Thursday, December 13, 2012

မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂ အဖွဲ့ ချုပ်မှ လည်း ယနေ့  ဒီဇင်ဘာလ ၁၂ ရက် မန်း ဆန္ဒ ထုတ်ဖော် မှုတွင် ပါဝင်

Posted by drmyochit Thursday, December 13, 2012, under | No comments



 ယနေ့ နေလည် ၁ နာရီ အချိန်ခန့် တွင် သောင်းဂဏန်းခန့် ရှိသောသံဃာတော် များက လက်ပံတောင်း
 အရေး အတွက် ဆန္ဒထုတ်ဖော် ခဲ့ပြီး ဗမာနိုင်နိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂ အဖွဲ့ မှ ပါဝင် ဆန္ဒ ထုတ်ဖော် ခဲ့ကြောင်း သိရသည်။


ထိုကဲ့သို့ ဆန္ဒထုတ်ဖော်ရခြင်းမှာ မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့လှုပ်ရှားမှု ဦးဆောင် ကော်မတီကို ၁၀ ရက် ၁၂ လ ၂၀၁၂ တွင် ဖွဲ့ စည်းခဲ့ပြီး လက်ပံတောင်းတောင် အရေးအတွက် အချက် ၃ ချက်တောင်းဆို ခဲ့ သည်။ အဆိုပါ အချက် ၃ ချက်မှာ

( ၁ ) နိုင်ငံတော် သမ္မတနှင့် အစိုးရ အဖွဲ့ က ထိခိုက်ဒဏ်ရာ ရခဲ့ကြသူများနှင့် သံဃာထု တစ်ရပ်လုံးကို ၀န်ချတောင်းပန်ရန်။

( ၂) အကြမ်းဖက် ဖြိုခွင်းမှုတွင် တာဝန်ရှိသောသူများကို ဖော်ထုတ် အရေးယူပေးရန်

( ၃ ) ကြေးနီစီမံကိန်းနှင့် ပတ်သက်ပြီး ဖမ်းဆီးထားသူများကို ချွင်းချက်မရှိ ပြန်လွှတ်ပေးရန်

စသည့် အချက်သုံးချက် ကိုတောင်းဆိုခဲ့ပြီး ၁၂ ရက် ၁၂ လ ၂၀၁၂ ရက်နေ့ နေ့ လည် ၁၂ နာရီတွင် နောက်ဆုံး ထားပြီး လိုက်လျောပေးရန် တောင်းဆိုခဲ့သော်လည်း လိုက်လျောခြင်း မရှိသဖြင့်ယခုကဲ့သို့ တစ်နိုင်ငံလုံး အတိုင်း အတာဖြင့် ဆန္ဒ ဖော်ထုတ် ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။





0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်