Friday, December 21, 2012

အမေရိကန်အစိုးရက ကချင်ပြည်နယ်ရှိ စစ်ပြေးဒုက္ခသည်များအတွက် ဒေါ်လာ ငါးသန်း ၀န်းကျင်ကူညီ

Posted by drmyochit Friday, December 21, 2012, under | No comments



20 Dec 2012

အမေရိကန်အစိုးရက ကချင်ပြည်နယ်ရှိ စစ်ပြေးဒုက္ခသည်များအတွက် အမေရိကန်ဒေါ်လာ ငါးသန်းဝန်း ကျင် တန်ဖိုးရှိ အကူအညီများ ပေးအပ်ခဲ့ကြောင်းရန်ကုန်အခြေစိုက် အမေရိကန်သံရုံးက ယနေ့သတင်း ထုတ်ပြန်သည်။

စစ်ပြေးဒုက္ခသည်များအတွက် အစားအစာ၊ ရေနှင့်သန့်ရှင်းမှု၊ ယာယီခိုလှုံရန် အဆောက်အဦနှင့် ကန့်များ၊ စိတ်ပိုင်း ဆိုင်ရာ ဒဏ်ရာမရရှိရန် နှစ်သိမ့်ဆွေးနွေးပေးမည့် ကျန်းမာရေးစောင့်ရှောက်မှုအစီအစဉ်၊ အသက် မွေး ၀မ်းကျောင်း ဆိုင်ရာ သင်တန်းများ ပေးအပ်ရန် စသည်တို့အတွက်အမေရိကန်ဒေါ်လာ ငါးသန်းဝန်း ကျင်တန် ဖိုး ရှိ အကူအညီများ ပေးအပ်ခဲ့ကြောင်း ကြေညာထားသည်။

အဆိုပါ အကူအညီများကို WFP, UNHCR, UNICEF စသည်တို့မှ တစ်ဆင့် ကူညီခဲ့ကြောင်းကြေ ညာချက်တွင် ဖော်ပြထားသည်။

(7 Day)

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်