ကျွန်တော်တို့သည် သထုံမြို့နယ် ကတိုက်ကလေးကျေးရွာက တောင်သူလယ်သမား များဖြစ်ကြပါ
သည်။ ကျေးရွာတွင်နေထိုင်သူအများစုမှာ လယ်သမားများဖြစ်ပြီး ရိုးသားသူများဖြစ်ကြပါသည်။ ကျေးရွာနေ ပြည်သူကိုယ်စားတင်ပြလိုသည်မှာ
ကျေးရွာအုပ်ချုပ်ရေးအဖွဲ့မှ စာရေးဝန်ထမ်းဖြစ်သူက တာဝန်ရှိမှု အပေါ် အလွဲ သုံးစား ဆောင်ရွက်နေခြင်းဖြစ်ပါသည်။
အောက်ပါအချက်များကို မသမာမှုနှင့် လိမ်လည်မှုများကို တရား ဥပဒေ မျက်ကွယ်ပြုလျှက် ပြုလုပ်ခဲ့ပါသည်-
(က) ကျေးရွာအုပ်ချုပ်ရေးမှူး
တံဆိပ်တုံးကို အတုပြုလုပ်၍ ဥပဒေမဲ့ ကိုယ်ကျိုးစီးပွားအတွက် လက်ဝယ်ကိုင်ဆောင် အသုံးပြုခဲ့ခြင်း။
(ခ) ၂၀၁၀ ခုနှစ်မှ ၂၀၁၁ ခုနှစ်အတွင်း ကျေးရွာရှိ အိမ်ခြေ (၄၅၈)အိမ်မှ လစဉ်ကြေးများကို ခွင့်ပြုမိန့်(လိုင်စင်)ရသည့်သဖွယ် ကောက်ခံခဲ့ခြင်း။
(ဂ) လယ်သမားများ၏ အခွင့်အရေးကိုမျက်ကွယ်ပြုလျှက် ကျေးရွာရှိ လယ်မြေ(၃၆၃၆)ဧကအား လယ်ယာမြေ သီးစားချထားခွင့် မှတ်ပုံတင်ခဟု ဆိုကာ ၂၀၁၀ ခုနှစ်တွင် တစ်ဧက (၇၀၀၀)ကျပ်နှုန်း၊ ၂၀၁၁ခုနှစ်တွင် တစ်ဧက (၄၀၀၀)ကျပ်နှုန်း၊ ၁၀၁၂ ခုနှစ်တွင် တစ်ဧက (၂၀၀)ကျပ်နှုန်းများဖြင့် အတင်းအကြပ်ကောက်ခံခြင်း။
(ဃ) ကျေးရွာပိုင်လယ်မြေ (၁၅)ဧက အနက်မှ (၉)ဧကကို (၁)နှစ်လျှင် ကျေးရွာရန်ပုံငွေအတွက် ကျပ် ခြောက်သိန်း ပေးမည်ဟု ရပ်မိရပ်ဖများနှင့် ကတိက၀တ်ပြုထားသော်လည်း (၂)နှစ်ကြာ ပေးသွင်းခြင်း မရှိခြင်း စသည့် အချက်များကို မသမာမှုများဆောင်ရွက်ခဲ့ပါသည်။
ဒီအချက်များနှင့်ပါတ်သက်၍ သထုံမြို့နယ် အုပ်ချုပ်ရေးမှူးသို့ (၂၀-၇-၂၀၁၂)နေ့စွဲဖြင့် တိုင်ကြားခဲ့ရာ (၂၃-၇-၂၀၁၂) ရက်နေ့တွင် မြို့နယ်အုပ်ချုပ်ရေးမှူး လာရောက်ပြီး စာရေးဝန်ထမ်းအား အရေးယူခြင်း မရှိဘဲ တိုင်ကြားသူ (၉)ဦး အားဆူပူ ကြိမ်းမောင်းကာ တဖက်သတ်ဖြေရှင်းပေးခဲ့ခြင်း။
ဝန်ကြီးချုပ်(မွန်ပြည်နယ်အစိုးရအဖွဲ့)သို့ (၃၀-၇-၂၀၁၂) ရက်နေ့တွင် အရေးယူ ဆောင်ရွက်ပေးနိုင်ရန် တိုင်ကြား ခဲ့သော်လည်း မည်သို့မျှ အကြောင်းမထူးခြင်း။
ပြည်နယ်အုပ်ချုပ်ရေးမှူး၊ ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊မွန်ပြည်နယ်သို့ (၇-၁၀-၂၀၁၂) ရက်နေ့တွင် တိုင်ကြားခဲ့သော်လည်း ထူးခြားခြင်းမရှိပါ။
(၁၈-၁၀-၂၀၁၂) ရက်စွဲပါစာဖြင့် ၀န်ကြီး၊ပြည်ထောင်စုဝန်ကြီး၊ ပြည်ထဲရေး ၀န်ကြီးဌာနသို့ တိုင်ကြားခဲ့သော်လည်း တစ်စုံတစ်ရာအရေးယူမှုများ မရှိခဲ့သည်အပြင် အဆိုပါစာရေးဝန်ထမ်းသည် ကျွန်တော်တို့အပေါ် လှောင်ပြောင်ခြင်း၊ မကြားဝံ့မနာ သာပြောဆိုခြင်း၊ ပြောင်ပြောင် တင်းတင်း စော်ကား ခြင်းများကို အတင့်ရဲစွာပြုမူလ်ာပါသည်။
အဆိုပါ ကျေးရွာပိုင်လယ်များ၏ ရန်ပုံငွေများရရှိပါက ကျေးရွာအတွက် ဖွံ့ဖြိုးရေးလုပ်ငန်းများ အတိုင်း အတာ တစ်ခုထိ ဆောင်ရွက်နိုင်မည် ဖြစ်ပါသည်။
ကျွန်တော်တို့ သည် အထက်အဆင့်ဆင့်သို့ တင်ပြခဲ့သော်လည်း မည်သို့မျှဆောင်ရွက်ပေးခြင်း မရှိသည့်အပြင် မြို့နယ်အုပ်ချုပ်ရေးမှူး၏ ညစ်ညမ်းစွာ ဆဲဆိုမှုနှင့် တဖက်သတ်ဆူပူ ကြိမ်းမောင်းခြင်းများပါ ခံရပါသည်။
အမိမဲ့သား ရေနည်းငါးပမာ မည်သူ့ကိုအားကိုးရမည် မှန်းမသိပါသဖြင့် ဘက်လိုက်မှုကင်းမဲ့ပြီး ပြည်သူအကျိုးဆောင်ရွက်နေသောသတင်းဌာန ကို အားကိုးတကြီးဖြင့် ဖြစ်စဉ်အမှန်အား ပေးပို့လိုက်ပါကြောင်းတင်ပြလိုက်ရပါသည်။
ရွာသူရွာသားများ
ကတိုက်ကလေးကျေးရွာ
သထုံမြို့နယ်။
(၁) ဦးကြည်ဝေ ၁၀/သထန(နိုင်)079490 ကတိုက်ကလေးကျေးရွာ
(၂) ဦးမြင့်လှိုင် ၁၀/သထန(နိုင်)056640 ကတိုက်ကလေးကျေးရွာ
(၃) ဦးသက်ဝေ ၁၀/သထန(နိုင်)057561 ကတိုက်ကလေးကျေးရွာ
(၄) ဦးဝင်းကို ၁၀/သထန(နိုင်)079914 ကတိုက်ကလေးကျေးရွာ
(၅) ဦးလိန်း(ဦးခင်ဝင်း) ၁၀/သထန(နိုင်)079313 ကတိုက်ကလေးကျေးရွာ
(၆) ဦးပန်းအောင် ၁၀/သထန(နိုင်)083141 ကတိုက်ကလေးကျေးရွာ
(၇) ဦးစံထွန်း ၁၀/သထန(နိုင်)088302 ကတိုက်ကလေးကျေးရွာ
(၈) ဦးစိန်မင်း ၁၀/သထန(နိုင်)000157 ကတိုက်ကလေးကျေးရွာ
(၉) ဦးဖေကြည် ၁၀/သထန(နိုင်)079985 ကတိုက်ကလေးကျေးရွာ
ရွာသူရွာသားများ
ကတိုက်ကလေးကျေးရွာ
သထုံမြို့နယ်။
0 comments:
Post a Comment