Friday, December 21, 2012

ဒေါ်အောင်ဆန်းစုကြည်၏ ကော့သောင်းခရီးစဉ် အချိန်အပြောင်းအလဲမရှိ

Posted by drmyochit Friday, December 21, 2012, under | No comments


ကော့သောင်း၊ ဒီဇင်ဘာ - ၂၁
မြန်မာနိုင်ငံတောင်ပိုင်းဒေသများသို့ သွားရောက်မည့် ဒေါ်အောင်ဆန်းစုကြည်၏ ခရီးစဉ်သည် လေ ယာဉ် ထွက်ခွာချိန် အပြောင်းအလဲကြောင့် ခရီးစဉ်အချိန်ဇယား အပြောင်းအလဲဖြစ်မည်ဟု သတင်း ထွက်ပေါ် ခဲ့သော်လည်း မူလအတိုင်းပင် ဆက်လက်ထွက်ခွာမည်ဖြစ်ကြောင်း ကော့သောင်းနှင့် ရန်ကုန်မှ NLD အဖွဲ့ဝင်များက ပြောသည်။

ဒီဇင်ဘာ ၂၂ ရက် နံနက် ၇ နာရီတွင် ရန်ကုန်လေဆိပ်မှ ကော့သောင်းမြို့သို့ ထွက်ခွာရန် ကြိုတင် လက် မှတ်စီ စဉ်ထားသော အဆိုပါ ခရီးစဉ်တွင် လေယာဉ်သည် လေးနာရီခွဲခန့် အချိန်နောက်ဆုတ်ပြီးမှ ထွက်ခွာ မည်ဟု သတင်းထွက်ပေါ်ခဲ့သော်လည်း ညှိနှိုင်းမှုများ အဆင်ပြေသွားပြီ ဖြစ်သောကြောင့် မူလစီ စဉ်ထား သည့် အတိုင်းပင် ဆက်လက်ထွက်ခွာမည်ဟု ဒေါ်အောင်ဆန်းစုကြည်၏ မိသားစုဆရာဝန် ဒေါက်တာ တင်မျိုး ၀င်းက ပြောသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နှင့် ၎င်း၏အဖွဲ့သည် ကော့သောင်း-မြိတ်-ကျွန်းစု-ကံမော် ခရီးစဉ်အဖြစ် ဒီဇင်ဘာ ၂၂ မှ ၂၄ အထိ သွားရောက်မည်ဖြစ်သည်။

ယင်းခရီးစဉ်အတွင်း ဒေါ်အောင်ဆန်းစုကြည်သွားရောက် ဟောပြောမည့် ကံမော်ကျေးရွာတွင်လည်း ၎င်းဟောပြောမည့် မြေနေရာကို ရှင်းလင်းစဉ် ဒီဇင်ဘာ ၁၄ ရက်က မည်သည့်အရာမှ ပေါက်ကွဲသည်ဟု အတည်မပြုနိုင်သေးသည့် အသေးစားပေါက်ကွဲမှု တစ်ခုဖြစ်ပွားခဲ့သည်။ အဆိုပါ ဖြစ်စဉ်အပြီးတွင် ခရီးစဉ်ကို ဖျက်သိမ်းမည်မဟုတ်ဘဲ မူလအတိုင်းသွားရောက်မည်ဖြစ်ကြောင်းကို NLD သတင်း မီဒီယာ များမှ တစ်ဆင့် ထုတ်ပြန်ပြောဆိုမှုများ ပြုလုပ်ခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည် ပထမဆုံးအကြိမ်အဖြစ် လာရောက်မည့် ကော့သောင်းမြို့တွင်လည်း ၎င်းအား ထောက်ခံအားပေး သူများက ကြိုဆိုပွဲများ ပြုလုပ်ရန် စီစဉ်လျက်ရှိပြီး ကော့သောင်းမြို့ လမ်းဆုံလမ်းခွများ၌ ကြိုဆိုသည့် ဗီနိုင်းဘုတ်များ၊ NLD အလံများ ဆိုက်ထူကာ ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်လျက်ရှိသည်။

ခရီးစဉ်အတွင်း လုံခြုံရေးကိစ္စများအတွက် အထူးပြင်ဆင်နေပြီး သက်ဆိုင်ရာကလည်း ပူးပေါင်းကူညီမှုများ ရရှိခဲ့သည်ဟု ကော့သောင်းမြို့သို့ ရောက်ရှိနေသည့် လောင်းလုံမြို့နယ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးအောင်စိုးက ပြောသည်။



7Day News

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်