Friday, December 21, 2012

လိုင်ဇာဌာနချုပ်ကို သုံးဖက်သုံးတန်မှ စစ်ဆင်ရန် အစိုးရပြင်ဆင်

Posted by drmyochit Friday, December 21, 2012, under | No comments


21 Dec 2012

အစိုးရသည် ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ (KIO) ဌာနချုပ်ကို တိုက်ခိုက်ရန် စစ်ဗျူဟာ (၃) ခုဖြင့် သုံးဖက် သုံးတန်မှ စစ်ဆင်ရန်ပြင် ဆင်နေသည်ဟု ပြောရေးဆိုခွင့်ရှိသူ ဦးလာနန်းက ဆိုပါသည်။

“ ကျနော်တို့ ဗဟိုကို လမ်းကြောင်း (၃) ခုကနေ ချဉ်းကပ်ဖို့သူတို့ ပြင်ဆင်နေတာရှိတယ်၊ ဂန်တောင်ယန် - ဝိုင်းမော် လမ်းကြောင်း၊ ဒေါ့ ဖုန်းယန်း - ဗန်းမော်လမ်းကြောင်း၊ စတန်ပါမှာ ဗျူဟာ တစ်ခု ဖွင့်ထားပြီး တစ်ကြောင်း ချထားတယ်၊ အဲဒီ သုံးကြောင်းနဲ့ ကျွှန်တော်တို့ဌာန ချုပ်ကို စစ်ဆင်ရေးကြီးလုပ်မယ့် အနေ အထား ရှိတယ်” ဟု KIA ပြောခွင့်ရ ဦးလနန်မှ ရွှေဟင်္သာ သတင်း ဌာနသို့ ပြောကြားခဲ့ပါသည်။

ဒေါ့ဖုန်းယန်း - ဗန်းမော် လမ်းကြောင်း၌ အစိုးရတပ် အင်အား (၄၀၀) ခန့် ရောက်ရှိ နေကြကာ စုစည်း လျက် ရှိသည်။ စတန်ပါ ဗျူဟာ လမ်းကြောင်း၌မူ အင်အား (၄၀၀) နီးပါးခန့် ရှိနိုင် သည်ဟု ခန့်မှန်း ပါသည်။ ဂန်တောင်ယန် - ဝိုင်းမော် လမ်းကြောင်း၌ စစ်ကား (၁၀) စီးဖြင့် အင်အား (၂၀၀) ကျော်နှင့် လက်နက်ကြီးများ ရောက်ရှိနေသည်ဟု ဆိုပါသည်။ ဤအင်အားသည် အနည်းဆုံး တပ်ရင်း (၈) ရင်းခန့် ရှိပါသည်။

ထို့အပြင် ယခုစစ်ဆင်ရေးအတွက် အသုံးပြုရန် အထူးတပ်ရင်းများ (ကွန်မန်ဒို) များလည်း ပါဝင်နေသလို ရဟတ်ယာဉ် များဖြင့် လေကြောင်း ပစ်ကူများ ပိုမိုအသုံးပြုပြီး လက်နက်ကြီးများကို ယခင်ကထက် ပိုမိုအ သုံးပြု ဖွယ် ရှိနေပါသည်။

အစိုးရ၏ လက်နက်ကြီးပစ်ကူများနှင့် လေကြောင်း ပစ်ကူများသည် ရှေ့တန်းမြေပြင်ရှိ ခြေလျင်တပ်ဖွဲ့များ ရှေ့သို့  မတိုးနိုင်သည့် အခြေ အ နေ၌ ရှေ့တိုးနိုင်ရန်အတွက် KIA ခံစစ်ကြောင်း ယူထားသည့် နေရာများ ကို အဓိက ပစ်ကူပေးရန် ဖြစ်သည်ဟု ဆိုပါသည်။

“ဒီလို ပြင်ဆင်မှုတွေကိုကြည့်ရင် ဒါဟာ ကျွှန်တော်တို့ လိုင်ဇာကို စစ်ဆင်ရေး လုပ်မယ့် အနေအထားလို့ တွက်လို့ ရပါတယ်၊ ဒီနေရာမှာ သူတို့ကလက်နက်ကြီးနဲ့ လေကြောင်းပစ်ကူကို အဓိကထားပြီး ပြင်းပြင်း ထန်ထန်ကို အရင်တိုက်လာနိုင်ဖွယ်ရှိပါတယ်၊ ဒါပေမဲ့ သူတို့ထင် သလို ဖြစ်ချင်မှဖြစ်မှာပါ” ဟု ဆိုပါသည်။

လက်ရှိအခြေအနေ၌ အစိုးရတပ်များသည် လိုင်ဇာဌာနချုပ် အနီးဆုံနေရာ အနီးသို့ အစိုးရတပ်များ ချဉ်းကပ်ရောက်ရှိနေပြီး ဖြစ်သည့်အ တွက် ယခုရက်ပိုင်းများအတွင်း တိုက်ပွဲကြီးများ ပြင်းထန်စွာ ထပ်မံဖြစ်ပွား လာနိုင်ဖွယ်ရှိသည်ဟု KIA မှ တွက်ဆထားပါသည်။

ပြီးခဲ့သည့် ဒီဇင်ဘာလ (၁၄) လဂျားယန်စစ်ဆင်ရေး၌ အစိုးရသည် အင်အား (၄၀၀) ခန့်သုံးပြီး စစ်ဆင်ရာတွင် တရာကျော် ခန့်သည် ထိ ခိုက်ဒါဏ်ရာရခဲ့ပြီး အလောင်းများပြန့်ကျဲပြီး ကျန်ခဲ့သည့်အပြင် သုံ့ပန်းပါ ဖြစ်စေခဲ့ပါသည်။ သုံ့ပန်းများ၏အဆိုအရ အစိုးရတပ်ဖွဲ့တွင် အ ခြေအနေအရ ဒါဏ်ရာရရဲဘော်များကို ထားပစ်ခဲ့ရမည်ဆိုလျှင် ပစ်သတ်ရန်အမိန့်ပေးထားခဲ့သည်ဟု ထွက်ဆိုခဲ့ပါသည်။ လဂျားယန် တိုက်ပွဲ၌ မိသော ဒါဏ်ရာရ သုံ့ပန်းများအဆိုအရ ၄င်းတို့၏ ရဲဘော်ရဲဖက်များက မပစ်သတ်ဘဲ ထားခဲ့လို့သာ အသက်ရှင်သန်ခွင့် ရခဲ့ကြောင်း ဆိုပါကြပါသည်။

ထို့အပြင် အစိုးရအမြောက်တပ်၏ ကျည်ဆံများသည် အများအားဖြင့် မိမိတို့တပ်အပေါ်၌သာ ပိုမိုကျရောက်ခဲ့သဖြင့် ထိရောက်မှု မရှိခဲ့ပေ။ တပ်ထဲတွင်လည်း တပ်သားများတွင် ကလေးငယ်သာဖြစ်ကြပြီး အတွေ့အကြုံမရှိကြပေ။ ကြီးနိုင်ငယ်ညှင်းစနစ်ကြောင့် အရာရာတွင် အမိန့် ဖြင့်သာ မောင်းနှင်နေကြရာ တပ်တွင်း၌ စည်းလုံးညီညွတ်မရှိသည်ကို လက်တွေ့ တိုက်ပွဲများက သက်သေပြလျက်ရှိပါသည်။

ဤကဲ့သို့စိတ်ဓါတ်အခြေအနေကြောင့် အစိုးရတပ်မတော်သည် လာမည့်စစ်ဆင်ရေးတွင်လည်း မိမိကိုယ်ကို ဒါဏ်ရာမရရေးသည် အဓိ ကဖြစ်ရာ တပ်ဖွဲ့ခေါင်းဆောင်များ မည်မျှပင် အမိန့်ဖြင့် အတင်းခိုင်းနေသည်ဖြစ်စေ အကျအဆုံးများစွာနှင့် ရည်မှန်းချက် အောင်မြင်ရန်ခက် ခဲသော စစ်ဆင်ရေးသာ ဖြစ်လိမ့်မည်ဟု အကဲခတ်များကဆိုပါသည်။

( ရွှေဟင်္သာ)

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်