Thursday, December 13, 2012

"၁၂-၁၂-၁၂ တိုက်ပွဲမှ​သည် တကြော့ပြန် ခံရမည့် ပွဲမျိုးလား"

Posted by drmyochit Thursday, December 13, 2012, under | No comments


လက်ပံ တောင်းတောင် ကြေးနီစီမံ ကိန်းကို ချက်ချင်း ဖျက် သိမ်းရန် အတွက် လူထု ဆန္ဒပြပွဲ တနိုင်ငံလုံး
 ပြုလုပ် ကြဖို့ ကြွေးကြော် နေကြသည်။ လက်ပံ တောင်းတောင် ကျေးရွာ -၂၆- ရွာက ပတ်ဝန်းကျင် ကျေး ရွာများ၏ တောင်းဆို သံသည် ခုတော့ သင်္ဃာများကို မီးခိုး ဗုံးနှင့် ဖြိုခွဲခဲ့ ၍ အနာရင့် လာသည့် အခြေ အနေ မျိုး ဖြစ်လာသည် ။


အပ်နှင့် ထွင်ရမည့် အနာကို ခုတော့ဖြင့် ပေါက်ဆိန်နှင့် ထွင်းဖေါက် ပေါက်ခွဲရ မည့်ပြသနာ ဖြစ်လာပြီ။ ဆိုရလျှင် ပြည်သူတွေ မသိရှိ ခဲ့သော မြန်မာ့ စီးပွါးရေး ဦးပိုင် အခဏ်း ကဏ္ဍကို သိလာ ကြရသည်။ ၄င်းသည်ပင် ဤ ပေါက်ဆိန်နှင့် ဖြေရှင်း ရမည့် ပြသနာ ဖြစ်လာ ပါတော့သည်။
တရုပ်နိုင်ငံက ၀မ်ပေါင် ကုမဏီသည် ကနေဒါ နိုင်ငံက အိုင်ဗင်ဟို ကုမဏီနှင့် ဦးပိုင်တို့ ဖက်စပ် လုပ်မည့် လက်ပံ တောင်းတောင် ကြေးနီ စီမံကိန်းကို ဖျက်သိမ်းခဲ့ ပြီးနောက် အစား ၀င်လာသော ကုမဏီ ဖြစ်သည်။

ယင်းသို့ မြန်မာ့ ဦးပိုင်က အစားထိုး စာချုပ် ပြုလုပ်ခဲ့ ရသောကြောင့် ဦးတေဇမှာ ပွဲစားခ- မြန်မာငွေ သန်း( ၅၀ ) ရရှိခဲ့သည်ဟု သိရသည်။ 
ထို့ကြောင့် ယခု လက်ပံ တောင်းတောင် ကြေးနီ စီမံကိန်းသည် မည်ရွေ့ မည်မျှ လုပ်ပိုင်ခွင့် ရှိသည်ကို အကောင်းဆုံး သိရှိသူမှာ ပွဲစားကြီး ဖြစ်သည်။ ထို့ကြောင့် ဒေါ်အောင်ဆန်း စုကြည် ဦးဆောင်သော လက်ပံ တောင်းတောင် စုံစမ်း စစ်ဆေးရေး ကော်မရှင် အဖွဲ့သည် ပွဲစားကြီး ဦးတေ ဇအား စုံးစမ်း စစ်ဆေးပါက တိကျသော သတင်း အချက် အလက် များကို ရရှိမည် ဖြစ်သည်။

ဝမ်ပေါင် ကုမဏီသည် အမေရိကန် ဒေါ်လာ -၁- ဘီလီယံကို အရင်း စိုက်ကာ ဤ စီမံကိန်းကို ဆောင်ရွက်ခွင့် ရသည်။ ၄င်း စီမံကိန်းကို  နှစ် (၃၀ ) လုပ်ပိုင်ခွင့် ရသည်။ အကျိုး အမြတ်မှာ သူ့ ခမြာ တနှစ်လျှင် ( ၁၃.၈ ) သန်း ရရှိ ခံစား ရမည် ဖြစ်သည် ။

ဝမ်ပေါင် ကုမဏီသည် အရင်း စိုက်ပြီး မည်သည့် လုပ်ငန်းခွင်သုံး ပစ္စည်း ( အဆောက်အဦ ) နှင့် မည်သည့် စီမံကိန်း နယ်မြေ အနီး အနားမှာ လူထု များကို  ပေးလျှော်ခြင်း၊ ၀ယ်ယူခြင်းများကို ပေးရသည့် သူဖြစ်သည်။

 ဤကဲ့သို့ ပေးဆောင်ပြီး ဖြစ်ပါကြောင်း တရုတ် နိုင်ငံ ဆိုင်ရာ သံအမတ်ကြီး  မစ္စတာ လီကျွင်းဟွာက သတင်းစာ ရှင်းလင်း ပွဲမှာ တိကျစွာ ရှင်းလင်းပြော ဆိုခဲ့သည်။ မြန်မာအစိုးရသည် ဤစီမံကိန်းမှ နိုင်ငံတော် ကိုယ်စား အကျိုး အမြတ်ကို မြန်မာငွေ -၁၃.၈- သန်းအား တနှစ်လျှင် ရရှိမည် ဖြစ်သည်။

မြန်မာ နိုင်ငံတော်တွင် ပြုလုပ်သော စီမံကိန်း မျိုးဖြစ်၍ ရသော ငွေကြေးကြောင့် မြန်မာ နိုင်ငံသားတို့ လက်ခံ ကြေနပ် နိုင်သော အနေ အထား ဖြစ်ပါသည်။

ဝမ်ပေါင် စီမံကိန်းနှင့် ဖက်စပ် လုပ်သည် ဆိုသော မြန်မာ့ စီးပွါးရေး ဦးပိုင် ကုမဏီ ကလည်း တပြား တချပ်မျှ မထည့်ဝင် ရဘဲ မြန်မာငွေ  - ၁၃.၃ သန်းကို နာမည် ခံရုံနှင့် ရရှိ ခံစား ရပါ တော့သည်။ သို့ သော် စီမံကိန်း ၏အမြတ်ငွေ တရာတွင်  ( ၅၆.၁) သန်း ဆိုသော အမြတ်ငွေက ပျောက်နေ ပါတော့သည် ။

၎င်း ငွေကြေး အမြတ်ငွေကို မည်သူက ရရှိသွားသည်ကို တရုတ် သံအမတ်ကြီး မစ္စတာ လီကျွင်းဟွာက မရှင်းလင်းဘဲ နေခဲ့သည်။ သို့ ဆိုလျှင် မြန်မာအစိုးရသည်၎င်း ၊ ဦးပိုင်ကုမဏီသည်၎င်းအတူတူပင်ဖြစ်နေပြီး
 နောက်ထပ် အမေရိကန် ဒေါ်လာ ( ၅၆.၁) သန်း ကိုလည်း မြန်မာ အစိုးရမှ ရရှိ သွားပြီ ဆိုလျှင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေတို့ နေအိမ်မှ ထမင်းချက်တို့  ကားဒရိုင်ဘာတို့ မာလီတို့ အတွက်ပေးစရာငွေမရှိ၍ လွှတ်တော်မှ တောင်းခံသည် ဆိုခြင်းမှာ လူအများ ရယ်စရာ ဖြစ်နေ ပါတော့သည်။

သို့သော် ၀မ်ပေါင်ကုမဏီနှင့် ဦးပိုင်တို့ ဖက်စပ်လုပ်သည့် -၂၀၀၈-ခုနှစ်စာချုပ်အရဆိုလျှင် ယခုလက်ရှိ
သမ္မတ ဦးသိန်းစိန်၏ တာဝန်ရှိကြောင်း သိနိုင်ပါတော့သည် ။

 မည်သို ပင်ဆိုစေ လောလောဆယ်တွင် တနှစ် ပြည့်နေသော စီမံကိန်း လုပ်ငန်း အရမြန်မာ အစိုးရဘဲ ခေါ်ခေါ် ဦးပိုင်ဘဲ ခေါ်ခေါ် အမေရိကန် ဒေါ်လာ ( သန်း-၅၆-၁)သန်းကို စာရင်းပျောက် ကာ သူတို့  ရရှိခံစားနေကြပါပြီ။ ၄င်း ငွေကြေး ရရှိ ခံစား နေသူများသည် လက်ပံ တောင်းတောင် ကြေးနီ စီမံကိန်းကို
ဖျက်သိမ်း ပေးဖို့ မည်သို့မျှ လုပ်ချင်သည့် ဆန္ဒ ရှိမည် မဟုတ်။

ရဟန်း သင်္ဃာတော် တွေကို အကြမ်းဖက် လုပ်ကိုင်ခြင်းကို ကြည့်ရုံမျှ သိနိုင် ပါတော့သည်။  အခြားတဖက်မှာ တရုပ်နိုင်ငံကလည်း စီမံကိန်းနှင့် ဆက်စပ်နေသည့် ကျေးရွာများကိုလည်း နစ်နာကြေးများ ပေးချေထားပြီးဖြစ်သည်ဟု ပြောဆိုထားသည်။

 ယခုမှ မည်သို့ကြောင့် ဖြစ်လာသည် မသိတော့ပါ ဆိုပြီး တရုပ် သံအမတ်ကြီးက ညီးညူ ပြောဆို သွားသည်ကို တွေ့ရပါသည်။

ဤသို့ပြောဆိုခြင်းသည် နစ်နာကြေးများ လျော်ကြေးများ နည်းပါးနေသောကြောင့်ဖြစ်ပွါးလာသလို ထောက်ပြပြောဆိုခြင်းမျိုး ဖြစ်နေသည်။ စင်စစ်အားဖြင့် အငြိမ်းစားဗိုလ်ချုပ်မှူးကြီးများ နှင့်သမ္မတ ဦးသိန်းစိန် အပါအ၀င် အာဏာ လက်ကိုင် ထားသူ များသည် အမေရိကန် ဒေါ်လာ( ၆၇-သန်း) ခန့်ကို ဤစီမံကိန်းမှ ငွေကြေား တပြား တချပ်မျှ အရင်း မစိုက်ဘဲ ခံစား နေရခြင်း ဖြစ်သည်။

 လက်ပံ တောင်းတောင် ကြေးနီ စီမံကိန်း ဖျက်သိမ်း ရေးအတွက် ဆန္ဒပြပွဲဖြို ခွင်းမှုသည် ဤစစ် အာဏာ ရှင်များကို အကာ အကွယ် ပေးထားခြင်း ဖြစ်သည်။

 ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်သော စုံစမ်း စစ်ဆေးရေး ကော်မတီသည် ဤဒေါ်သန်း( ၆ရ ) ဖိုးခန့်  ခံစား နေမှုကို စုံစမ်း စစ်ဆေး နေချိန်တွင် ဖေါ်ထုတ်ရှာဖွေ တွေ့ရှိလာမည်ဖြစ်သည်။

နိုင်ငံတော် အတွက်ဆိုလျှင် မည်သူမဆို လက်ခံနိုင်ပါသည်ဟု လက်ပံတောင်းတောင်ဆန္ဒပြသူများက ထုတ်ဖေါ်ပြောဆိုထားရာ ၄င်းဒေါ်လာ-၆ရ-သန်းသည်လည်း နိုင်ငံတော် ဘဏ္ဍာ ငွေသို့  ၀င်ရောက် သွားရမည် ဖြစ်သည် ။

 မည်သည့် စစ်အာဏာရှင် တို့ထံသို့ မရောက်ရှိသင့်။ အကယ်၍ ရောက်ရှိနေ အုံးမည် ဆိုပါက အစိုးရ ပြုတ်လျှင် ပြုတ် - မပြုတ်လျှင် ပြည်သူတို့ ခါးစည်း ခံရ ပေတော့ မည်သာ ဖြစ်သည်မို့ တိုက်ပွဲကို ရေကုန်ရေခန်းတိုက်ကြရမည် ဖြစ်ကြောင်း သိနိုင်သည် ။

 သို့သော် မြန်မာနိုင်ငံ သူများ အဖို့ခု အချိန်တွင် အကောင်းဆုံးအတိုက် အခံ သမား ဆို၍ ရှာမတွေ့ တော့ပြီ ဖြစ်ရာ ဤတကြော့လည်း စစ်အာဏာရှင်တို့ ၏ လက်ခုပ် ထဲက ရေလို ဖြစ်သွား ရပြီဟု ပြောစရာ ဖြစ်လာ နိုင်သည်။ သွေးတို့ သည် အေးစက်သွားပြီဟု ပြော၍ ရနိုင်ကောင်းသည်။

၁၉၈၈-ခုနှစ်က ဒေါက်တာမောင်မောင်မှ ပါလီမန်ရွေးကောက်ပွဲကို ခေါ်ပေးမည်ဆိုကာ ဆန္ဒပြနေကြသော မြန်မာနိုင်ငံသားများကို ချွေးသိပ်လိုက်ရာ လူတိုင်းသည် သွေးအေးသွားပြီး ခဏတာလေး အုပ်ချုပ်ရေးအာဏာကို မိမိတို့ သဘောအတိုင်း ပြုလုပ်ခွင့် ရခဲ့ကြသည်။

 သို့သော် စစ်တပ်မှ အာဏာ သိမ်းလိုက် သောအခါ အရာ ခပ်သိမ်းတို့သည် ပျောက်ကွယ် ဆုံးရှုံး သွားခဲ့ ရပါတော့သည်။

ခိုင်အောင်ကျော် ( နယူးယောက် )

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်