Friday, December 21, 2012

တရုတ်ပြည်သို့ ရောင်းစားခံထားရသည့် မြန်မာအမျိုးသမီးပေါင်း သောင်းဂဏန်းပမာဏအထိရှိနေ

Posted by drmyochit Friday, December 21, 2012, under | No comments


တရုတ်နိုင်ငံသို့ မြန်မာနိုင်ငံမှ အဓမ္မထိမ်းမြားလက်ထပ်မှု ပြုလုပ်ရန် ရောင်းစားခံထားရသည့် အမျိုး သမီး ပမာ ဏမှာ သောင်းဂဏန်းအထိ ရှိနေပြီဖြစ်ကြောင်း မြန်မာနိုင်ငံ လူကုန်ကူးမှုဗဟိုတွင် ဆယ်နှစ်ကြာ တာဝန် ထမ်းဆောင်ခဲ့သူ၊ ရဲမှူးကြီး ရာလျံမုန်း (အငြိမ်းစား)က ပြောကြားခဲ့သည်။

'' မြန်မာနိုင်ငံ၊ ထိုင်းနိုင်ငံမြောက်ပိုင်းနဲ့ ကမ္ဘောဒီးယားတို့ကနေ တရုတ်နိုင်ငံကို ရောင်းစားခံရတဲ့ အမျိုး သမီးတွေ အများကြီး ရှိနေတယ်။ မြန်မာအမျိုးသမီးတွေဆိုလည်း သောင်းဂဏန်းမကရှိနေတယ်။ ရုပ်ရည်နဲ့ အသက် အရွယ်ကိုကြည့်ပြီး အရောင်းအ၀ယ်ဖြစ်နေကြတယ်'' ဟု ၎င်းက ဆက်လက် ပြောကြားခဲ့သည်။

မြန်မာအမျိုးသမီးများကို တရုတ်နိုင်ငံသို့ ရောင်းစားရာတွင် နိုင်ငံအတွင်း အမျိုးသမီး ပြတ်လပ် မှုဖြစ်ပေါ်နေသော တရုတ် အမျိုးသား များက ဇနီးမယားအဖြစ် ပေါင်းသင်းရန် ၀ယ်ယူခြင်းဖြစ်ပြီး မြန်မာ အမျိုး သမီး တစ်ဦးကို ဘုံမယားအဖြစ် အဓမ္မပေါင်းသင်းသည့် အဖြစ်မျိုးပါ ဖြစ်ပေါ်နေသည်ဟု သိရသည်။

လူကုန်ကူးမှုမှာ လွန်စွာအကျိုးအမြတ်ရရှိသော အလုပ်ဖြစ်နေပြီး ၂၀၁၁ ခုနှစ်အတွင်း ဖြစ်ပွားခဲ့သော လူကုန်ကူး မှုများတွင် ချစ်သူရည်း စားအဖြစ် ဟန်ဆောင် လက်ထပ်ပြီးမှ တစ်ဘက်နိုင်ငံသို့ ရောင်းစား သည့်နည်းလမ်း အထူးတွင်ကျယ်ခဲ့သည်ဟု ရဲမှူးကြီး ရာလျံမုန်း(အငြိမ်းစား)က ဆက်လက် ပြောကြား ခဲ့သည်။

'' အချို့က မိန်းကလေးကို ချစ်သူရည်းစားဟန်ဆောင်ပြီး တစ်ဘက်နိုင်ငံရောက်မှ ရောင်းစားရုံသာမကပဲ လက်ထပ် စာချုပ်မှာ လတ်မှတ်ထိုးပြီးမှ တစ်ဘက်နိုင်ငံကို ခေါ်သွားပြီး ရောင်းစားတာတွေ ရှိတယ်။ တောင်ကြီး သားတစ်ယောက်ဆိုရင် အဲဒီလိုရောင်းစားနေတာ ကိုးယောက်မြောက်မိန်းမကျမှ မိတယ်'' ဟု ၎င်းက ပြောသည်။

တရုတ်နိုင်ငံသို့ လူကုန်ကူးမှုတွင် အမျိုးသမီးများကိုသာမကဘဲ ကလေးသူငယ်များကိုပါ မွေးစားရန် ရောင်းချခြင်း များ ရှိနေကြောင်း သိရသည်။မြန်မာနိုင်ငံတွင် ဖြစ်ပွားသည့် လူကုန်ကူးမှုများ၏ ၇၀ ရာခိုင်နှုန်းမှာ မြန်မာအမျိုးသမီးများကို တရုတ်နိုင်ငံသို့ အဓမ္မလက်ထပ်ရန် ပို့ဆောင်ရောင်း စားခြင်းဖြစ် ကြောင်း သိရသည်။

၂၀၀၆ ခုနှစ်မှ ၂၀၁၂ ခုနှစ် နိုဝင်ဘာလအထိ လူကုန်ကူးမှု ပေါင်း ၈၈၅ မှုကို ဖော်ထုတ်နိုင်ခဲ့ပြီး လူကုန်ကူး တရားခံ ၂၄၅၃ ဦးကိုလည်း အရေးယူနိုင်ခဲ့ကြောင်း သိရသည်။

Eleven Media Group

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်