Thursday, December 13, 2012

ဆွီဒင်ထုတ်လက်နက်တွေ ကချင်စစ်ပွဲမှာ မြန်မာ စစ်တပ်အသုံးပြုနေ

Posted by drmyochit Thursday, December 13, 2012, under | No comments





ဆွီဒင် နိုင်ငံထုတ် လက်နက် တွေကို ကချင် ပြည်နယ်မှာ ဖြစ်ပွား နေတဲ့ စစ်ပွဲ တွေမှာ မြန်မာ စစ်တပ်က  အသုံးပြု နေတယ်လို့ ဆွီဒင် သတင်းစာ တစောင်က ဖော်ထုတ် ရေးသား လိုက်ပါ တယ်။ အီးယူ ဥရောပ သမဂ္ဂက မြန်မာနိုင်ငံကို လက်နက်တင်ပို့ ရောင်းချမှု တားမြစ် ထားတဲ့ ကြားက ဥရောပသမဂ္ဂ အဖွဲ့ဝင် နိုင်ငံဖြစ်တဲ့ ဆွီဒင် နိုင်ငံက လက်နက် တွေကို အိန္ဒိယနိုင်ငံ ကနေ တဆင့် မြန်မာစစ်တပ်ကရသွားခဲ့တာလို့ ဆိုပါတယ်။



ဆွီဒင်လုပ် အဆင့်မြင် အမ် – ၃ ကားလ် ဂူးလ်စတပ် (Carl Gustav) ပုခုံးထမ်း အမြောက်လက်နက်တွေကို ကချင်လွတ်လပ်ရေး တပ်မေတာ် (ကေအိုင်အေ)က အစိုးရတပ်ဖွဲ့တွေဆီကေန သိမ်းပိုက်ရရှိခဲ့တဲ့ သတင်း ကို ဆွီဒင် သတင်းစာ Svenska Dagbladet က အင်္ဂါနေ့ က ရေးသားခဲ့တာပါ။

ဒီသတင်းနဲ့ပတ်သက်ပြီး ဆွီဒင်အစိုးရတာဝန်ရှိသူတွေကို  ဒီဗွီဘီက ဆက်သွယ် မေးမြန်းကြည့်ရာမှာ ဆွီဒင် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောခွင့်ရက ဒီအချိန်မှာ တစုံတရာ မှတ်ချက်ပေး ပြောလို့မရေသးပေမယ့် စုံစမ်းတာ တွေကို လုပ်သွားမယ်လို့ ပြောပါတယ်။


“အစိုးရကေတာ့ ဒီကိစ္စကို အတည်ပြုထောက်ခံချက်မပေးသေးပေမယ့် ဒီလက်နက်တွေ ဘယ်ကလာသလဲ ဆိုတာ ကိုတော့ စစ်ဆေးဖို့ လိုတယ်လို့ ကျနော်က ယူဆပါတယ်။ ”ဒီသတင်းကို လွန်ခဲ့တဲ့ သီတင်းပတ် တွေက တည်းက ရရှိနေတာ ဖြစ်တယ်လို့လည်း သူက ဆိုပါတယ်။ ဒီလက်နက်ဟာ တင့်ကား ၁ စင်းကို ဖျက်ဆီး နိုင်တဲ့အထိ ပြင်းထန်ပြီးတော့ ဆားဗိုဖာ ဒိုင်နမစ်က ထုတ်လုပ်ထားတာလည်း ဖြစ်ပါတယ်။

 စုံစမ်း စစ်ဆေး တာတွေ ကိုလည်း သူတို့ ပူးပေါင်း လုပ်ဆောင် နေတယ်လို့ ထုတ်လုပ်တဲ့ ကုမ္ပဏီက ဆိုပါတယ်။ ဒီသတင်းကို ဆွီဒင်သတင်းစာမှာ သတင်းထောက် ဘာတေးလစ်တနာက ရေးသားခဲ့တာလည်း ဖြစ်ပါတယ်။

ဒီလက်နက်တွေကို ဆွီဒင်က အာရှမှာဆိုရင် ထိုင်းနဲ့ အိန္ဒိယကို ရောင်းချတယ်လို့ သတင်းထောက် ဘာတေး လစ်တနာက ဒီဗွီဘီကို ရှင်းပြပါတယ်။

“မြန်မာ-အိန္ဒိယ နယ်စပ်က မဏိပူရ၊ နာဂ သူပုန်တွေကို တိုက်ခိုက်ဖို့အတွက် ဒီလက်နက်တွေကို အရင် နှစ် စက်တင်ဘာက အိန္ဒိယ စစ်တပ်က ပေးခဲ့တာပါ။

”အိန္ဒိယက ဆွီဒင်ထံကေန ဒီလက်နက်တွေကို တရားဝင်ဝယ်ယူနိုင်ပေမယ့် ဥရောပသမဂ္ဂက လက်နက် ဝယ်ယူဖို့ တားမြစ်ထားတဲ့ မြန်မာကိုတော့ မပေးသင့်ဘူးလို့ သူကပြောပါတယ်။

ဒီသတင်းကို ဒီနှစ် အောက်တိုဘာလမှာ အတည်ပြုနိုင်ခဲ့တာဖြစ်ပြီး လက်နက်တွေကို တိုက်ပွဲတွေမှာ ဒီထက် ပိုစောပြီးတော့ အသုံးပြုနိုင်တယ်လို့ဆိုပါတယ်။ဘာတေးလစ်တနာဟာ ကချင်ပြည်နယ်ကို မကြာသေးမီ အချိန်က သွားရောက်ခဲ့ပြီးတော့ကချင်ပြည်နယ် ပန်ဝါမှာ အစိုးရတပ်ဖွဲ့တွေက တိုက်ပွဲတွေမှာ ရဟတ်ယာဉ် ပေါ်ကေန သေနတ်တွေနဲ့ အသုံးပြု တိုက်ခိုက်တာတွေ လုပ်တယ်လို့လည်း ပြောပါတယ်။

ဥရောပသမဂ္ဂနဲ့ အမေရိကန်တို့က မြန်မာနိုင်ငံအပေါ် အေရးယူဒဏ်ခတ်တာတွေကို ရုပ်သိမ်းပေးခဲ့ပေမယ့် လက်နက် တင်ပို့တာ ကိုတော့ တားမြစ်ထားဆဲ ဖြစ်ပါတယ်။ ဒီအတွက် ဆွီဒင်က မြန်မာကို လက်နက် တင်ပို့ တာကို လုပ်ဆောင်ခဲ့မယ်ဆိုရင် တားမြစ်ချက်ကို ချိုးဖောက်ရာ ရောက်နေပါတယ်။

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်