Monday, February 18, 2013

မြန်မာကုန်တင်သင်္ဘော ဖိလစ်ပိုင်တွင် နစ်မြုပ်မှုကြောင့် သင်္ဘောသား ၁၄ ဦး ပျောက်ဆုံးနေ

Posted by drmyochit Monday, February 18, 2013, under | No comments

ဖိလစ်ပိုင်နိုင်ငံ မြောက်ပိုင်းကမ်းလွန် ပင်လယ်ရေပြင်တွင် မြန်မာအလံတင် ကုန်တင်သင်္ဘောတစ်စင်း နစ်မြုပ် မှုကြောင့် တစ်ဦးသေဆုံးပြီး မြန်မာသင်္ဘောသား ၁၄ ဦးပျောက်ဆုံးနေကြောင်း ဖိလစ်ပိုင် ကမ်းရိုး တန်းစောင့် တပ်ဖွဲ့အရာရှိတစ်ဦးက ဖေဖော်ဝါရီလ ၁၇ ရက်နေ့တွင် ပြောကြားလိုက်သည်။ 

MV Arita Bauxite ကုန်တင်သင်္ဘောသည် ဖေဖော်ဝါရီလ ၁၇ ရက် နေ့ အရုဏ်မတက်မီက ဖိလစ်ပိုင် ကမ်းရိုးတန်း ဘိုလီနာအိုမြို့ အနီးတွင် နစ်မြုပ်နစ်ခဲ့ခြင်းဖြစ်ကြောင်း ရေတပ်အရာရှိ အာမန်ဘာလီလိုက ပြောကြား ခဲ့သည်။ 

သင်္ဘောသား ၂၄ ဦးပါသည့် အဆိုပါသင်္ဘောသည် အင်ဂျင်ချို့ယွင်းမှု ဖြစ်ပွားခဲ့သော်လည်း မည်သည့် အတွက်ကြောင့် နစ်မြုပ်ခဲ့ရသည်ကို ရှင်းလင်းစွာ မသိရှိရသေးကြောင်း ဘာလီလိုက ပြောကြားခဲ့သည်။ 

ဖြတ်သန်းသွားသည့် တရုတ်သင်္ဘောတစ်စင်းက သေဆုံးသွားသူ တစ်ဦးနှင့် အသက်ရှင်ကျန်ရစ်သူ ကိုးဦး တို့ကို ဆယ်ယူကယ်တင်ခဲ့ခြင်းဖြစ်သည်။ 

''ရာသီဥတုကလည်း အဲဒီအချိန်မှာ ကောင်းနေပါတယ်။ ဘာကြောင့် ဒီလိုဖြစ်ခဲ့ရတယ် ဆိုတာကိုတော့ သင်္ဘော သားတွေကို မမေးရသေးပါဘူး'' ဟု ဘာလီလိုက ပြောကြားခဲ့သည်။ 

ယခုအခါ ပျောက်ဆုံးနေသည့် သင်္ဘောသားများကို ရှာဖွေရန်အတွက် ကမ်းရိုးတန်းစောင့် တပ်ဖွဲ့မှ ရဟတ်ယာဉ် တစ်စင်းနှင့် သင်္ဘောတစ်စင်းကို စေလွှတ်ထားကြောင်း ၎င်းက ပြော ကြားခဲ့သည်။ 

Ref:AFP
From :Eleven Media Group

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်