Thursday, September 26, 2013

ခင်ပွန်းဟောင်းကို ရင်းရင်းနှီးနှီး နှုတ်ဆက်ခဲ့သည့် မက်ဒေါနား

Posted by drmyochit Thursday, September 26, 2013, under | No comments

နယူးယော့ခ်တွင် ဗြိတိသျှ ရုပ်ရှင်မင်းသား ရှောင်ပိန်း သည် ပါတီပွဲတစ်ခု၌ ဇနီးဟောင်းနှင့် တွေ့ဆုံခဲ့သည်။ (၄)နှစ်ကြာ ပေါင်းသင်းဖူးသည့် စုံတွဲသည် (၂၄)နှစ် ကြာညောင်း ချိန်တွင် ပြန်လည် တွေ့ဆုံခဲ့ခြင်းဖြစ်ပြီး မက်ဒေါနားက ရှောင့်ကို ရင်းရင်းနှီးနှီး နှုတ်ဆက်ခဲ့

ခင်ပွန်းဟောင်းကို ရင်းရင်းနှီးနှီး နှုတ်ဆက်ခဲ့သည့် မက်ဒေါနား ခင်ပွန်းဟောင်းနှင့် ပြန်လည်တွေ့ ဆုံချိန် တွင် မက်ဒေါနား အနေဖြင့် စစ်မှန်လေးနက်သော ခင်မင်ရင်းနှီး မှုကို ပြသခဲ့ကြောင်း သိရှိရသည်။ နယူးယော့ခ်တွင် ဗြိတိသျှ ရုပ်ရှင်မင်းသား ရှောင်ပိန်း သည် ပါတီပွဲတစ်ခု၌ ဇနီးဟောင်းနှင့် တွေ့ဆုံခဲ့သည်။ (၄)နှစ်ကြာ ပေါင်းသင်းဖူးသည့် စုံတွဲသည် (၂၄)နှစ် ကြာညောင်းချိန်တွင် ပြန်လည် တွေ့ဆုံခဲ့ခြင်းဖြစ်ပြီး မက်ဒေါနားက ရှောင့်ကို ရင်းရင်းနှီးနှီး နှုတ်ဆက်ခဲ့ခြင်း ဖြစ်သည်။ မက်ဒေါနားနှင့် စတီဗင်ကလိန်းတို့၏ မှတ်တမ်းတို ဗီဒီယို Secretprojectrevolutionအတွက် ကျင်းပသည့် ပါတီပွဲသို့ လင်းဆေးလိုဟန်နှင့် အန်ဒါဆန်ကူးပါးတို့ကဲ့သို့ နာမည်ကျော်များလည်း တက်ရောက်ခဲ့ကြသည်။ မက်ဒေါနားသည် အော်စကာဆုရှင် ရှောင်ကို အမှန်တကယ် ချစ်မြတ်နိုးခဲ့ကြောင်း ယခင်က ဝန်ခံဖူးသည်။

အသက်(၅၅)နှစ်ရှိ Justify My Love စတား အဆိုတော်သည် လက်ရှိတွဲနေသည့် ချစ်သူ အသက်(၂၇)နှစ်အရွယ် ဘရာဟင်မ် ဇိုင်ဘတ်နှင့်အတူတွဲ၍ ပွဲတက်လာရင်း ရှောင်နှင့် တွေ့ဆုံခြင်း ဖြစ်သည်။ အသက်(၅၃)နှစ်ရှိ ရှောင်သည်လည်း ဇနီးဟောင်းကို ရင်းရင်းနှီးနှီး စကားပြောဆိုနေခဲ့ပြီး အတူတွဲလျှက်လည်း ဓာတ်ပုံ အရိုက်ခံခဲ့သည်ကို တွေ့ရသည်။ ထို့နောက် မက်ဒေါနားက ရှောင်အား ဓာတ်ပုံအတူတွဲ ရိုက်ခွင့်ပေးသဖြင့် ကျေးဇူးတင်ကြောင်း နှုတ်ဆက်ကာ ပါးကိုနမ်းရှုပ်ပြီးမှ ဘရာဟင်မ်ထံ ပြန်လည် သွားရောက်ပူးပေါင်းခဲ့သည်။ ကွာရှင်းပြတ်စဲပြီးနောက်ပိုင်း မက်ဒေါနား၏ အနုပညာ လှုပ်ရှားမှု တစ်ခုကို ရှောင်အနေဖြင့် ချီးမြှင့်တက်ရောက်ခြင်းသည် ယခုတစ်ကြိမ် ပထမဆုံး မဟုတ်ချေ။

ရှောင်သည် ပြီးခဲ့သည့်နှစ်၊ အောက်တိုဘာလကလည်း လော့စ်အန်ဂျလိစ်ရှိ Staples Ceterတွင် မက်ဒေါနား ပြုလုပ်သည့် MDNA ဖျော်ဖြေပွဲသို့ တက်ရောက်အားပေးခဲ့ဖူးသည်။ ထိုစဉ်က မက်ဒေါနားကလည်း ရှောင်အ တွက် ရည်စူးဟန်ရှိသည့် သီးခြား ဖျော်ဖြေမှု အစီအစဉ် တစ်ခုကို တင်ဆက်ခဲ့ကြောင်း သတင်းများက ဖော်ပြခဲ့သည်။ ရှောင်နှင့် မက်ဒေါနားတို့တွင် အသက်(၂၂)နှစ်အရွယ် ဒိုင်လန်နှင့် အသက်(၂၀)အရွယ် ဟူးပါးဆိုသော ကလေးနှစ်ဦးရှိသည်။ မက်ဒေါနားသည် ရှောင်နှင့် လမ်းခွဲပြီးနောက် (၂၀၀၀)ပြည့်နှစ်တွင် ဗြိတိသျှ ဒါရိုက်တာ ဂိုင်းရစ်ချီနှင့် လက်ထပ်ပြီး အသက်(၁၃)နှစ်အရွယ် ရော့ကိုဆိုသည့် သားငယ်တစ်ဦး ဖွားမြင်ခဲ့သည်။ မက်ဒေါနားတွင် ချစ်သူဟောင်း အကလေ့ကျင့်ရေးသမား ကားလို့စ်လီယွန်နှင့် ရရှိခဲ့သည့် အသက်(၁၆)နှစ်အရွယ် သမီးဖြစ်သူ လော့ဒရပ်လည်း ရှိနေသည်။

မက်ဒေါနားနှင့် ရှောင်တို့သည် အိမ်ထောင်သည် ဘဝတွင် အနုပညာ အလုပ်အတွက် နှစ်ကြိမ် ပေါင်းစည်းခဲ့ဖူးသည်။ ယင်းတို့သည် Shanghai Surprise ဇာတ်ကားတွင် အတူတွဲ သရုပ်ဆောင်ခဲ့ပြီး ရှောင်၏ နာမည်ကျော် ဇာတ်ကား At Close Rangeအတွက် ဇာတ်ဝင်သီချင်း Live To Tellကို မက်ဒေါနားက သီဆိုပေးခဲ့ဖူးသည်။ သို့သော်လည်း ရှောင်က မက်ဒေါနား၏ ခေါင်းကို ဘေ့စ်ဘောတုတ်ဖြင့် ရိုက်ခဲ့သည့်နောက် ၎င်းတို့နှစ်ဦး၏ ဆက်ဆံရေး စတင်ပျက်ယွင်းလာပြီး နောက် ထပ်(၂)နှစ်အကြာ (၁၉၈၉)ခုနှစ်တွင် တရားဝင် ကွာရှင်းခဲ့ကြသည်။

Planet Myanmar Network

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်