နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် ရခိုင်ပြည်နယ် အတွင်း ဆူပူအကြမ်းဖက်မှုများတွင် ပါဝင်ပတ်သက်မှုဖြင့် ထောင်ဒဏ်ကျခံနေရသော ၀န်ထမ်း(၃) ဦးအား ပြစ်ဒဏ်မှ လွတ်ငြိမ်းသက် သာခွင့် ပြုလိုက်ကြောင်း နိုင်ငံတော် သမ္မတရုံးမှ သြဂုတ်လ ၂၈ ရက်နေ့တွင် ကြေညာခဲ့သည်။အဆိုပါသုံးဦးမှာ ၁။ ဦးကာယက်စ်(ခ)ခင်ရွှေ (WFP) ထောင်ဒဏ် (၂)နှစ် ၂။
ဦးအဏာဝါဆာဒဏ်(ခ)ခင်မောင် (UNHCR) ထောင်ဒဏ် (၃)နှစ် ၃။
ဒေါ်ချိုလေးမာ(ခ)ချိုမာ (UNHCR/CSSEP) ထောင်ဒဏ် (၆)နှစ် ဖြစ်ကြပြီး
၎င်းတို့မှာ ကျူးလွန်ခဲ့သော ပြစ်မှုများကြောင့် ပြစ်ဒဏ်စီရင်ခြင်း
ခံထားရသူများ ဖြစ်ကြသည်။ဇွန်လ ၈ ရက်နေ့က ဖြစ်ပွားခဲ့သည့် ဆူပူအကြမ်းဖက်မှုများတွင် ပါဝင်ခဲ့သည့်
၎င်းတို့အား မောင်တောမြို့နယ်တရားရုံးမှ သြဂုတ်လ ၂၄ ရက်နေ့က ထောင်ဒဏ်အသီးသီး
ချမှတ်ခဲ့သည်။
Time in Rangoon


0 comments:
Post a Comment