ဒုတိယကမ္ဘာစစ်အတွင်း၊ ဥရောပတိုက်ပွဲများ ပြီးဆုံးခါ နီးတွင် အီတလီနိုင်ငံမြောက်ပိုင်းရှိ ဂါဒါရေကန် အတွင်း ကြည်းရေ နှစ်သွယ် စစ်ဆင်ရေးရေယာဉ် နစ်မြုပ်ခဲ့သဖြင့် အမေရိကန်စစ် သည် ၂၃ ဦးသေဆုံးခဲ့ ရသည်။ သို့သော်သေဆုံးသူတို့၏ရုပ်ကြွင်း များနှင့် ရေယာဉ် မှာပျောက်ဆုံး လျက်ရှိခဲ့သည်။
ထိုရေယာဉ်နစ်မြုပ်ပြီးနှစ် ပေါင်း၇၀ကျော်ကြာမှကန်၏ အောက်ခြေတွင်ရေယာဉ်အားတွေ့ ရှိခဲ့ကြရခြင်းဖြစ် သည်။ အပျော် တမ်း သမိုင်းသုတေ သီများသည် ဘီး ၆ ဘီးပါရှိသော အလေးချိန် ၂ တန်ရှိ ဒီယူကေဒဗလျူ ကြည်း ရေနှစ်သွယ် စစ်ဆင်ရေးရေယာဉ် အား လပေါင်းများစွာရှာဖွေခဲ့ ကြပြီး ယခု ဒီဇင်ဘာလတွင်မှ ရေယာဉ် အားတွေ့ရှိကြောင်း အတည်ပြု ပြောကြားခဲ့ကြ သည်။ထိုရေယာဉ်မှာ ၁၉၄၅ခုနှစ် ဧပြီလ ၃၀ ရက်နေ့တွင်မုန်တိုင်း ဒဏ်ကြောင့် နစ်မြုပ်သွားခဲ့ခြင်း ဖြစ်သည်။
ထိုရေယာဉ်သည် ဂါဒါရေကန် ၏မြောက်ဘက်ဖျားရှိအမေရိကန် စစ်စခန်းတစ်ခုအတွက်ထောက်ပံ့ ရေးပစ္စည်းများနှင့် လက်နက်ခဲယမ်း များသယ်ဆောင်ပေးခဲ့စဉ်နစ်မြုပ် သွားခဲ့ခြင်းဖြစ်ပြီး ရေယာဉ်သည် အမှတ် (၁၀) တောင်တက်တပ်မ ၏ အမှတ်(၆၀၅)စစ်မြေပြင် အမြောက်တပ်ရင်းမှ စစ်သည် ၂၄ ဦးအား သယ်ဆောင်သွား ခဲ့ခြင်းဖြစ်ကာ ၎င်းင်းတို့အနက် တစ်ဦးသာလျှင်အသက်ရှင်လွတ် မြောက်ခဲ့သည်။သေဆုံး သူများမှာ အသက် ၁၈ နှစ်နှင့် ၂၅ နှစ်ကြား ရှိစစ်သည်များဖြစ်ကြသည်။
ထိုရေယာဉ်နစ်မြုပ်မှုမှာ ခေတ်သစ် ဂါဒါရေကန်သမိုင်း တွင် အကြီးမားဆုံးသဘာဝဘေး အန္တရာယ်ဖြစ် ကြောင်း၊ ရေယာဉ် အား ရှာဖွေတွေ့ရှိသည့်သုတေ သီအဖွဲ့၏ခေါင်းဆောင်မာအူရို ဖူဆာတိုက ပြောကြား လိုက်သည်။
ရေယာဉ်မှာ အနက်ပေ ၉၀၅ ပေရှိရေကန်အောက်ခြေတွင် တည်ရှိနေသဖြင့် ယခင်ကမတွေ့ ရှိခဲ့ကြခြင်းဖြစ်ပြီး ဆိုနာကရိယာ ၏အကူအညီဖြင့် ရေယာဉ်ပျက် တည်ရှိရာနေရာကို ပဏာမသိ ရှိခဲ့ကြကာ အဝေးထိန်း ကင်မရာ များကရေယာဉ်အားအခြေအနေ မပျက် တည့်တည့်မတ်မတ်အနေ အထား တွင်ရှိနေကြောင်း ဓာတ်ပုံ ရိုက်ယူနိုင် ခဲ့ကြသည်ဟုဖူဆာတိုက အန်ဆာ သတင်းဌာနသို့ ပြော ကြား လိုက်သည်။
နောက်တစ်ဆင့်ဆောင်ရွက် ရန်မှာသေဆုံးသူတို့၏အလောင်း များနှင့်စစ်ပစ္စည်းများ ရေယာဉ် ပျက် အနီး တ၀ိုက်တွင် ရှိ/မရှိ အတည်ပြုဖော်ထုတ်ရန်ပင်ဖြစ်ကြောင်း၊ရေယာဉ်အားဆယ်ယူရန် မှာ နည်းပညာ အရ စိမ်ခေါ်မှု တစ် ရပ်ဖြစ်နေကြောင်း၊ရေယာဉ်တည် ရှိရာနေရာသည်ရေငုပ်သမားများ အတွက် နက် လွန်းကြောင်း ၎င်းက ဆက်လက်ပြော ကြားသည်။
ဥက္ကာအာင်
Source:Christian Science Monitor
Hot news Weekly
0 comments:
Post a Comment