Friday, December 21, 2012

အမြန်လမ်းပေါ်ဘီးပေါက်၍ ကားမှောက်

Posted by drmyochit Friday, December 21, 2012, under | No comments


နေပြည်တော်၊ ဒီဇင်ဘာလ ၂၁

၁၉-၁၂-၂၀၁၂ ရက်နေ့ ၂၁၃၀ အချိန် မန္တလေးတိုင်းဒေသကြီး၊ ပျော်ဘွယ်မြို့နယ်၊ ရန်ကုန်-မန္တလေး အမြန်လမ်း၊ မိုင်တိုင်အမှတ်(၂၄၄/၇)နှင့်(၂၄၅)အကြား မန္တလေးမှ နေပြည်တော်သို့ ကျောက်ဆည်မြို့နယ်၊ ကလေး ရွာနေ ထွန်းနိုင်(၃၁)နှစ် မောင်းနှင်လာသည့် ၆ခ/xxxxx လိုက်ထရပ်ယာဉ်သည် ရှေ့ဘီး များပေါက် ပြီး အရှိန်မထိန်းနိုင်သဖြင့် လမ်း၏ယာဘက်ဘေးသို့ ထိုးကျတိမ်းမှောက်သွားခဲ့သည်။

ယာဉ် တိမ်းမှောက် မှုကြောင့် ယာဉ်၏ရှေ့မှန်ကွဲ၊ ဦးခေါင်း/တံခါးပိန်ချိုင့်၍ တန်ဘိုးငွေကျပ်(၂၀၀၀၀၀ိ/-) ခန့် ပျက်စီး သွားခဲ့ပြီး ယာဉ်မောင်းထွန်းနိုင်နှင့် ယာဉ်ပေါ်ပါ မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်နေ မောင်လွင် ကိုကို (၁၉)နှစ်ပါ (၁၃)ဦးတို့တွင် ဦးခေါင်းနာကျင်၊ ၀ဲ/ယာလက်ဖူးရောင်၊ ရင်ဘက်အောင့်၊ နဖူး/မေးစေ့/နှုတ်ခမ်း တို့တွင် ပေါက်ပြဲဒဏ်ရာများ အသီးသီးရရှိခဲ့သဖြင့် ညောင်ကုန်းတိုက်နယ်ဆေးရုံသို့ တင်ပို့ ကုသခဲ့ရသည်။

သို့ဖြစ်၍ု ယာဉ်အားမဆင်မခြင်မောင်းနှင်သူ ထွန်းနိုင်အား ပေပင်လေးအမြန်လမ်းရဲစခန်း(ပ)၂၃/၂၀၁၂၊ ပြစ်မှုပုဒ်မ-၃၃၇/၃၃၈ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်