Thursday, September 26, 2013

ထိုင်းနိုင်ငံတွင် ဘဏ်သုံးခု တစ်နေ့တည်း ဓားပြတိုက်ခံရ

Posted by drmyochit Thursday, September 26, 2013, under | No comments


ဗန်ကောက် စက်တင်ဘာ ၂၅

ထိုင်းနိုင်ငံ ဗန်ကောက်ပြည်နယ်၊ ဆူရက်သာနီ ပြည်နယ်နှင့် ဆမက်ဆခွန် ပြည်နယ်များ အတွင်းရှိ ဘဏ်သုံးခုတွင် စက်တင်ဘာ ၂၄ ရက်က ဓားပြတိုက်မှု ဖြစ်ပွားခဲ့ပြီး ရွှေဆိုင်တစ်ဆိုင်တွင်လည်း ဓားပြတိုက်မှု ဖြစ်ပွားခဲ့ကြောင်း သိရ သည်။

ဆမက်ဆခွန် ပြည်နယ် ပူအောင်ဒေသရှိ ကာဆီကွန်ဘဏ်၏ ဘဏ်ခွဲတွင် စက်တင်ဘာ ၂၄ရက် နေ့လယ်က လက်နက်ကိုင် အမျိုးသားနှစ်ဦးသည် ဘတ်ငွေ ၁ ဒသမ ၃၅ သန်းကို လုယူပြီးနောက် မော်တော်ဆိုင်ကယ်ဖြင့် ထွက်ပြေးခဲ့ကြောင်းနှင့် ဆူရက်သာနီ ပြည်နယ်ရှိ အစိုးရငွေစုဘဏ်ခွဲ တစ်ခုတွင်လည်း စက်တင်ဘာ ၂၄ ရက် နံနက် ၉ နာရီ ၄၅ မိနစ်က အမျိုးသားတစ်ဦးက ဘတ်ငွေ ၈၅ဝ,ဝဝဝ ကို လုယူပြီး မော်တော်ဆိုင်ကယ်ဖြင့် ထွက်ပြေးခဲ့ကြောင်း သိရသည်။ ထို့အပြင် ဗန်ကောက်ပြည်နယ် ခါလောင်ဆန်ခရိုင် သွန်ဘူရီရှိ ကာဆီကွန် ဘဏ်ခွဲ တွင်လည်း စက်တင်ဘာ ၂၄ရက် နံနက် ၁၁ နာရီ မိနစ် ၅ဝ တွင် လက်နက်ကိုင် သေနတ်သမား တစ်ဦးက ဘတ်ငွေ ၂၇ဝ,၇၈ဝ ကို လုယက်ယူငင် သွားခဲ့ကြောင်း သိရသည်။

မြ၀တီ

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်