Monday, February 18, 2013

ပေါက်ခေါင်းမြို့က မီးလောင်မှုဖြစ်စဉ်

Posted by drmyochit Monday, February 18, 2013, under | No comments


ပဲခူးတိုင်းဒေသကြီး၊ ပြည်ခ ရိုင်၊ ပေါက်ခေါင်း မြို့၊ အမှတ် (၃) ရပ်ကွက်၊ ပြည်-ပေါက်ခေါင်း- တောင်ငူ လမ်းတွင် မီးလောင်မှုတစ် ခုဖြစ်ပွား ခဲ့ကြောင်း သတင်းရရှိ သည်။
ဖြစ်စဉ်မှာ (၁၅.၂.၂၀၁၃) ရက် ညနေ (၄) နာရီ မိနစ် (၂၀) အချိန်ခန့်က ပေါက်ခေါင်းမြို့၊ အမှတ် (၃) ရပ်ကွက်၊ ပြည်၊ ပေါက်ခေါင်း၊ တောင်ငူ လမ်းတွင် မီးလောင် မှုဖြစ်ပွား နေကြောင်း သတင်း အရပေါက်ခေါင်း မြို့နယ် မီးသတ် ဦးစီးဌာနမှ မီးသတ် ယာဉ် (၃) ဦး၊ ပေါက်ခေါင်း မြို့နယ် စည်ပင် သာယာ ဦးစီး ဌာန မီးသတ် ယာဉ် (၁) စီး၊ ပေါင်းတလည်အရန် မီးသတ်မှ မီးသတ်ယာဉ် (၁) စီး ဖြင့် ပူးပေါင်းကာ အနီးအနားရှိ ပြည်သူလူထု (၇၀၀) ဦးခန့်၊ အရန်မီးသတ်တပ်ဖွဲ့ဝင် (၂၃) ဦး၊ တပ်မတော်သား (၃၀) ဦး၊ ရဲတပ် ဖွဲ့ဝင် (၃၅) ဦး၊ စုစုပေါင်း (၈၀၀) ဦးခန့်ဖြင့် ၀ိုင်းဝန်းမီးငြိမ်းသတ်ခဲ့ ကြရာ ညနေ (၄) နာရီ (၄၅) မိနစ်အချိန်ခန့်တွင် မီးညွန့်ကျိုးခဲ့ ပြီး ညနေ (၅) နာရီ (၁၀) မိနစ် အချိန်တွင် မီးငြှိမ်းသတ်နိုင်ခဲ့ကြ သည်။

မီးလောင် ကျွမ်းမှုဖြစ်ပွားရ ခြင်းမှာ ဦးမောင်မောင် (ခ) ဦးသန်းဦး (၆၂) နှစ်၊ ဟိန်း မိတ္တူ လုပ်ငန်းနေ အိမ်တွင် မီးပျက်၍ မီးစက်ဖြင့် မိတ္တူ လုပ်ငန်းဆောင် ရွက်နေစဉ်နေအိမ်ပေါ်ထပ်မှ ၀ါယာရှော့ခ်ဖြစ်၍ မီးလောင် ကျွမ်း ခဲ့ကြောင်း သိရသည်။

အဆိုပါ မီးလောင်မှုဖြစ်စဉ် ကြောင့် စုစုပေါင်း (၂၅) သိန်းခန့် ဆုံးရှုံးသွားခဲ့ကြောင်း (၁၀) ဦး အိုးမဲ့ အိမ်မဲ့ဖြစ် ပွားခဲ့ကြောင်းနှင့် လူ/ တိရစ္ဆာန်အသေအပျောက် မရှိကြောင်း သိရှိရ၏။

မီးလောင်မှုဖြစ်စဉ်အား အရေးယူပေးပါရန် မီးသတ်တက ကတင်အောင်မိုးက တရားလိုပြု လုပ်တိုင်ကြား သဖြင့်ပေါက်ခေါင်း ရဲစခန်း (ပ) ၄၅/၁၃၊ ပြစ်မှုပုဒ်မ ၂၈၅ ဖြင့် အမှုရေးဖွင့်ဆောင်ရွက် လျက်ရှိကြောင်း သတင်းရရှိသည်။

မိုးမခ(ပြည်)

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်