Thursday, November 29, 2012

သဘာဝ ဓာတ်ငွေ့တင် သင်္ဘော အာတိတ် သမုဒ္ဒရာ အတွင်း ပထမ အကြိမ် ဖြတ်သန်း ခုတ်မောင်း

Posted by drmyochit Thursday, November 29, 2012, under | No comments


သဘာဝ ဓာတ်ငွေ့ အရည် တင်ဆောင် လာသော Ob River အမည်ရှိ သင်္ဘော တစ်စင်းသည် အာတိတ် သမုဒ္ဒရာကို ပထမဆုံး အကြိမ် စတင် ဖြတ်သန်း ခဲ့သည့် သင်္ဘော တစ်စင်း ဖြစ်ကြောင်း အင်တာနက် သတင်း တစ်ရပ် အရ သိရသည်။ Ob River အမည်ရှိ သဘာဝ ဓာတ်ငွေ့ အရည်တင် သင်္ဘောကို ၂ဝဝ၇ ခုနှစ်က စတင် တည်ဆောက် ခဲ့ခြင်း ဖြစ်ပြီး သဘာဝ ဓာတ်ငွေ့ အရည် ၁၅ဝဝဝဝ ကုဗမီတာ တင်ဆောင် နိုင်သည်။ သဘာဝ ဓာတ်ငွေ့ အရည်များ တင်ဆောင် လာသည့် အဆိုပါ သင်္ဘောသည် နော်ဝေနိုင်ငံ မြောက်ပိုင်း ဟမ်မာဖတ်စ် ဆိပ်ကမ်းမှ နိုဝင် ဘာ ၇ ရက်တွင် စတင် ထွက်ခွာ လာခဲ့ပြီး ဘားရန့်စ် ပင်လယ်ကို ဖြတ်၍ ရုရှား နိုင်ငံမြောက် ဘက်ပိုင်းမှ တစ်ဆင့် ဂျပန်နိုင်ငံသို့ ခုတ်မောင်းမည် ဖြစ်ကြောင်း သိရသည်။ ၎င်း သင်္ဘောသည် ဂျပန် နိုင်ငံသို့ ဒီဇင်ဘာလ အစောပိုင်းတွင် ဆိုက်ကပ်ရန် မျှော်မှန်း ထားပြီး ပုံမှန် ခုတ်မောင်း ရမည့် အချိန်ထက် ရက် ၂ဝ ခန့် စောရောက် လိမ့်မည် ဖြစ်သည်။ ၎င်းသင်္ဘောတွင် နိုင်ငံတကာမှ သင်္ဘော အမှုထမ်း ၄ဝ ဦး လိုက်ပါလာ၍ သင်္ဘောကို ဂရိနိုင်ငံ ဒိုင်နာ ဓာတ်ငွေ့ ကုမ္ပဏီမှ ပိုင်ဆိုင်ပြီး ရုရှားနိုင်ငံမှ စွမ်းအင် ကုမ္ပဏီကြီး တစ်ခု ဖြစ်သော ဂက်ဇ်ပရွန် ကုမ္ပဏီက ငှားရမ်း ခဲ့ကြောင်း သိရသည်။ ၎င်းခရီးစဉ် စတင်ရန် အတွက် တစ်နှစ် ကျော်ကြာ ပြင်ဆင်မှုများ ပြုလုပ် ခဲ့ရပြီး အလွန် ထူးခြား၍ စိတ်ဝင် စားဖွယ် ကောင်းသော စွန့်စားမှု တစ်ရပ် ဖြစ်ကြောင်း ဒိုင်နာ ဓာတ်ငွေ့ ကုမ္ပဏီမှ ညွှန်ကြားရေးမှူး တိုနီလော် ရစ်ဇန်က ပြောကြား ခဲ့သည်။ ၎င်းသင်္ဘော ဖြတ်သန်း ခုတ်မောင်းမည့် ခရီးစဉ် အတွက် မြောက်ဘက် ပိုင်းရှိ လမ်းကြောင်းကို အသုံးပြုရန် ဆုံးဖြတ် ရခြင်းမှာ အာတိတ် သမုဒ္ဒရာတွင် ရေခဲပြင် အရည်ပျော်မှုနှင့် ပတ်သက်၍ မကြာသေး မီတွင်သိပ္ပံပညာ ရှင်များက လေ့လာ ဆန်းစစ်မှုများ ပြုလုပ် ခဲ့ရာမှ ရရှိလာသော အချက်အလက် များအရ ဆုံး ဖြတ်ခဲ့ခြင်း ဖြစ်ပြီး ရေခဲများ ပိုမိုအရည် ပျော်မှုကြောင့် ယခုကဲ့သို့ သင်္ဘောများ ဖြတ်သန်း သွားလာနိုင်ခြင်း ဖြစ်သည်။ အဆိုပါ လမ်းကြောင်းမှာ ယခင် သွားနေကျ ခရီးလမ်း ကြောင်းထက် ၄ဝ ရာခိုင်နှုန်း တိုပြီး လောင်စာ ၄ဝ ရာခိုင်နှုန်း အသုံးပြုမှု သက်သာကြောင်း သိရသည်။ ထို့ပြင် ရာသီဥတု အခြေအနေ ပြောင်းလဲမှုကြောင့် အာတိတ် သမုဒ္ဒရာ အတွင်း ရေခဲများ အရည်ပျော် လျက်ရှိသည့် အတွက် ၎င်းသမုဒ္ဒ ရာတွင် သင်္ဘောများ ခုတ်မောင်း သွားလာမှုသည် တဖြည်းဖြည်း မြင့်တက် လာခဲ့ပြီး ၂ဝ၁၂ ခုနှစ်သည် အာတိတ် သမုဒ္ဒရာ အတွင်း သင်္ဘော အများဆုံး သွားလာသည့်နှစ် အဖြစ် စံချိန်တင် ခဲ့သည်။

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်