Thursday, December 13, 2012

၂၀၁၃ ခုနှစ်အတွင်း မြန်မာနိုင်ငံ၌ အထည်ချုပ်စက်ရုံ ၇၀၀ နီးပါး တိုးမြင့်လာနိုင်

Posted by drmyochit Thursday, December 13, 2012, under | No comments



From : MRTV4

လာမယ့် ၂၀၁၃ ခုနှစ်တွင် မြန်မာနိုင်ငံမှာ ကမ္ဘာ့ ဈေးကွက်ရဲ့ လိုအပ်ချက် အရ အထည်ချုပ် စက်ရုံ ၇၀၀ နီးပါး တိုးမြင့် လာနိုင်ဖွယ် ရှိတယ်လို့ မြန်မာနိုင်ငံ အထည်ချုပ် လုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူတစ်ဦးရဲ့ ပြောကြားချက် အရ သိရပါတယ်။ ဒီလို တိုးမြှင့် လာနိုင် ခြင်းမှာ အမေရိကန်နဲ့ EU နိုင်ငံများရဲ့ စီးပွားရေး ပိတ်ဆို့မှု များကို ဖယ်ရှားပေးလိုက်တဲ့အတွက် ဈေးကွက် လိုအပ်ချက် များအရ ပို့ကုန် များကို ယခင်ထက် ပိုမိုတင်ပို့ လာနိုင်မှာ ဖြစ်ပြီး ပြည်တွင်းမှာ စက်ရုံများ ပိုမို တည်ဆောက် လာနိုင်မှာ ဖြစ်ပါတယ်။ ယခု လက်ရှိမှာ မြန်မာ နိုင်ငံ အနေနဲ့ Export တင်ပို့တဲ့ အထည်ချူပ် စက်ရုံပေါင်း ၁၀၀ နီးပါးရှိတာ ဖြစ်ပါတယ်။


လာမယ့် နှစ်တွင် တိုးတက် လာနိုင်မယ့် အထည်ချုပ် စက်ရုံများဟာ ပြည်ပမှ လုပ်ငန်း ရှင်များ လာရောက် ရင်းနှီးမြှုပ်နှံတဲ့ စက်ရုံတွေ ပါဝင်သလို ပြည်တွင်း လုပ်ငန်းရှင် များမှလည်း ရင်းနှီးမြှုပ်နှံမှု များပြုလုပ် လာနိုင်တာဖြစ်ပါတယ်။ ဒါ့အပြင် CMP စနစ် အထည်ချုပ် စက်ရုံ များလည်း ပါဝင် နိုင်တယ်လို့ သိရပါတယ်။ ကမ္ဘာ့ အထည်ချုပ် လုပ်ငန်း ဈေးကွက်မှာ အမေရိကန် နိုင်ငံဟာ ၀ယ်လိုအား အများဆုံး နိုင်ငံဖြစ်ပြီး ယခုလက်ရှိမြန်မာနိုင်ငံမှ အမေရိကန် နိုင်ငံကိုပါ အထည်များ တင်ပို့ခွင့် ရတဲ့အတွက် အထည်ချုပ် စက်ရုံများကို တိုးချဲ့ တည်ဆောက် သင့်တယ် လို့လည်း အထည်ချုပ် အသင်းမှ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောကြား ချက်အရ သိရပါတယ်။

မြန်မာနိုင်ငံရှိ အထည်ချုပ်လုပ်ငန်းများက အထည်များကို ယခုလက်ရှိမှာ ဂျပန်နိုင်ငံကို အများဆုံး တင်ပို့မှု ရှိနေပြီး ၂၀၁၁ ခုနှစ်အတွင် ဂျပန်နိုင်ငံကို အမေရိကန်ဒေါ်လာသန်း ၃၀၀ ကျော်ဖိုးတင်ပို့မှုရှိခဲ့ကာ တရုတ်၊ ကိုရီးယား၊ ဥရောပနိုင်ငံများနဲ့ အမေရိကန်နိုင်ငံစတဲ့ နိုင်ငံများကိုလည်း တင်ပို့မှုရှိနေတယ် လို့ သိရ ပါတယ်။

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်