Wednesday, August 29, 2012

ပြည်ထောင်စု ဝန်ကြီး ဦးဇော်မင်း၊ ဦးခင်မောင်မြင့် နှင့် ဦးလွန်းမောင် တို့အား ရာထူးမှ နုတ်ထွက်ခွင့်ပြု

Posted by drmyochit Wednesday, August 29, 2012, under | No comments




နိုင်ငံတော်သမ္မတရုံး
အမိန့်အမှတ်(၂၃/၂၀၁၂)

အောက်ဖော်ပြပါ ပြည်ထောင်စုဝန်ကြီးများအား ရာထူးမှနှုတ်ထွက်ခွင့် ပြုလိုက်သည်-
(၁) ဦးခင်မောင်မြင့် ဆောက်လုပ်ရေးဝန်ကြီးဌာန
(၂) ဦးဇော်မင်း လျှပ်စစ်(၁) ၀န်ကြီးဌာန



နိုင်ငံတော်သမ္မတရုံး
အမိန့်အမှတ်(၂၄/၂၀၁၂)

ပြည်ထောင်စုစာရင်းစစ်ချုပ် ဦးလွန်းမောင်အား ရာထူးမှ နှုတ်ထွက်ခွင့်ပြုလိုက်သည်။



ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်
နိုင်ငံတော်သမ္မတတရုံး
(အမိန့်အမှတ်၊ ၂၅/၂၀၁၂)

ဒုတိယ၀န်ကြီး ပြောင်းလဲတာဝန်ပေးခြင်း
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၃၄၊ ပုဒ်မခွဲ (က)နှင့် ပုဒ်မခွဲ(ဃ)၊ ပြည်ထောင်စု အစိုးရအဖွဲ့ ဥပဒေပုဒ်မ ၁၆၊ ပုဒ်မခွဲ (ခ)၊ ပုဒ်မခွဲငယ်(၉) တို့အရ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးစိုးဝင်းအား သာသနာရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး အဖြစ် ပြောင်းလဲတာဝန် ပေးလိုက်သည်။


(ပုံ) သိန်းစိန်
နိုင်ငံတော် သမ္မတ
ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်


0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်