Thursday, December 13, 2012

ဆီးရီးယား အတိုက်အခံကို နိုင်ငံပေါင်း ၁၀၀ ကျော်အသိအမှတ်ပြု

Posted by drmyochit Thursday, December 13, 2012, under | No comments


ဆီးရီးယားသမ္မတ Bashar al-Assad ရာထူးက ဆင်းပေးဖို့ တောင်းဆို နေကြတဲ့ နိုင်ငံပေါင်း ၁၀၀ ကျော်
က ကိုယ်စားလှယ်တွေက မကြာခင်က အသစ်ဖွဲ့စည်းလိုက်တဲ့ ဆီးရီးယားအတိုက်အခံ ညွန့်ပေါင်း အဖွဲ့က သာ ဆီးရီးယား လူမျိုးတွေကို တရားဝင်ကိုယ်စားပြုတဲ့အဖွဲ့အဖြစ် တရားဝင် အသိ အမှတ်ပြု လိုက်ကြ ပါတယ်။


ဒီအတော အတွင်း ဆီးရီးယားအစိုးရက Scud ဒုံးကျည်တွေနဲ့ သူပုန်တပ်ဖွဲ့တွေကို မကြာခင်က ပစ်ခတ်ခဲ့ တယ်လို့ အဆင့်မြင့် အမေရိကန်အရာရှိ တဦးက ပြောပါတယ်။ အဲဒီ ဒုံးကျည်ဟာ ဓာတုလက်နက်တွေ တပ်ဆင် ထားတဲ့ ဒုံးကျည် ဟုတ်မဟုတ်ဆိုတာတော့ အတိအကျ မသိရသေးပါဘူး။

Scud ဒုံးကျည်တွေကို အသုံးပြုလာတာဟာ ၂ နှစ်နီးပါးလောက်ကြာလာပြီဖြစ်တဲ့ ဆီးရီးယားပဋိပက္ခဟာ ပိုပြီး အရှိန်မြင့်လာနေတယ်ဆိုတာကို ပြသလိုက်တာလည်း ဖြစ်ပါတယ်။

မော်ရိုကိုနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပနေတဲ့ ဆီးရီးယားမိတ်ဆွေနိုင်ငံများအဖွဲ့ကလည်း ဆီးရီးယား အမျိုးသား ညွန့်ပေါင်း အဖွဲ့ကို တရားဝင် အဖွဲ့အဖြစ် အစောပိုင်းမှာ အသိအမှတ်ပြုခဲ့ပြီး ဖြစ်ပါတယ်။


VOA (မြန်မာပိုင်း)

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်