Friday, December 21, 2012

ကုန်တင်ကားနဲ့ ခရီးသည်တင်ကားများအား ကေအိုင်အေမှအခွန်ပေးသွင်းရန်တဆင့်စေခိုင်း

Posted by drmyochit Friday, December 21, 2012, under | No comments

မိုးညှင်း ဒီဇင်ဘာ ၁၈ရက်
လုံးတုံ-ဟဲပန်-ဆယ်ဇင်း လမ်းမှာပြေးဆွဲနေတဲ့ကားကြီးကားငယ်တွေကို အခွန်ငွေတွေပေးရန် KIO ခရိုင်အုပ်ချုပ်ရေးမှူးမှ သိန်းစန့်ရွာမှ ရာအိမ်မှူးအား ဖုန်းဖြင့်စေခိုင်းခဲ့တယ်လို့သိရှိရပါတယ်။ အခုလို ပွင့်လင်း ရာသီမှာ အဲဒီလမ်းကြောင်းမှာပြေးဆွဲနေတဲ့ ကုန်တင်ကားတွေ ခရီးသည်တင်တွေကို အခွန်ငွေ တွေ ကောက်ခိုင်းဖို့စေခိုင်းခဲ့ပါတယ်။ ကုန်တင်ကားတစ်စီးကို ၅၀၀၀၀နှုန်းနဲ့ ခရီးသည်တင် တစ်စီးကို ၂၀၀၀၀နှုန်း နဲ့ ကောက်ခံ ခိုင်းနေပါတယ်။ နောက်ပြီး လမ်ကြောင်းတစ်ခေါက်ကို ၃၀၀၀ကျပ်မှ ၅၀၀၀ကျပ် အထိ ကောက်ခိုင်း နေတယ်လို့သိရှိရပါတယ်။



ယာဉ်ပိုင်ရှင်တွေ ယာဉ်မောင်းတွေကပေးခြင်စိတ်မရှိသော်လည်း သူ့တို့ကားတွေနဲ့ အသက်အန္တရာယ် ကိုကေအိုင်အေမှ ဒုက္ခပေးမှာကြောက်တဲ့အတွက် ပေးနေကြရပါတယ်။ အဲဒီကောက်ခံခိုင်းတဲ့ ရာအိမ်မှုးမှာ သက်ဆိုင် ရာအဖွဲ့အစည်းတွေနဲ့ အဆင်ပြေတဲ့သူဖြစ်တဲ့အတွက် သက်ဆိုင်ရာက ကောက်ခံခိုင်းတဲ့ ပုံစံမျိုး ကို လုပ်ဆောင်တာဖြစ်နိုင်တယ်လို့ထင်ရပါတယ်။

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်