Thursday, December 13, 2012

လက်ပံတောင်းတောင်ရှိ ပထမလယ်တီဆရာတော်ကြီး၏ ကျောင်းနှင့်စေတီတော်တို့အား အကောင်းဆုံး ဖြစ်အောင် ထိန်းသိမ်း ပေးမည်ဟု နိုင်ငံတော်သမ္မတ မုံရွာမြို့ရှိ ကျောင်းတိုက်များသို့ ပြန်ကြား

Posted by drmyochit Thursday, December 13, 2012, under | No comments



စစ်ကိုင်းတိုင်းဒေသကြီး ဆားလင်းကြီးမြို့နယ် လက်ပံတောင်းတောင် ကြေးနီစီမံကိန်းနယ်မြေတွင် တည် ရှိသော ပထမ လယ်တီ ဆရာတော်ကြီး၏ ကျောင်းနှင့်စေတီတော်တို့အား အကောင်းဆုံးဖြစ်အောင် ထိန်း သိမ်း ပေးမည် ဟု နိုင်ငံတော်သမ္မတက မုံရွာမြို့ရှိ ကျောင်းတိုက်များသို့ ပြန်ကြားခဲ့ကြောင်း သိရပါသည်။
ပထမ လယ်တီဆရာတော်ဘုရားကြီး သီတင်းသုံးနေထိုင်ခဲ့သော လက်ပံတောင်းတောင်ရှိ သာသနာ့ နယ်မြေ အား သမိုင်းမပျောက်စေရန် မေတ္တာရပ်ခံစာကို မုံရွာမြို့ရှိ ကျောင်းတိုက် ၁၀၀ ကျော်က လက်မှတ်ရေး ထိုး၍ နိုင်ငံတော် သမ္မတထံ အောက်တိုဘာလ ၃၀ ရက်နေ့က ပေးပို့ခြင်းဖြစ်ပြီး၊ ဒီဇင်ဘာလ ၁၂ ရက်နေ့ ၌ သံဃာ တော်များ ဆန္ဒပြနေစဉ် သက်ဆိုင်ရာ ကျောင်းတိုက်များသို့ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရ အဖွဲ့မှတစ်ဆင့် ပြန်ကြား စာများ ရောက်ရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။


အဆိုပါ ပြန်ကြား စာတွင် ထမလယ်တီဆရာတော်ဘုရားကြီး သီတင်းသုံးနေထိုင်ခဲ့သော လက်ပံတောင်း တောင်ရှိ သာသနာ့ နယ်မြေအား သမိုင်းမပျောက်စေရန် မေတ္တာရပ်ခံစာကို စစ်ကိုင်းတိုင်းဒေသကြီး အစိုးရ အဖွဲ့၊ ၀န်ကြီးချုပ်ထံမှတစ်ဆင့် နိုင်ငံတော်သမ္မတထံသို့ ဆက်လက်ပေးပို့ရာတွင် နိုင်ငံတော်သမ္မတက ''သီတင်း သုံးခဲ့သည့် ကျောင်းနှင့်စေတီတော်အား အကောင်းဆုံးဖြစ်အောင် ထိန်း သိမ်းပေးမည်''ဟု ပြန်ကြား ပါကြောင်း ပါရှိပါသည်။

ထိုသို့ ဆရာတော်ကြီးများ၏ မေတ္တာရပ်ခံစာကို အကြောင်းပြန်ကြားစာပေးပို့ခြင်းနှင့် ပတ်သတ်၍ လက်ပံ တောင်းတောင် အရေး အခင်းတွင် ဒဏ်ရာရခဲ့သော မုံရွာမြို့မှ မြို့မရွှေဂူတိုက်မှ သံဃာတော်တစ်ပါးက'' သီတင်းကျွတ် လပြည့် ပ၀ါရဏာပွဲမှာ မုံရွာက ကျောင်းတိုက်ပေါင်း တစ်ရာကျော်က လက်မှတ်ရေးထိုး တောင်း ဆိုခဲ့ တာကို အခုဒီနေ့ ဆန္ဒပြပွဲမှ လာပြီး ဆရာတော်ကြီးသီတင်းသုံးခဲ့တဲ့ ကျောင်းနဲ့စေတီတွေ အကောင်း ဆုံးဖြစ် အောင် ထိန်းသိမ်းမယ်ဆိုပြီး လျောက်ထားတော့ တစ်မျိုးဖြစ်နေတယ်။ အစက ဘာကြောင့် မလိုက် လျော ခဲ့တာလဲလို့ မေးချင်ပါတယ်။သံဃာတော်တွေကတော့ လက်ပံတောင်းတောင် က ဒေသခံလူ ထုရဲ့ဆန္ဒနဲ့ အညီ ဆန္ဒပြကြတာပဲ။ အခု တောင်းဆိုတာ တောင်းပန်ခိုင်းတာ'' ဟု မိန့်ကြား ခဲ့သည်။

ပထမလယ် တီဆရာတော်ကြီး သီတင်သုံးတော်မူခဲ့သည့် ကျောင်းနှင့် စေတီတော်တို့သည် မုံရွာခရိုင် ဆားလင်းကြီး မြို့နယ်ရှိ လက်ပံတောင်း တောင်မကြီးနှင့် တောင်အရန်၃၃ လုံးကြားတွင် တည်ရှိသည်။ နိုဝင် ဘာလ ၂၉ ရက်နေ့ (တန်ဆောင်မုန်းလပြည့်) နံနက် ၃ နာရီ ကျော်အချိန်က လက်ပံတောင်းတောင် ကြေးနီ စီမံကိန်းရှိ သပိတ်စခန်းများအား မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ အင်အားသုံး နှိမ်နင်းရာတွင် သံဃာတော် အများ စုနှင့် လူအင်အားတစ်ရာကျော် မီးလောင်ဒဏ်ရာများ ရရှိခဲ့ပြီး ဒီဇင်ဘာလ ၂ ရက်နေ့မှစ၍ မန္တလေး ဆေးရုံကြီးသို့ တက်ရောက် ကုသသည့် သံဃာတော်နှင့် လူနာ ၁၀၅ ဦးရှိခဲ့ကြောင်း သိရသည်။

အဆိုပါဖြစ်စဉ်များနှင့် ပတ်သက်၍ စစ်ကိုင်းတိုင်းဒေသကြီးရဲတပ်ဖွဲ့က သြ၀ါဒခံယူပွဲပြုလုပ်ခဲ့ပြီး၊ ဒီဇင်ဘာလ ၇ ရက်နေ့ တွင် သာသနာရေးဝန်ကြီးဌာနက ပြည်ထောင်စုအစိုးရအဖွဲ့ကိုယ်စား ပြန်လည်တောင်းပန် ခဲ့ သည်။
လက်ရှိတွင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည် ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်သော လက်ပံတောင်းတောင် စုံစမ်းစစ်ဆေးရေး ကော်မရှင်အဖွဲ့မှ အဆိုပါဖြစ်ရပ်များနှင့် ပတ်သက်၍ စုံစမ်း စစ်ဆေး ဆောင်ရွက် လျက်ရှိသည်။

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်