Friday, December 21, 2012

KIA ကို တစ်နိုင်ငံလုံး ဆန္ဒပြမည့် ခရစ္စမတ်နေ့ 

Posted by drmyochit Friday, December 21, 2012, under | No comments



Thursday, December 20, 2012 

ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေးကွန်ယက် (Democracy and Peace Network) အမည်ရှိ လူငယ်များ ပါဝင်သော တက်ကြွလှုပ်ရှားသူများ ဦးစီး၍ လာမည့် ခရစမတ်နေ့  နံနက် ၉ နာရီတွင် နိုင်ငံတစ်ဝှမ်း ဆနပြ မှုများ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ဦးဆောင်လှုပ်ရှားသူ ကိုရဲရင့်အောင်က ပြောသည်။

၎င်းတို့  လူငယ်များအနေဖြင့် သမတကြီးဦးသိန်းစိန်၊ ဒီမိုကရေစီခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်၊ ၈၈ မျိုးဆက်ကျောင်း သားများအဖွဲ့  စသည်အားဖြင့် နိုင်ငံတစ်ဝှမ်း တည်ငြိမ်အေး ချမ်းရေး၊ အမျိုးသား ရင်ကြားစေ့ရေးကို အားထုတ်ကြိုးပမ်းနေချိန်တွင် KIA အဖွဲ့ ၏ လုပ်ဆောင်ချက်များမှာ နိုင်ငံ တည်ဆောက်ရေးထက် နိုင်ငံနှောင့်နှေးရေးကို ရှေ့ ရှုနေသည်ကို တွေ့  ရှိရကြောင်း၊ ယခု သက်ဆိုင်ရာသို့  တင်ပြ ထားသည့် ဆနပြခွင့်တွင် ကချင်လူငယ်များ အများအပြား ပါဝင်ကြောင်း၊ ကချင်ပြည်နယ်ကောင်း စားရေးအတွက် အမည်ခံထားသော်လည်း ကချင်ပြည်နယ်ပြည်သူများ ဒုကရောက်စေရန်သာ ဖန်တီးနေခြင်း ဖြစ်ကြောင်း ကိုရဲရင့်အောင်က ပြောသည်။

၂၀၁၁ ခု၊ ဇွန်လမှ ၂၀၁၂ ခု၊ စက်တင်ဘာလအထိ KIA သောင်းကျန်းသူများ၏ တိုက်ခိုက်မှုကြောင့် အရပ် ဖက်မှ တံတားများ မိုင်းခွဲခံခဲ့ရသည်မှာ ၃၁၂ ကြိမ်ခန့်  ရှိပြီ ဖြစ်ကြောင်း၊ အလားတူ အရပ်သား ပြည်သူများ သေဆုံးမှု၊ ဖမ်းဆီးခံရမှုတို့ မှာ ၃၉၇ ကြိမ်အထိ ရှိနေပြီ ဖြစ်ကြောင်း၊ အရပ်သား သေဆုံးသူဦးရေ ၉၅ ဦး၊ ဒဏ်ရာ ရရှိသူ ၁၇၄၈ ဦး၊ အိုးမဲ့အိမ်မဲ့ ဖြစ်ရသူ ၅ သောင်းကျော် ရှိနေပြီ ဖြစ်ကြောင်း၊ မိမိတို့  စာရင်းတွင် မပါရှိသေး သည့် အခြားထိခိုက်ဆုံးရှုံးမှုများလည်း ရှိနိုင်ကြောင်း၊ ဆနပြရခြင်း၏ အဓိကရည်ရွယ်ချက်မှာ ငြိမ်းချမ်းရေးကို တမင် သက်သက်နှောင့်နှေးကြန့် ကြာစေရန် အချိန်ဆွဲ ခေါင်းဆောင်နေသော KIA-KIO ခေါင်းဆောင် များအနေဖြင့် အမြန်ဆုံး ငြိမ်းချမ်းရေးစားပွဲဝိုင်းသို့  ဦးတည်လာစေရန် ဖြစ်ကြောင်း အခြား ကချင်လူငယ် တစ်ဦးက ပြောသည်။

ဆနပြရုံသက်သက်ဖြင့် ငြိမ်းချမ်းရေးသဘောတူညီချက်များ ဖြစ်လာနိုင်မည် မဟုတ် ဟူသည်ကို မိမိတို့  သိရှိပါကြောင်း၊ အဓိက လိုလားချက်မှာ မိမိတို့ ပြည်သူများ၏ သဘောထားကို သမတကြီးဦးသိန်းစိန်၊ ငြိမ်းချမ်းရေး တာဝန်ခံ ဦးအောင်မင်း၊ ဒေါ်အောင်ဆန်းစုကြည်ခေါင်းဆောင်သော လွှတ်တော်အမတ်များ၊ နိုင်ငံရေး ပါတီခေါင်းဆောင်များ၊ မြန်မာစစ်တပ်နှင့် KIA တို့  အားလုံး သိရှိစေရန် ဖြစ်ကြောင်း၊ ငြိမ်းချမ်းရေး ဆွေးနွေးပွဲများ အမြန်ဆုံး ဖြစ်ပေါ်လာရေး၊ KIA ၏ အကြမ်းဖက်လုပ်ရပ်များ ရပ်ဆိုင်းရေး၊ တရား ဥပဒေကို KIA တပ်များနှင့် မြန်မာ စစ်တပ်တို့  (၂)ဖက်စလုံး လိုက်နာရေးတို့ ကို တိုက်တွန်း သွားမည် ဖြစ်ကြောင်း ကိုရဲရင့်အောင်က ပြောသည်။

လောလောဆယ်ကာလတွင် ငြိမ်းချမ်းရေးဆနပြမှုများကို မိမိတို့  လူငယ်များသက်သက်သာ ဆောင်ရွက်မည် ဖြစ်ကြောင်း၊ ရဟန်းသံဃာများ ပူးပေါင်းပါဝင်မည့် ဖိတ်ခေါ်ချက်များ ရရှိခဲ့သော်လည်း မိမိတို့  လက်မခံခဲ့ကြောင်း၊ လက်ရှိ ပြည်တွင်းအခြေအနေမှာ သံဃာများ နိုင်ငံရေးနှင့် ဆက်စပ်နေရန် မသင့်သောကြောင့် ဖြစ်ကြောင်း၊ ယခုဆနပြမည့် အဖွဲ့ ဝင် များတွင် ခရစ်ယာန်ဘာသာဝင် အများစု ပါဝင်ကြောင်း၊ ခရစ္စမတ်နေ့ ကို ရွေးချယ် ဆနပြရခြင်းမှာ KIA-KIO ခေါင်းဆောင်များ အကြီးအကျယ် ပျှော်ပွဲ ရွှင်ပွဲ ဆင်နွှဲနေချိန်တွင် သေဆုံးခဲ့ရသူ၊ ဒဏ်ရာ ရရှိခဲ့သူ၊ အတိဒုကရောက်နေရသူ အပြစ်မဲ့ ပြည်သူ များ၏ ဘ၀ကို စာနာနားလည်နိုင်စေရန်အတွက် ဖြစ်ကြောင်း၊ ၄င်းတို့  ပျှော်ရွှင်နေသည့် အချိန်တွင် မိမိတို့  လူငယ်များ မည်သို့  ဆနထုတ်ဖော်နေသည်ကို သိရှိစေရန်အတွက်လည်း ဖြစ်ကြောင်း ဆနပြမည့် အစေခံ လူငယ်များ ကွန်ယက်မှ လူငယ်ခေါင်းဆောင်တစ်ဦးက ပြောသည်။

ယခု ဆနပြမှုများကြောင့် ငြိမ်းချမ်းရေး မရရှိနိုင်သော်လည်း ပြည်သူများ၏ သဘောထားကို ထုတ်ဖော်နိုင် ရန် ဖြစ်ကြောင်း၊ ဆနပြမှုများကို အကြိမ်ကြိမ် ဆက်လက်ဆောင်ရွက်သွား မည် ဖြစ်ကြောင်း၊ ထိုသို့  ဆနထုတ်ဖော် တောင်းဆိုနေသည့် ကြားမှ KIA ၏ လုပ်ဆောင်ချက်များ ရပ်တန့် ခြင်း မရှိပါက ဒေါ်အောင် ဆန်းစုကြည် ဦးဆောင်သည့် လွှတ်တော် အမတ်များထံ ဆက်လက်တောင်းဆိုသွားမည် ဖြစ်ကြောင်း၊ ကချင်ပြည်နယ် ငြိမ်းချမ်းရေးအတွက် KIA သောင်းကျန်းသူများကို အပြီးတိုင် တိုက်ခိုက်ချေမှုန်းပေးရန် တောင်းဆိုမှု ပြုလုပ်ရန်အထိ ရည်မှန်းထားကြောင်း၊ ပြည်သူလူထုတစ်ရပ်လုံး၏ ထောက်ခံမှု၊ လွှတ်တော်များ၏ ထောက်ခံမှုဖြင့် KIA ကို တိုက်ခိုက်နိုင်စေရန်အထိ ဆက်လက် လုပ်ဆောင်သွား မည် ဖြစ်ကြောင်း ကိုရဲရင့်ကျော်က ပြောသည်။

မိမိတို့ သည် အစိုးရနှင့်ရော မြန်မာစစ်တပ်နှင့်ပါ အဆက်အစပ် မရှိကြောင်း၊ ငြိမ်းချမ်းရေး မြတ်နိုးသော ကချင် လူငယ်များ အဓိက ဦးဆောင်ပါဝင်ပြီး မည်သည့်နိုင်ငံရေးပါတီနှင့်မှလည်း အဆက်အသွယ် မရှိကြောင်း ၄င်းက ပြောကြားသည်။

ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေးကွန်ယက် (Democracy and Peace Network)သည် မြန်မာနိုင်ငံတစ်ဝှမ်း ဒီမိုကရေစီ ထွန်းကားရေး၊ အမျိုးသားပြန်လည်ရင်ကြားစေ့ရေး၊ ဖွံ့ ဖြိုးတိုးတက်ရေး စသည့် ရည်ရွယ်ချက် (၃) ခုဖြင့် ဖွဲ့စည်းထားသော လူငယ်လှုပ်ရှားမှု ကွန်ရက်တစ်ခု ဖြစ်ပြီး ယခုအခါ နိုင်ငံတစ်ဝှမ်း ကွန်ရက်အဖွဲ့ ၀င် (၃၀၀၀)ကျော် ရှိနေပြီ ဖြစ်ကြောင်း သိရှိရသည်။ ကွန်ရက်၏ အမှတ်တံဆိပ်မှာ မြန်မာ နိုင်ငံမြေပုံပေါ် တွင် ငြိမ်းချမ်းရေးချိုးငှက် သံလွင်ခက် ချီလာသည့် ရုပ်ပုံ ဖြစ်ပြီး ခရစမတ်နေ့ တွင် ယင်းဝတ်စုံများဖြင့် ဆနထုတ်ဖော်ကြမည် ဖြစ်ကြောင်း သိရှိရသည်။


(ပလေတို ဒီမို)

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်