Friday, December 21, 2012

အင်တာနက်သတင်းဝက်ဆိုဒ်များမှပြန့်ခဲ့သော ကျိုက်ထီးရိုးစေတီတော်ကင်မွန်းစခန်းအား ကေအန်ယူ အဖွဲ့မှ ၀င်စီးဟူသော သတင်းသည် မှားယွင်း

Posted by drmyochit Friday, December 21, 2012, under | No comments

ဒီဇင် ဘာလ ၂၀ ရက်နေ့ နံနက်ပိုင်း မှစတင်၍ အင်တာနက် သတင်းဝက် ဆိုဒ်များတွင် ကျိုက်ထီးရိုး ကင်မွန်း စခန်းအား ကေအန်ယူ လက်နက်ကို င်အဖွဲ့မှ ဒီဇင်ဘာ ၁၉ရက်နေ့တွင် ၀င်စီးကာ ဆတ်ကြေး တောင်း ဟူသော သတင်းများ ထွက်ပေါ် ခဲ့သည်။

အဆိုပါသတင်းနှင့်ပတ်သက်ရွေ့ ကျိုက်ထီးရိုးတောင်တက်မော်တော်ယာဉ်အသင်း အားဆက်သွယ်မေးမြန်း ရာတွင် “ အင်တာနက် သတင်းပါ အချက်အလက်များသည်မှားယွင်းပါကြောင်းသတင်းရရှိသည်။ဖြစ်စဉ် အမှန် မှာ ဒီဇင် ဘာ၁၄ရက်နေ့ညနေ၅နာရီခွဲခန့်တွင် ကေအန်ယူလက် နက်ကိုင်အဖွဲ့ဟု ယူဆရသော အင်အား ၆ ဦးခန့်သည်၁၀မိနစ်ကုန်းသို့ လက်နက်ကိုင်ဆောင်ကာ ရောက်ရှိ လာပြီး ယာဉ်လိုင်း တာဝန်ရှိ သူ တစ်ဦးအားလာမည့် ဒီဇင်ဘာ ၂၁ ရက်နေ့တွင်တောင်တက်မော်တော်ယာဉ်တစ်စီးလျှင် ကျပ် ၅ သိန်းနှုန်းဖြင့် ဆတ်ကြေးပေးသွင်းရန် ပြောဆိုခဲ့ကြောင်း၊ ယင်းနောက် စေတီတော် ယာဉ်ပြင်တော်မှ လူနာ တင်ဆောင် မောင်းနှင် လာသည့်မော်တော်ယာဉ်အား ရပ်တန့်စေပြီး ယာဉ်နှင့် အတူ လိုက်ပါကာ ကင်မွန်း စခန်းသို့ ထွက်ခွါသွားခဲ့ပါကြောင်း၊

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်ရွေ့ တာဝန်ရှိသူများသိရှိသွားသဖြင့် ည ၇နာရီခန့်အချိန်တွင် ကေအန်ယူဆက်ဆံရေးရုံးမှဦးအောင်သောင်းသိန်းနှင့်အဖွဲ့ဝင်များတောင်တက်မော်တော်ယာဉ်ရုံးသို့ရောက်ရှိ လာပြီး တာဝန်ရှိသူများနှင့်တွေ့ဆုံခဲ့ပါကြောင်း၊

၁၀ မိနစ်ကုန်း ဖြစ်စဉ်တွင် လုပ်ဆောင်ခဲ့သော တပ်ဖွဲ့ဝ င်များသည် အထက် လူကြီးများ မသိရှိပဲ လူကြီးများ မရှိခိုက် အရက်သေ စာသောက်စား မူးယစ်နေခြင်း ကြောင့်ဖြစ် ပွားခဲ့ခြင်းဖြစ် သည့်အတွက် အဖွဲ့ ကိုယ် စားတောင် ပန်ပါကြောင်း၊ စိုးရိမ်ကြောက်လန့်မှု မရှိရန်နှင့် ဆတ်ကြေးပေးသွင်း မှုကိုလည်း ဆောင်ရွက်ရန် မလိုပါကြောင်းနှင့်နောက်နောင်မဖြစ်ပွါးစေရန်အတွက်ကိုလည်းပြောဆိုဆွေးနွေးသွားခဲ့ပါကြောင်း၊ထိုဖြစ် စဉ်ဖြစ် ပွားပြီးပွားစေရေးအတွက်ကိုလည်း ထိန်းသိမ်းပေး သွားမည်ဖြစ် ပါကြောင်းဖြင့်ပြော ဆိုခဲ့ ပါကြောင်းရွှေမြန်မာမီဒီယာဂရုမှသိရသည်။

ဒီဇင်ဘာ ၁၉ ရက်နေ့ ညနေပိုင်းတွင် အဆိုပါ ၁၀မိနစ်ကုန်းသို့ လက်နက်ကိုင်၂ ဦး မျက်စိလည် လမ်း မှားရောက် ရှိလာပြီး ကလေး ကစားစရာ ၀ါးသေနတ်ပြု လုပ်နေသော အမျိုး သမီး တစ်ဦးအား စွန်တောင်သို့ သွားရောက်မည့် လမ်းကို မြန်းခဲ့ခြင်း သာရှိခဲ့ပြီး ပစ်ခတ်မှုဖြစ် စဉ်များနှင့် ၀င်ရောက် စီးနင်း မှုဖြစ် စဉ်များ ပေါ်ပေါက်ခဲ့ခြင်းမရှိခဲ့ပါကြောင်း” ပြောကြားခဲ့သည်။

ပွင့်လင်းရာသီရောက်သည်နှင့်ဆံတော်ရှင်ကျိုက်ထီးရိုးစေတီတော်သည်ဘုရားဖူးများဖြင့် စည်ကားနေ လျက်ရှိ ပြီး ယခုနှစ်ဒီဇင်ဘာလအတွင်း ဘုရားဖူးများ များပြားခြင်းကြောင့် တည်းခိုးခန်းနှင့် ဟိုတယ်များ ပင်နေ ရာလပ်မကျန်သည်အထိပြည့်နှက်သည်အထိ ဖြစ်ခဲ့သည်။


အင်တာနက်သတင်းတွင် ရေးသားဖော်ပြခဲ့သည့် ဒီဇင်ဘာလ ၂၀ ရက်နေ့တွင် ပင်တောင်တက် ယာဉ် (၁၀၀) စီးခန့် (ဘုးရားဖူး ၅၀၀၀ခန့်) လာရောက်ဖူးမြှော်ခဲ့ပြီးအေးချမ်းတည်ငြိမ်လျက်ပင်ရှိနေကြောင်း သတင်း ရရှိသည်။


မင်းနန္ဒကျော်
ရွှေမြန်မာမီဒီယာဂရု 

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်