Friday, December 21, 2012

မိုဘိုင်းဖုန်းလိုင်းများ ထမ်မံတိုးချဲ့တပ်ဆင်မည် ဖြစ်သောကြောင့် ရန်ကုန်၊ မန္တလေးနှင့် နေပြည်တော်တို့တွင် မိုဘိုင်းဖုန်းလိုင်းများ ယာယီပြတ်တောက်သွားမည်

Posted by drmyochit Friday, December 21, 2012, under | No comments



ရတနာပုံတယ်လီပို့မှ တာဝန်ယူ ဆောင်ရွက်လျက်ရှိသော 3G(UMTS) မိုဘိုင်းဖုန်းလိုင်းများ ထပ်မံတိုး ချဲ့တပ်ဆင် ဆောင်ရွက်သွားမည် ဖြစ်သောကြောင့် ရန်ကုန်၊ မန္တလေးနှင့် နေပြည်တော်တို့တွင် မိုဘိုင်းဖုန်း လိုင်းများ ယာယီပြတ်တောက်သွားမည်ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ သတင်းထုတ်ပြန် ချက်များ အရ သိရသည်။

ဖုန်းလိုင်းပြတ်တောက်မည့် နေရာမျာနှင့် အချိန်များမှာ ရန်ကုန်တွင်၂၁.၁၂.၂၀၁၂ ရက်နေ့တွင် နံနက် ၁း၃၀ မှ ၂ နာရီ နာရီဝက် ပြတ်တောက်သွားမည်ဖြစ်ပြီး ၂၂ ရက်နေ့တွင် ရန်ကုန်၌ နံနက် ၁း၃၀ မှ ၁း၄၅ မိနစ်ထိ ၁၅ မိနစ်၊၂၃ ရက်နေ့တွင် ရန်ကုန်တွင် ၁း၃၀ မှ ၁း၄၅ ထိ ၁၅ မိနစ်၊၂၇ ရက်နေ့တွင် မန္တလေြး့မိဲု့၌ နံနက် ၁း၃၀ မှ ၁း၄၅ ထိ ၁၅ မိနစ်၊ ၂၉ ရက်နေ့တွင် နေပြည်တော်၌ နံနက် ၁း၃၀ မှ ၁း၄၅ ထိ ၁၅ မိနစ်၊ ၃၀ ရက်နေ့တွင် မန္တလေးမြို့၌ ၁း၃၀ မှ ၂း၀၀ နာရာထိ နာရီဝက်၊ ၁ လပိုင်း ၄ ရက်နေ့တွင် မန္တလေးမြို့၌ ၁း၃၀ မှ ၁း၄၅ ထိ ၁၅ မိနစ် ပြတ်တောက်သွားမည်ဖြစ်ကြောင်း သိရသည်။

မိုဘိုင်းဖုန်းလိုင်းများ ပြတ်တောက်ရခြင်းမှာ ရန်ကုန်၊ နေပြည်တော်နှင့် မန္တလေးတို့တွင် ZTE အမျိုးအစား RNC, MWG စနစ်များ တိုးချဲ့လုပ်ကိုင်ခြင်းနှင့် ရန်ကုန်နှင့် မန္တလေးမြု့များတွင် RF Carrier ပြုလုပ်ခြင်းများ ဆောင်ရွက်နေသည့် နေ့ရက်အချိန်များတွင် မိုဘိုင်းဖုန်းလိုင်းများ ၁၅ မိနစ်မှ မိနစ် ၃၀ ထိ ယာယီပြတ်တောက်သွားမည် ဖြစ်ကြောင်း သိရသည်။

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်