Friday, December 21, 2012

ပြည်သူလူထုသို့ အသိပေးကြေညာချက်

Posted by drmyochit Friday, December 21, 2012, under | No comments


From : လျှပ်စစ်စွမ်းအားဝန်ကြီးဌာန 

၁၇-၁၂-၂ဝ၁၂ ရက်နေ့ နံနက် ၅ နာရီတွင် ရတနာတွင်းတူးစင်ရှိ ဓာတ်ငွေ့ပို့လွှတ်မှုဆိုင်ရာ လျှပ်စစ် ထိန်းချုပ်စနစ် ချွတ်ယွင်းသည့်အတွက် ပြည်တွင်းသို့ ကမ်းလွန် သဘာဝဓာတ်ငွေ့ပို့လွှတ်မှု ခေတ္တရပ်ဆိုင်း ခဲ့ရပါသည်။

ယင်းသို့ ရပ်ဆိုင်းခဲ့ရသည့်အတွက် မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းမှ ချွတ်ယွင်းမှုများအား အမြန်ပြုပြင်ဆောင်ရွက်လျက်ရှိပြီး ပြုပြင်ဆောင်ရွက်မှုများ မပြီးစီးမီကာလအတွင်း ရန်ကုန်တိုင်း ဒေသကြီးရှိ ဓာတ်အားပေးစက်ရုံများနှင့် ရွှေတောင်၊ မြန်အောင်ရှိ ဓာတ်အားပေးစက်ရုံများ ရပ်တန့်ရသည့် အတွက် ဓာတ်အားထုတ်လုပ်မှု ၃၁ဝ မဂ္ဂါဝပ်ခန့် လျော့နည်းသွားခဲ့ပါသည်။

မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းမှ ကြိုးပမ်းဆောင်ရွက်မှုများကြောင့် ၁၇-၁၂-၂ဝ၁၂ ရက်နေ့ နံနက် ၁ဝ နာရီတွင် ကမ်းလွန် သဘာဝဓာတ်ငွေ့ ကုဗပေသန်း ၆ဝ ကိုလည်းကောင်း၊ နံနက် ၁၁ နာရီတွင် ကုဗပေ သန်း ၉ဝ ထိလည်းကောင်း၊ မွန်းလွဲ ၁ နာရီတွင် ကုဗပေ သန်း ၁၁ဝ ထိ လည်းကောင်း၊ ၁၈-၁၂-၂ဝ၁၂ ရက်နေ့ နံနက် ၄ နာရီတွင် ကုဗပေ သန်း ၁၂၄ ထိလည်းကောင်း၊ ၁၉-၁၂-၂ဝ၁၂ ရက်နေ့ နံနက် ၅ နာရီတွင် ကုဗပေ သန်း ၁၄၈ ထိလည်းကောင်း အဆင့်ဆင့် ပြန်လည်တိုးမြှင့် ပို့လွှတ်နိုင်ခဲ့ပါသည်။

သို့ရာတွင် ကမ်းလွန်သဘာဝဓာတ်ငွေ့ အပြည့်အဝ ပို့လွှတ်နိုင်ခြင်း မရှိသေးသည့်အတွက် ရွှေတောင်နှင့် မြန်အောင် ဓာတ်ငွေ့စက်ရုံများမှ ဓာတ်အားထုတ်လုပ်မှု ၂၈ မဂ္ဂါဝပ်ခန့် လျော့နည်းခဲ့ပြီး ရန်ကုန်ရှိ သဘာဝ ဓာတ်ငွေ့ သုံးစက်များ ဓာတ်အားထုတ်လုပ်မှု ၃၀ မဂ္ဂါဝပ်ခန့် ကျဆင်းခြင်းတို့ကြောင့် ဓာတ်အားစနစ် အတွင်း ဓာတ်အားထုတ်လုပ်မှု စုစုပေါင်း ၅၈ မဂ္ဂါဝပ်ခန့် လျော့နည်းခဲ့ရပါသည်။

ယင်းသို့ ဓာတ်အားထုတ်လုပ်မှု ကျဆင်းချိန်တွင် ဓာတ်အားစနစ်အတွင်းရှိ တိုင်းဒေသကြီးနှင့် ပြည်နယ်အချို့၌ အချိန်ပိုင်းအလိုက် ဝန်အား လျော့ချ၍ ဓာတ်အားဖြန့်ဖြူးခြင်းများ ဆောင်ရွက်ခဲ့ရပါသည်။

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန အနေဖြင့် ဓာတ်အားထုတ်လုပ်မှု လျော့နည်းစဉ် ကာလအတွင်း ရေအား လျှပ်စစ် ဓာတ်အားပေး စက်ရုံများမှ လျှပ်စစ်ဓာတ်အား တိုးမြှင့်ထုတ်လုပ် ဖြည့်တင်းပေးလျက်ရှိပြီး ဓာတ်အား စနစ် တည်ငြိမ်မှုလျော့ကျခြင်းကို ထိန်းချုပ်နိုင်ရန်နှင့် အများပြည်သူ သုံးစွဲမည့် ဗို့အားကျ ဆင်းခြင်း တို့ကို ထိန်းသိမ်းနိုင်ရန်နှင့် အများပြည်သူ သုံးစွဲမည့် ဗို့အားကျဆင်းခြင်းတို့ကို ထိန်းသိမ်းနိုင်ရန် ကြိုးပမ်းစီမံ ဆောင်ရွက်လျက် ရှိပါကြောင်းနှင့် ယနေ့ ၁၉-၁၂-၂ဝ၁၂ ရက်နေ့ ညပိုင်းတွင် ပြန်လည်ပြုပြင် ပြီးစီးမည် ဖြစ်ပါသည်။

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်