Friday, December 21, 2012

စိတ်ကြွဆေးပြားများ ဖမ်းဆီးရမိ

Posted by drmyochit Friday, December 21, 2012, under | No comments


နေပြည်တော်၊ ဒီဇင်ဘာ ၂၀
၁၉-၁၂-၂၀၁၂ ရက်နေ့ ၀၈၀၀အချိန် မန္တလေးတိုင်းဒေသကြီး ၊ မန္တလေး(တောင်)မူးယစ်(အထူး)အဖွဲ့မှ တပ်ဖွဲ့ဝင် များသည် မူးယစ်ဆေးဝါးသတင်းအရ ရမည်းသင်းမြို့နယ် ၊ ၀ါတိုးအလယ်ရပ်ကွက်၊ ရန်ကုန်-မန္တလေး ကားလမ်းမကြီးဘေးရှိ ရွှေအာရုံဦး ကားလက်မှတ်အရောင်ဂိတ်အတွင်း လျှိုမြင့်စီ(ခ) အားဝူ ကျဲနှင့်အောင်စိုး တို့ ၂ဦး အား သက်သေများနှင့်အတူ ရှာဖွေစစ်ဆေးခဲ့သည်။ ထိုသို့ရှာဖွေခဲ့ရာ လျှိုမြင့်စီ လွယ်ထားသည့် ဘေးလွယ်အိတ် အတွင်း၊ ကြွပ်ကြွပ်အိတ်ဖြင့် ထည့်ထားပြီး မှိုင်းခံစက္ကူဖြင့်ထုပ်လျက် အပြာရောင် ကပ်ခွာအိတ်အတွင်းမှ 88နှင့်/1 စာတန်းပါ ပန်းရောင်စိတ်ကြွရှူးသွပ်ဆေးပြား ၂၀၀ပြားပါ ၄ ထုပ်၊ နံဘေး အိတ်အတွင်း ပလပ်စတစ်အိတ်ဖြင့် ထုပ်ထားသည့် 88နှင့်/1 စာတမ်းပါ ပန်းရောင် စိတ်ကြွ ရူးသွပ်ဆေးပြား ၁၀ ပြားပါ ၁ ထုပ်၊ စုစုပေါင်း ဆေးပြား ၈၁၀ ပြား၊ အလေးချိန်(၈)ဂရမ်၊ တန်ဖိုးငွေကျပ် (၄၀၅၀၀၀၀ိ/-)၊ လက်ကိုင်ဖုန်း၂ လုံးတို့အား သိမ်းဆည်းရမိခဲ့ သဖြင့် ရမည်းသင်းရဲစခန်း မယ(ပ)၃/၂၀၁၂၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေပုဒ်မ ၁၅/၁၉(က)/၂၁ ဖြင့် အမှုဖွင့် အရေး ယူထားကြောင်း သတင်းရရှိသည်။

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်