Friday, December 21, 2012

ရိုဟင်ဂျာ အရေး တစ်ကြိမ်မှ ဆန္ဒထွက်မပြခဲ့တဲ့ ကုလားပြည်ရောက် မြန်မာများ သမ္မတကြီးလာမှ ဆန္ဒပြကြ

Posted by drmyochit Friday, December 21, 2012, under | No comments


ရိုဟင်ဂျာ အရေး တစ်ကြိမ်မှ ဆန္ဒထွက်မပြခဲ့တဲ့ ကုလားပြည်ရောက် မြန်မာများမှ မိမိနိုင်ငံ သမ္မတကြီး လာမှ ဆန္ဒပြကြခဲ့ကြကြောင်း သတင်းရရှိပါတယ်။ သမ္မတကြီး ဦးသိန်းစိန်ဟာ ဒီကနေ့မနက်မှာပဲ အိန္ဒိ ယနိုင်ငံ နယူးဒေလီမြို့မှာ ကျင်းပမယ့် အကြိမ် ၂၀မြောက် အာဆီယံ-အိန္ဒိယထိပ်သီး အစည်းအဝေးကို တက်ရောက် ဖို့ ရောက်ရှိလာပြီဖြစ်ပါတယ်။ ဒီလိုအိန္ဒိယနိုင်ငံကို သမ္မတဦးသိန်းစိန် လာရောက်တဲ့ အချိန်မှာပဲ အိန္ဒိယရောက် မြန်မာ့ဒီမိုကရေစီရေး လူပ်ရှားသူတွေက ထိုင်သပိတ် ဆန္ဒပြနေကြပါတယ်။

ဆန္ဒပြသူတွေရဲ့ အဓိကတောင်းဆိုချက်ကတော့ ပြေလည်ပြီးသား ဖြစ်နေတဲ့ လက်ပံတောင်းတောင် အရေးမှာ သံဃာတော် တောင်းပန်ရေး နဲ့ ဒေါ်အောင်ဆန်းစုကြည် ဥက္ကဌ လုပ်နေတဲ့ စုံစမ်းမှု အကြောင်းတွေ ပဲဖြစ်ပါတယ်။

ဆန္ဒပြ ခေါင်းဆောင် ဦးကျော်ဆန်းမှ ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ စုံစမ်းရေးကော်မရှင်ကိုလည်း မကျေ နပ်ကြောင်း ပြောပါတယ်။ 

"အခုလိုလက်ပံတောင်းအရေးစုံစမ်းစစ်ဆေးမှုတွေကို သမ္မတအနေနဲ့ -ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ စုံစမ်းစစ်ဆေးရေး ကော်မရှင်ဖွဲ့ပြီး စစ်ဆေးပေးနေပေမယ့် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကော်မရှင်က ထုတ်ပြန်ချက်တွေ အပေါ်မှာ ကျေနပ်အားရမှု မရှိဘူး " လို့လည်း ဦးကျော်သန်းက ဆက်ပြောပါတယ်။

ထိုင်သပိတ်ငါးရက်တာ အဆုံးသတ်ပြီး ဒီဇင်ဘာလ ၂၁ရက်နေ့မှာတော့ အာဆီယံ- အိန္ဒိယ ထိပ်သီး အစည်းအဝေး ကျင်းပတဲ့ နေရာ အနီးနားအထိ ချီတက်ဆန္ဒပြမှုပြုလုပ်ကြမယ်လို့ သိရပါတယ်။ အခုအချိန် မှာတော့ အိန္ဒိယနိုင်ငံအတွင်းမှာ အာဆီယံထိပ်သီး အစည်းအဝေးကျင်းပနေတာက တကြောင်း၊ နောက်ပြီးတော့ အိန္ဒိယမှာ အကြမ်းဖက်တိုက်ခိုက်မှုတွေဖြစ်ပွားမှာစိုးတဲ့အတွက်လည်း လုံခြုံရေးကို တင်းတင်း ကျပ်ကျပ်ချထားတယ်လို့လည်း သိရပါတယ်။

အိန္ဒိရောက် မြန်မာများဟာ အချိန်အကြာမြှင့်စွာ ဖြစ်ပွားနေတဲ့ ကုလား နှင့် ရခိုင် ပြဿနာ နှင့် ပတ်သက် ပြီး တစ်ကြိမ်တစ်ခါမှ ဆန္ဒပြခဲ့ဖြင်းမရှိသလို အယ်လ်ဂျာဇီးရား မှ လုပ်ကြံထုတ်လွှင့်မှုများကိုလည်း တစ်စုံ တရာ ဝေဖန်ခဲ့တာမျိုး လုံးဝမရှိချေ။

ရိုဟင်ဂျာအရေးအား ထိုင်း၊ ဂျပန်၊ အမေရိကန် နှင့် အခြားနိုင်ငံမှ မြန်မာများသာ ဆန္ဒပြခဲ့ပြီး အိန္ဒိယရောက် မြန်မာများ မပြရဲကြပဲ မိမိနိုင်ငံ သမ္မတကိုသာ ဆန္ဒပြကြသဖြင့် မြန်မာလူထုမှ အိန္ဒိယရောက် မြန်မာများအား စိတ်ပျက်လျှက်ရှိကြောင်း သိရပါတယ်။

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်