Friday, December 21, 2012

မန္တလေး - မြစ်ကြီးနား ကုန်တင်ရထားအား KIA အဖွဲ့မှ မိုင်းခွဲတိုက်ခိုက်

Posted by drmyochit Friday, December 21, 2012, under | No comments













(၂၁-၁၂-၂၀၁၂) ရက်နေ့ နံနက် (၁: ၁၅) အချိန်ခန့်တွင် မန္တလေးမှ မြစ်ကြီးနားသို့ ထွက်ခွာလာသည့် အမှတ် (၉၀၃) အဆန် ကုန်တင်ရထားအား မိုးညှင်းနှင့် နမ်းမားဘူတာကြား မိုင်တိုင် ( ၆၄၃) အနီးတွင် KIA အဖွဲ့မှ မိုင်းခွဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။ မိုင်းခွဲတိုက်ခိုက်မှုကြောင့် ကုန်တွဲ (၃) တွဲ လမ်းချော်ကာ မှောက်သွားပြီး လူ (၃) ဦးဒဏ်ရာရရှိခဲ့သည်။

မိုးညှင်းမြို့နေ ဒေသခံပြည်သူတစ်ဦးက “ အရင်က KIA အဖွဲ့တွေက ရထားမရှိတဲ့အချိန် ရထားလမ်း တွေကို ဖောက်ခွဲဖျက်ဆီးတာများတယ်။ အခုလိုရထားလာနေတဲ့အချိန် ဖောက်ခွဲတာကတော့ ခရီး သည်တွေ အတွက် အရမ်းပဲ အန္တရယ်များပါတယ်။ တော်သေးတာပေါ့ဗျာ ။ ကုန်ရထားဖြစ်နေလို့။ ခရီးသည် တင်ရထား ဆိုရင်တော့ လူတွေတော်တော်သေကြမှာ” ဟုပြောဆိုသွားသည်။

မိုင်းပေါက်ကွဲမှုကြောင့် ရထားလမ်း (၂) ပေခန့် ပြတ်တောက်သွားပြီး လမ်းကြောင်းပိတ်ဆို့မှုများ ဖြစ်ပွားနေကြောင်း သိရှိရသည်။ အစိုးရတပ်နှင့် KIA အဖွဲ့ အပစ်အခတ်ရပ်စဲမှု ပျက်ပျယ်ချိန်မှစ၍ KIA တို့ အနေ ဖြင့် ရထားလမ်းဖောက်ခွဲမှု ( ၃၂ ) ကြိမ် ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

( ၎င်းကဲ့သို့ ဖောက်ခွဲမှုများနှင့် ပတ်သက်၍ KIA ပြောရေးဆိုခွင့်ရှိသူ ဦးလနန်းမှ မြန်မာစစ်တပ်များ အသုံး မပြု နိုင်အောင် ကြိုတင် ကာကွယ်ခြင်းဖြစ်ကြောင်း အမြဲပြောဆိုလေ့ရှိသည်။ )

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်