Friday, December 21, 2012

လိုင်စင်မဲ့ယာဉ်များ ဖမ်းဆီးရမိ

Posted by drmyochit Friday, December 21, 2012, under | No comments


နေပြည်တော်၊ ဒီဇင်ဘာ ၂၁
၁၉-၁၂-၂၀၁၂ ရက်နေ့ ၀၈၁၅ အချိန် ကရင်ပြည်နယ်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များသည် ဘားအံမြို့နယ်၊ သံလွင် တံတားအား ဖြတ်သန်းသွားလာသည့် ယာဉ်များအား စစ်ဆေးခဲ့သည်။ ထိုသို့စစ်ဆေးခဲ့ရာ မြ၀တီမြို့၊ (၄)ရပ်ကွက် နေသူများဖြစ်သည့် အာကာ(၂၉)နှစ် မောင်းနှင်လာသော ၄ဂ/xxxx TOYOTA Funcago အဖြူရောင်ယာဉ်နှင့် ထွန်းလင်းအောင်(၂၆)နှစ် မောင်းနှင်လာသော ၇ဃ/xxxx TOYOTA Passo ခဲရောင်ယာဉ်တို့မှာ လိုင်စင်မဲ့ယာဉ်များ ဖြစ်ကြောင်း စစ်ဆေးသိရှိရသည်။

သို့ဖြစ်၍ ၁၇၂၀ အချိန် အာကာအား ဘားအံရဲစခန်း(ပ)၄၅၀/၂၀၁၂၊ ပို့ကုန်/သွင်းကုန်အက်ဥပဒေပုဒ်မ ၈ ဖြင့်လည်းကောင်း၊ ၁၇၂၅ အချိန် ထွန်းလင်းအောင်အား (ပ)၄၅၁/၂၀၁၂၊ အထက်ပါဥပဒေပုဒ်မ ၈ ဖြင့်လည်းကောင်း အသီးသီး အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်