Monday, February 18, 2013

နိုင်ငံခြားသား ၇ ယောက် နိုင်ဂျီးရီးယားမှာ ပြန်ပေးဆွဲခံရ

Posted by drmyochit Monday, February 18, 2013, under | No comments

နိုင်ဂျီးရီး ယားနိုင်ငံမြောက် ပိုင်းက လက်ဘနွန် လူမျိုး တယောက် ပိုင်ဆိုင်တဲ့ ဆောက်လုပ်ရေး ကုမ္ပ ဏီ ဝန်းထဲကို သေနတ်သမားတွေ ဝင်ရောက် ခဲ့ပြီး လုံခြုံရေး အစောင့် တယောက်ကို သတ်ကာ နိုင်ငံခြား အလုပ်သမား ၇ ယောက်ကို ဖမ်းဆီးခေါ် သွားပါ တယ်။ Bauchi ပြည်နယ် Jama'are မြို့မှာရှိတဲ့ Setraco ကုမ္ပဏီဝန်းထဲကို သေနတ် သမားတွေ ဝင်ရောက် စီးနင်းပြီး အလုပ် သမားတွေ ကို ပြန်ပေးဆွဲသွားတာလို့ ရဲက ပြောပါတယ်။ 

ဖမ်းဆီးခေါ်ဆောင်ခံသွားရသူတွေထဲမှာ ဗြိတိန်၊ အီတလီ၊ ဂရိတို့အပြင် လက်ဘနွန်လူမျိုး ၄ ယောက် ပါဝင်တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။ စနေနေ့ညဘက် ၉ နာရီလောက်တုန်းကလည်း အကျဉ်းထောင် တခုနဲ့ ရဲစခန်းတခုကို အဲဒီသေနတ်သမားတွေပဲ ဝင်ရောက်တိုက်ခိုက်ခဲ့ပေမဲ့ လုံခြုံရေးတွေက တိုက်ထုတ်နိုင်ခဲ့တယ်လို့ Bauchi ပြည်နယ်ရဲတပ်ဖွဲ့ ပြောခွင့်ရသူက ပြောပါတယ်။ 

သေနတ် သမားတွေ ဖမ်းဆီးသွားသူတွေဟာ အဲဒီဒေသထဲက လမ်းတခုကိုဖောက်ပေးနေတဲ့ အလုပ် သမားတွေ ဖြစ်ကြ ပါတယ်၊ အခုအချိန်အထိတော့ တိုက်ခိုက်ပြန်ပေးဆွဲတာ ဘယ်အဖွဲ့ ကလဲ ဆိုတာ မသိရသေးပါဘူး။

VOA
ဖေဖော်ဝါရီ ၁၇

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်