Thursday, December 13, 2012

အေဂျင်စီအချို့ ထိုင်းသို့ တရားမဝင် လုပ်သား ပို့ဆောင်ဆဲဟု ဆို

Posted by drmyochit Thursday, December 13, 2012, under | No comments




ထိုင်းသို့ အလုပ်သမား ပို့ခွင့် လိုင်စင်ရ အေဂျင်စီ အချို့သည် တစ် ဖက်နိုင်ငံရှိ ပွဲစားများနှင့် ပေါင်းကာ တရား မဝင် အလုပ်သမားပို့ဆောင်မှု များ ဆောင် ရွက်နေကြကြောင်း ရွှေ့ပြောင်းအလုပ်သမားများ အခွင့် အရေး ကွန်ရက်(MWRN)မှ နိုင်ငံခြားရေးကျွမ်းကျင်သူ  Mr Andy Hall က ပြောသည်။


''နယ်စပ်မှာလည်း အဖွဲ့ အစည်းမျိုးစုံ၊ လူပုဂ္ဂိုလ်မျိုးစုံ ရှိတယ်။ ပွဲစားတွေ အဖွဲ့အစည်း တွေကလည်း ရှုပ်ထွေးမှုတွေ ရှိတယ်။ လိုင်စင်ကိုင်ထားတဲ့ အေဂျင်စီတွေထဲမှာကိုက မသ မာမှုတွေရှိနေလို့ ဒါက တော် တော်လေး ဖြေရှင်းရမယ့်ပြဿနာ ပါ''ဟု ၄င်းက ပြောသည်။

နယ်စပ်မှ ပွဲစားများ ပျောက် ကွယ်သွားစေလို၍ အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ဝန်ကြီးဌာနမှ ယခုနှစ်အတွင်း ထိုင်းသို့ အလုပ်သမား ပို့ဆောင် မည့် အေဂျင်စီ ၄၇ ခုကို တရား ဝင်လိုင်စင် ချထားပေးခဲ့သော် လည်း ယခုကဲ့သို့ မသမာမှုများ ရှိနေခြင်းကြောင့် ရွှေ့ ပြောင်း အလုပ်သမားများ နစ်နာမှုများနှင့် ကြုံတွေ့နေရသည်ဟုလည်း သိ ရသည်။

ပွဲစားများဖြင့် တရားမဝင် လုပ်ဆောင်ပါက ဝန်ဆောင်ခပို ပေးရခြင်း၊ ရသင့်ရထိုက်သည့် အလုပ်သမား အခွင့် အရေးများ မရရှိခြင်း၊ လုပ်ငန်းခွင်အတွင်း ထိခိုက်ပါက လျော်ကြေးငွေရရှိ ရန်ခက်ခဲခြင်း၊ အစိုးရ ဝန်ထမ်း အပါအဝင် ထိုင်းလူမိုက်များ၏ ခြိမ်းခြောက်ခံရခြင်း၊ ဥပဒေပြင်ပ မှ လစဉ် ငွေများပေးသွင်းရခြင်း စ သည့် နစ်နာမှုများ ကြုံတွေ့နေ ရကြောင်း အထက်ပါကွန်ရက်မှ သိရသည်။

ဒီဇင်ဘာ ၁၄ ရက်နောက် ပိုင်းတွင် တရားမဝင်အလုပ်သမား များကို ထိုင်းအစိုးရမှ ပြန်လည်ပို့ ဆောင်ပါက အလုပ်သမားများသည် မြန်မာနိုင်ငံ နယ်စပ်ထွက်ပေါက်များ သို့ပြန်လာ၍ အထောက်အထား လုပ်ပြီးမှသာ ထိုင်းသို့ ပြန်သွားရမည် ဖြစ်သည်။ ထို့ကြောင့် တစ်ဖက်နိုင်ငံမှ ပွဲစားများနှင့် လိုင်စင်ရအေဂျင်စီ ခုနစ်ခု ခန့်ပူးပေါင်းကာ အဆိုပါအလုပ် သမားများကို တရားမဝင်ပို့ဆောင်ရန် စီစဉ်နေသည်ဟု ကြားသိရကြောင်း လည်း ၄င်းက ပြောသည်။

အဆိုပါကိစ္စနှင့် ပတ်သက်၍ ထိုင်းသို့ တရားဝင် အလုပ်သမား ပို့ခွင့်ရToday Top Star အလုပ် အကိုင်အေဂျင်စီမှ တာဝန်ရှိသူတစ် ဦးက လိုင်စင်အေဂျင်စီများထဲတွင် ထိုသို့ တရားမဝင် ပို့ဆောင်သော အေဂျင်စီ များလည်း ရှိကြောင်း၊ တစ်ဖက်နိုင်ငံမှစက်ရုံများနှင့် ချိတ် ဆက်ရခက်ခဲေ သာကြောင့် ပွဲစား များမှ တစ်ဆင့် ချိတ်ဆက်ကာ ပြု လုပ်ခြင်းဖြစ်ေ ကြာင်း ပြောသည်။

''စက်ရုံတွေနဲ့ တိုက်ရိုက်ချိတ် နိုင်ဖို့ဆိုတာလည်း သုံးနှစ် သုံးမိုး ကြိုးစားပြီးလုပ်ရတာ။ အခုမှ ထလုပ် တာမျိုး ဆို ယုံကြည်မှုမရှိလို့ စက်ရုံ တွေနဲ့ချိတ်မိဖို့ မလွယ်ပါဘူး။ ပွဲစားနဲ့ လုပ်တဲ့အခါမှာလည်း အလုပ်သမား တွေအလုပ် ရရင်ပြီးရော။ ကျန်တဲ့ကိစ္စ ကိုသူတို့က ဖြေရှင်းပေးမှာမဟုတ် ဘူး''ဟု အဆိုပါအေဂျင်စီမှ တာ ဝန်ရှိ သူက ဆက်လက်ပြောသည်။

အလုပ်သမား၊ အလုပ်အ ကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီး ဌာနမှ ထိုင်းပို့ခွင့်ရ အေဂျင်စီများ အား လက်ရှိအထိ အရေး ယူမှု မရှိသေးကြောင်း၊ မသမာမှုများ နှင့်ပတ်သက်၍ တိုင်ကြားလာပါ က သုံးကြိမ် သတိပေး မည်ဖြစ်ပြီး ဆက်လက်ကျူးလွန်ပါက လိုင်စင်ပယ်ဖျက်ခြင်းအပြင် အခြား သင့်တင့်သည့် နည်းလမ်းများဖြင့် အရေး ယူသွားမည်ဟု ယင်းဌာန မှ အကြီးတန်း အရာရှိတစ်ဦးက ပြောသည်။

ထိုင်းနိုင်ငံ မဟာချိုင်ရှိ ရေ ထွက်ပစ္စည်းစက်ရုံမှ လုပ်သက် ၅ နှစ်ရှိ မြန်မာ အမျိုးသမီးတစ်ဦး ကလည်း လက်ရှိ အချိန်အထိ ထိုင်းသို့ အသစ်ရောက် လာသော ရွှေ့ပြောင်း လုပ်သားများတွင် တရားမဝင် ရောက်ရှိ လာသော အလုပ်သမားများ များပြားဆဲ ဖြစ်သည်ဟု ဆိုသည်။

ထိုင်းနိုင်ငံတွင် မြန်မာအလုပ် သမား နှစ်သန်းခန့်ရှိကာ တရား မဝင်အလုပ်သမားများကို တရားဝင် အထောက် အထား ထုတ် ပေးခြင်း ဆောင်ရွက်ပေးခဲ့သော် လည်း လက်ရှိအချိန်အထိ လုံးဝ မဆက် သွယ်သည့် အလုပ် သမား ၅ သိန်းခန့် ရှိကြောင်း သိရသည်။


မေဇင်ဝင်း၊ ဝေမာထွန်း

Popular News

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်