Wednesday, August 29, 2012

နိုင်ငံသား စိစစ်ရေး ကဒ်များ ထိုင်းဘတ်ငွေဖြင့် တရားမ၀င် ထုတ်ပေးနေ (ပေးစာ)

Posted by drmyochit Wednesday, August 29, 2012, under | No comments




ကျွန်တော်တို့ မြန်မာနိုင်ငံတွင်လူဝင်မှု လူမျိုးရေးနှင့် ပက်သက်ပြီး အကြီးကျယ် ပြသနာတက် နေချိန်တွင် ကော့သောင်းမြို့ ရှိ လဝကဦးစီးမှူးစိုးမြင့်ထွန်း ဦးဆောင်တဲ့ ရုံးအဖွဲ့ များသည် မည်သည့် လူမျိုးဖြစ်စေ ကြိုက်တဲ့ လူလာ အိမ်ထောင်စု မရှိသူဆို လျှင်ဘတ်ငွေ(၃၅၀၀)၊ အိမ်ထောင်စုရှိပြီး လူဆိုလျှင် ဘတ်ငွေ(၁၀၀၀) ဖြင့်ဒီနေ့  ငွေပေးမနက်ဖြန် မှတ်ပုံတင်ရ အမြန်လုပ်ပေး နေပါသည်။ ယခုဆိုလျှင် ကော့သောင်းနှင့် ရနောင်းနယ်စပ်ရှိ အိမ်ထောင်စု မရှိသူ ပရှူးမွတ်စလင် အများအပြား အလုံးရင်းဖြင့် လုပ်နေကြပါသည်။ အခြားမြို့ များတွင်ရှိ လူများသည်လည်း ထိုင်းနိုင်ငံသို့ အထွက်လွယ်ကူစေရန် ကော့သောင်းမှတ်ပုံတင်ကို ငွေနှင့်ဓတ်ပုံလှမ်းပို့ ၍ လုပ်နေကြပါသည်။
ယင်ကိစ္စနှင့် ပက်သက်၍ ကော့သောင်းမြို့ ရှိမည့်သူ့ ကိုမဆိုဆက်သွယ် မေးမြန်းနိုင်ပါသည်။ ဤလို နေရာမျိုးတွင် ယခုကဲ့သို့ ဝန်ထမ်းများ ရှိနေခြင်းမှာ တိုင်းပြည်အတွက် တကယ်ကြီးမားသော အန္တရာယ်တစ်ခု ဖြစ်ပါသောကြောင့် အချိန်မီ ကာကွယ် တားဆီးသင့်ကြောင်းနိုင်ငံတော် အကြီးကဲများအား လေးစားစွာ ပန်ကြားအပ်ပါသည်။

လေးစားစွာဖြင့်
ကော့သောင်းမြို့ ခံတစ်ဦး။


နိရဉ္စရာ

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်