Thursday, September 26, 2013

သမိုင်းတွင်မည့် အမေရိကန်နှင့်အီရန် နျူကလီးယားဆွေးနွေးပွဲ ယနေ့ကျင်းပ

Posted by drmyochit Thursday, September 26, 2013, under | No comments

ကုလသမဂ္ဂ၊ စက်တင်ဘာ ၂၆။

ကမ္ဘာပေါ်မှနိုင်ငံများ၏ စောင့်ကြည့်မှုများအောက်တွင် အမေရိကန်နှင့် အီရန်တို့သည် ၁၉၇၉ ခုနှစ် တော် လှန်ရေး ကစ၍ အဆင့်မြင့်ဆုံးအရာရှိများ၏ ဆွေးနွေးပွဲများထဲမှတစ်ခုအဖြစ် နှစ်နိုင်ငံ နိုင်ငံခြားရေး ဝန်ကြီး တို့ အီရန်နျူကလီးယားအရေးနှင့် ပတ်သက်၍ ယနေ့တွေ့ဆုံကြမည်ဖြစ်သည်။

လက်ရှိ အီရန်နိုင်ငံခြားရေးဝန်ကြီးသည် ကုလသမဂ္ဂလုံခြုံရေးကောင်စီ အမြဲတမ်းအဖွဲ့ဝင်နိုင်ငံများနှင့် ဂျာမဏီနိုင်ငံ တို့မှ နိုင်ငံခြားရေးဝန်ကြီးများနှင့် ပထမဆုံးတွေ့ဆုံကာ အီရန်နျူ ကလီးယား အရေးဆွေးနွေး ရ သည့် အီရန် နိုင်ငံခြားရေးဝန်ကြီး ဖြစ်လာသည်။

ယခုတွေ့ဆုံမှုသည် အီရန်သမ္မတရိုဟာနီသည် အမေရိကန်သမ္မတအိုဘားမားနှင့် အနည်းဆုံး လက်ဆွဲနှုတ် ဆက်နိုင်ကြောင်း တွက်ချက်မှုများထွက်ပေါ်လာပြီးနောက် ဖြစ်ပေါ်လာခြင်းဖြစ်သည်။

သို့သော်လည်း သံတမန်များက ယနေ့တွေ့ဆုံမှုသည် သြဂုတ်လအတွင်း အာဏာရလာခဲ့သည့် အီရန်ခေါင်းဆောင်သစ်၏အတိုင်းအတာကို ကြည့်ရန် ပထမဆုံးအခွင့်အရေးရရှိစေမည်ဖြစ်ကြောင်း ပြောကြားကြသည်။

နိုင်ငံတကာအင်အားကြီးနိုင်ငံများသည် ယခုနှစ်အတွင်း သမ္မတသစ်ရွေးကောက်မခံရမီချိန်တွင် အီရန်တို့၏ ယူရေနီယံ သန့်စင်မှုကို လျှော့ချပါကာ ဆိုးဝါးနေသောနိုင်ငံ၏ စီးပွားရေးပြန်လည်လာရန် နိုင်ငံတကာ ပိတ်ဆို့ အရေး ယူမှုများမှ သက်သာရာရစေမည်ဟု ယုံကြည်ရသည့် အဆိုပြုချက်သစ်တစ်ခုကို တီဟီရန်သို့ တောင်း ဆိုခဲ့ပြီး ဖြစ်သည်။

“ကျွန်တော်တို့ အဲဒါနဲ့ပတ်သက်ပြီး တိကျတဲ့တုံ့ပြန်မှု သို့မဟုတ် အသေးစိတ်ကျတဲ့တုံ့ပြန်မှုကို ဘယ်တော့မှ ရမှာမဟုတ်ဘူးလို့ အသိစိတ်ရှိနေတယ်” ဟု အမေရိကန်ထိပ်တန်းအရာရှိတစ်ဦးက ပြောကြားသည်။

“အကယ်၍များအီရန်နိုင်ငံက သူတို့တွေဆွေးနွေးပွဲအသစ်တစ်ခုလုပ်ချင်တယ်ဆိုရင် ကျွန်တော်တို့ လက်ခံမှာပါ၊ အခွင့်အရေးအရမ်းနည်းရင်တောင် ကျွန်တော်တို့ယူမှာပါ” ဟု သံတမန်တစ်ဦးက ပြောကြား သည်။

အီရန်နိုင်ငံခြားရေးဝန်ကြီးကမူ “နျူကလီးယားအရေးကို ဖြေရှင်းဖို့ သမိုင်းတွင်တဲ့ အခွင့်အရေး တစ်ခုရှိနေ ပါတယ်၊ အကယ် ၍များ ကမ္ဘာ့အင်အားကြီးနိုင်ငံတွေက အီရန်နိုင်ငံရဲ့ ချဉ်းကပ်မှုအသစ်ကို အလိုက် သင့်ပြုမူ မယ် ဆိုရင်ပေါ့” ဟု ၎င်း၏တွစ်တာအကောင့်တွင် ပြောကြားသည်။

၎င်းက အမေရိကန်သမ္မတနှင့်တွေ့ဆုံအပြီး သမ္မတ၏မှတ်ချက်စကားများသည် အတိတ်ကာလအချိန်များ ကထက် ပိုမိုသင့်တင့်လာကြောင်း ပြောကြားသည်။

အီရန်သမ္မတရိုဟာနီက ၎င်းတို့၏ နျူအစီအမံသည် ကမ္ဘာ့နိုင်ငံများအပေါ်ခြိမ်းခြောက်မှုလုံးဝမရှိကြောင်း ပြောကြားပြီး ၎င်းတို့ကို နိုင်ငံတကာပိတ်ဆို့အရေးယူမှုများချမှတ်ခဲ့ခြင်းကိုလည်း ပြစ်တင်ရှုတ်ချခဲ့သည်။

အမေရိကန်သမ္မတက အဓိပ္ပါယ်ပြည့်ဝသော သဘောတူညီမှုတစ်ခုအတွက် အခြေခံတစ်ခုရှိနေကြောင်း ပြောကြားသော်လည်း “အောင်မြင်နိုင်ရန် စေ့စပ်ညှိနှိုင်းစကားများသည် မြင်သာထင်သာရှိပြီး စိစစ်အတည်ပြုနိုင်သော လုပ်ဆောင်ချက်များနှင့် ချိတ်ဆက်မိရမည်ဖြစ်ကြောင်း” ပြောကြားခဲ့သည်။

Ref:AFP
မြန်မာ့ခေတ်

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်