Friday, December 21, 2012

ဈေးချိုတော်အနီး တစ်ကိုယ်တော် လမ်းလျှောက် ဆန္ဒဖော်ထုတ်

Posted by drmyochit Friday, December 21, 2012, under | No comments


ယနေ့ (ဒီဇင်ဘာ ၂၀) ညနေ (၄)နာရီခန့်မှ စတင်ကာ ၄ နာရီခွဲ အချိန်ထိ ဈေးချိုတော် အနီးတွင် ကုန်ဈေးနှုန်း ကျဆင်းရေး အဖွဲ့ဟုခေါ်သည့် အဖွဲ့တစ်ခုမှ ကိုထင်ကျော် ဆိုသူက တစ်ကိုယ်တော် လမ်းလျှောက် ဆန္ဒထုတ်ဖော်ပွဲ ပြုလုပ်ခဲ့သည်။

အစိုးရ၏ လိုအပ်ချက်များ၊ လစ်ဟာမှုများ၊ မမျှတသည့်တရားဥပဒေများကို လမ်း တစ်လျှောက် ကြွေးကြော်ခဲ့ပြီး ကတိမတည်သော ပြည်ထောင်စုအစိုးရဟုခေါင်းတပ်ထားသည့် စာရွက်များကိုလည်း လမ်းတလျောက် ဝေငှခဲ့သည်။ ၄င်းက စီတန်းလှည့်လည်ခွင့်ဆိုင်ရာ နည်းဥပဒေပါ စာရွက်ကို လည်းကိုင်ဆောင် ဆန္ဒထုတ်ဖော်ခဲ့သည်။

လက်ပန်းတောင်အကြမ်းဖက်ဖြိုခွင်းမှူကိစ္စကိုလည်း နောက်ကွယ်မှကြိုးကိုင်သူများကို ဖော်ထုတ်ပေးရန် လည်း တောင်းဆိုခဲ့သည်။ ထို့နောက် ညနေ(၄း၃၀)ခန့် ၈၄ လမ်း ၂၉ လမ်းနှင့် လမ်း ၃၀ ကြားတွင် ဆန္ဒ ထုတ်ဖော်ထုတ်မှု ကိုရပ်နားကာ အသင့်လာကြိုသည့်ကားပေါ်တက်သွားခဲ့သည်။

ဓာတ်ပုံ- ညီညီဇော်

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်