ပွားအောင် ကြီး ထွားအောင် ဖန်တီးနေကြခြင်းသာဖြစ်သည်။ ထို ဘာသာရေး စာသင်ကျောင်းမှာ အစ္စလာမ်ဘာသာဝင် ကလေး သူငယ်များကို အခြေခံ ဘာသာရေးပညာ သင်ကြားပေးနေသော ဘာသာရေး စာသင်ကျောင်း တကျောင်း ဖြစ်ပါတယ်။

ဟောင်းနွမ်း အိုမင်းနေသောကြောင့် အမိုးများပြုပြင်ရန် တိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် တိုင်းသာသနာရေး ဦးစီးဌာနတို့၏ ခွင့်ပြုမိန့်အရ ဆောင်ရွက်နေခဲ့ကြောင်း သိရှိရပါတယ်။ ဥပဒေပြင်ပမှ လုပ်ကိုင်ဆောင် ရွက်ခြင်း မျိုး ဘာတစ်ခုမှ မရှိကြောင်း သာကေတမြို့နယ်နေ သူတစ်ဦးက ပြောကြားခဲ့ပါတယ်။

ယင်းကဲ့သို့ ခွင့်ပြုမိန့်အရ ဆောင်ရွက်နေဆဲ အာဏာပိုင်များမှလည်း ခွင့်ပြုမိန့်ပေးထားသော အမိန့်ကို ပယ် ဖျက်၍ ကျောင်းအမိုးကို ပြန်လည်ဖျက်ပေးရန် ညွှန်ကြား၍ လာခဲ့ပါသည်။ ထို ညွှန်ကြားချက်ကို (၁၇ ရက်၊ ဖေဖေါ်ဝါရီလ၊ ၂၀၁၃) တနင်္ဂနွေနေ့၊ နေ့စွဲဖြင့် အစိုးရရုံးပိတ်ရက်တွင် ထုတ်ပြန် ထားတာ ကို တွေ့ရှိ ရပါတယ်။

by: mm.net




ရန်ကုန်၊ ဖေဖော်ဝါရီ၊ ၁၈။ ယနေ့ နေ့လည်တွင် ရန်ကုန်မြို့၊ သာကေတမြို့နယ်၊ အမှတ်(၃)ရပ်ကွက်၊ မာန်ပြေ (၁၉)လမ်း အနောက်ရှိ အဆောက်အဦးတစ်ခုအား ရပ်ကွက်နေပြည်သူများမှ သဘောမ တူသောကြာင့် မွန်းလွဲ၂နာရီမှ ၆နာရီအတွင်း တာဝန်ရှိသူများက ဖျက်ဆီးလိုက်ကြကြောင်း ယင်း အဆောက် အဦး၏ ဂေါပကဥက္ကဌ ဦးလှရွှေက မြန်မာ့ခေတ်သို့ ပြောကြားသည်။ အဆိုပါ အဆောက် အဦးအား ဆောက်လုပ်ရာတွင် စည်ပင်ဌာန၏ ခွင့်ပြုချက်ဖြင့်လွဲနေခြင်း၊ ဘာသာရေး စာသင်ကြောင်း အဖြစ် ပြင်ဆင်သော်လည်း ဝတ်ပြုကျောင်းအဖြစ် အသုံးပြုခြင်းစသော အချက်များကြောင့် ရပ်ကွက်နေပြည် သူများက အပြင်းအထန် ကန့်ကွက်ကြခြင်း ဖြစ်သည်ဟု သာကေတမြို့နယ် NLDမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။ 

ယင်းအဆောက်အဦး ယခုကဲ့သို့ ဖြစ်လာခြင်းသည် အနီးရှိ ရပ်ကွက်နေသူများပင် သတိမထားလိုက်မိကြောင်း အမိုးပြင်သည်ဟု သိကြသော်လည်း အသင့်ပြုလုပ်ပြီး သံချည်သံကွေး ပစ္စည်းများအား အဆောက်အဦးအောက်၌ စနစ်တကျ သိုလှောင်သိမ်းစည်း၍ ဆောက်လုပ်နေကြကြောင်း ၊ညပိုင်း၌ပင် ဆောက်လုပ်ကြခြင်းဖြစ်၍ စည်ပင်မှ အမိုးပြင်ရုံသာခွင့်ပြုသော်လည်း ဝတ်ပြုကျောင်းဆောင်ကြီး အဖြစ်ပေါ်ပေါက်လာခြင်း ဖြစ်ကြာင်း ယင်း၁၉လမ်းတွင်နေထိုင်သူ တစ်ဦး ကပြောကြား သည်။ ၎င်းအဆောက်အဦးအား သာသနာရေးဝန်ကြီး ဌာနမှ ၁၃.၂.၂၀၀၁ တွင် စာအမှတ် ၁၀၀.၆.၄/ဝတရ ဖြင့်ခွင့်ပြုထားကြောင်း၊ ပိုင်ရှင်ဦးတင်သန်းမှ လှူဒါန်းထားခြင်းဖြစ်ကြောင်း မှတ်တမ်းတင်ထားသည်ကိုလည်း တွေ့ရသည်။

ထို့အပြင် စည်ပင်ဌာနမှ ၁လပိုင်းမှ ၉လပိုင်း၎ရက်နေ့အထိ ပြင်ဆင်ခွင့်ပြုထားသော အထောက် အထားများ ရှိကြောင်း၊ ဘာသာရေး စာသင်ကြာင်းအဖြစ် ဆောက်လုပ်ခြင်း ဖြစ်ကြောင်း ယင်းအဆောက် အဦး ဂေါပကတစ်ဦးက ပြောကြားသည်။ ထိုအဆောက်အဦးအား မဆောက်လုပ်ရန် စစ်အစိုးရ လက်ထက် ကပင် အကြိမ်ကြိမ် ကန့်ကွက်ခဲ့ကြကြောင်း၊ ဗိုလ်ချုပ်ခင်ညွန့် လက်ထက်ကပင် ချိပ်ပိတ်ထားသော အဆောက် ဦးဖြစ်ကြောင်း၊ သို့သော် နောက်ပိုင်းတွင် မည်သို့ပြန်လည် ခွင့်ပြု လိုက်ခြင်းဖြစ်ကြောင်းကို မသိကြကြောင်း ထိုအဆောက်အဦးအား ကန့်ကွက်ခဲ့ကြသူများထံမှ သိရသည်။ ၎င်းအဆောက်အဦးတွင် ကျောင်းသား၊ကျောင်းသူကလေးများ ဆယ်ဦးခန့်စာသင်ကြားလျက်ရှိသည်ဟု ယင်း၁၉လမ်းတွင် နေထိုင် သူများထံမှ သိရသော်လည်း ဂေါပကဥက္ကဌ ဦးလှရွှေပြောကြား ရာတွင် ကျောင်း သား/သူ၂၀၀ကျော်အား နွေရာ သီ ကျောင်းပိတ်ရက်များတွင် ဘာသာရေး စာပေများ သင်ကြားလျက်ရှိ သည်ဟု ပြောကြားသည်။ ထိုသို့ကန့် ကွက်မှုများသည် ယနေ့နေ့လည် ၁၁နာရီခန့်တွင် စတင် ဖြစ်ပွား ခဲ့ပြီး နေ့လည်၂နာရီမှစတင်၍ အဆောက်အဦးအား မြို့ယ်နယ်၊ ခရိုင်၊ တိုင်းရဲမှူးများ၏ရှေ့မှောက်တွင် စည်ပင်ဝန်ထမ်းများက ဖျက်သိမ်းလိုက်ရာ ညနေ၆နာရီတွင် ပြီးစီးသွားကြာင်း သိရသည်။

အောင်သိုက် ဓာတ်ပုံ - သီဟ 



လင်္ကာမှ ကောက်နှုတ် ဖော်ပြသည်။

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်