Thursday, December 13, 2012

ကသာမြို့နယ်အတွင်း မိန်းမပျိုများ အကြောင်းမဲ့ ပျောက်ဆုံးလျှက်ရှိ(ပေးစာ - ၂၂၁)

Posted by drmyochit Thursday, December 13, 2012, under | No comments


From : ဟာဂျူလီ ကသာ 

ကသာမြို့ အမှတ်(၉)ရပ်ကွက်နေ မမေသက်ဇွန်သည် ၁၂၊၁၁၊၁၂ရက်နေ့ မနက်က အကြောင်းမဲ့ ပျောက်ဆုံး သွားခဲ့ပါသည်၊ထိုမိန်းကလေးမှာ အသက်၂၄နှစ်ရှိပြီဖြစ်ပြီး စက်ချုပ်မှုအလုပ်လုပ် ကိုင်သူဖြစ် ကြောင်း ၄င်း၏ မိခင် ဖြစ်သူ ဒေါ်ခင်နန်းမြင့်မှ ကျွန်တော့်ထံ ဆက်သွယ် ပြောဆိုခဲ့ပါသည်၊ “ကျွန်မ သမီးလေးက ကျွန်မနဲ့ အတူနေလို့ ရည်းစား မရှိတာ ကျွန်မ သိပါတယ်၊ တကယ်လို့ ရည်းစားနောက် လိုက်သွားရင်လည်း အခုဆို (၁)လရှိ နေပါပြီ၊ သတင်းတစ်ခုခုတော့ ကြားရမှာပေါ့၊ အခုလို ရုတ်တရက် ဘာသတင်းမှ မကြားရဘဲ စုန်းစုန်းမြုတ် ပျောက်သွားတော့ ပိုစိတ်ပူ နေရ ပါတယ်၊ သမီးလေး ပျောက်သွား တဲ့နေ့က စက်ချုပ် ပစ္စည်းတွေ လည်း ပါသွားတယ်၊ သူ့ဆိုင်ကယ် ကိုလည်း ပေါင်သွားတယ်၊ သူဆိုင့်ကယ် သွားပေါင် တဲ့ မိတ်ဆွေက ပြောတာတော့ မေသက်ဇွန်ဆိုင် ကယ်လာပေါင်တဲ့ အချိန်မှာ ကသာမြို့ခံ မဟုတ်တဲ့ မျက်နှာစိမ်း တစ်ယောက်ပါ လာတယ်တဲ့၊ နောက်ပြီး ဗန်းမော်သွားတဲ့ ကားလမ်း၊ ငါးအိုးရွာမှာ လည်း မေသက်ဇွန်ကို အဲဒီ မိန်းကလေးနဲ့ပဲ တွေ့တဲ့သူ ရှိတယ်တဲ့၊ ဒီတော့ ကျွန်မတို့အနေနဲ့ လူကုန်ကူး ခံလိုက်ရပြီ လားလို့ တွေးမိပါတယ်”


ဒေါ်ခင်နန်းမြင့် ပြောခဲ့သည့် ဖြစ်စဉ်မျိုးမှာ ၂၀၁၀ခုနှစ်ကလည်း အင်းတော်မြို့တွင် ဖြစ်ဖူးခဲ့ပါသည်၊ မြို့ခံ မိန်းကလေး များကို ဆေးတိုက်ပြီး လူကြီးများ မသိအောင် အ၀တ် အစားယူ စေ၍ တရုတ်နိုင်ငံသို့ ခေါ်ဆောင် ရောင်းချခဲ့သည့် ဖြစ်စဉ်များဖြစ်ပါသည်၊ ထိုဖြစ်စဉ်အား ကျွန်တော်မှ ဖေါ်ထုတ်ရေးသားခဲ့ရာ လူကုန်ကူးခဲ့သည့် တရားခံ များအားလုံး ထောင်(၁၀)နှစ် ကျခံလိုက် ရပြီးဖြစ်ပါသည်၊ ယခု ပျောက်ဆုံး သွားသည့် ဖြစ်စဉ်မှာ ယခင် အင်းတော်မြို့တွင် ဖြစ်ပွားခဲ့သော ခြေရာ လက်ရာ အတိုင်း ဖြစ်နေ ပါသောကြောင့် မိခင်ဖြစ်သူ၏ စိုးရိမ်မှုမှာ အပြစ် ဆိုစရာ မရှိပါ၊ ထို ပျောက်ဆုံး သွားသော မိန်းကလေးနှင့် ပါတ်သက်၍ တွေ့ရှိသူများ၊ တွေ့မြင် သူများ ရှိပါက ကျွန်တော့်ထံ အွန်လိုင်းမှ တဆင့်(သို့မဟုတ်) ဖုန်း၀၉၆၄၆၈၄၅၅ သို့ ဆက်သွယ် ကူညီ ပေးနိုင်ရန် ရေးသားလိုက်ရပါသည်...

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်