ကိုလမ္ဘို၊ ဖေဖေါ်ဝါရီ ၁၇ ။
သီရိလင်္ကာရေတပ်သည် နိုင်ငံ၏ အရှေ့ ဘက် ကမ်းခြေ ပင်လယ်တွင်း၌ မျောပါနေသော မြန် မာနိုင် ငံသား ၃၈ ဦးအားယမန်နေ့က ကယ်တင် ခဲ့ကြောင်း သိရသည်။
ယခုတစ်ကြိမ်မှာ ပြီးခဲ့သည့် ရက်သတ္တပတ် များအ တွင်းမြန် မာနိုင်ငံသားအချို့အား သီရိ လင်္ကာရေ တပ်က ကယ်တင် အပြီးတွင် ဒုတိယအကြိမ် ထပ်မံကယ် တင်ရခြင်း ဖြစ်သည်။
ရေတပ်အာဏာပိုင်များသည် လှေငယ်တစ်စင်းနှင့် အတူ နိုင်ငံအရှေ့ဘက်ကမ်းရိုးတန်းမှ မိုင် ၂၅၀ (ကီလို
မီတာ ၄၅၀) အကွာတွင် မျောပါနေ သော လူ၃၈ ဦးကို ကယ်တင်ခဲ့ခြင်း ဖြစ်သည်။
ကယ်တင်ခဲ့သူများမှ လေးဦးမှာ ရေဓါတ်ခန်းခြောက်သည့်ဝေဒနာခံစားနေရ၍ အရေးပေါ်ကုသမှုပေးထားပြီး ကျန်သူများကို တောင်ပိုင်း ဆိပ် ကမ်းမြို့ ဂါလေသို့ ပို့ဆောင်ထားကြောင်း သိရသည်။
သီရိလင်္ကာရေတပ်သည် ပထမအကြိမ်အနေဖြင့် ပြီးခဲ့သော နှစ်ပတ်ကာလ၊ဖေဖေါ်ဝါရီ ၃ ရက်နေ့က နစ်မြုပ်စပြုနေသော သင်္ဘောတစ်စင်း ပေါ်မှ မြန်မာနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၁၃၈ ကိုကယ်တင်ခဲ့ဖူးပြီး ထိုစဉ်က ခရီးသည်တစ်ဦးမှာမူ ကယ်ဆယ်ရေးအဖွဲ့မရောက်ခင်သေဆုံးခဲ့သည်။
ထိုစဉ်က ကယ်တင်ခဲ့သော မြန်မာနိုင်ငံသားများမှာ ရိုဟင်ဂျာဟု ခေါ်သည့်လူမျိုးများ ဟုတ်၊မဟုတ်ကိုမူ
ရှင်းလင်းစွာ မသိရကြောင်း သီရိ လင်္ကာ အာဏာပိုင် များက ပြောကြားခဲ့သည်။
The Myanmar Age
Time in Rangoon


0 comments:
Post a Comment