မန္တလေးတက္ကသိုလ်မှာ
၁၅ နှစ်ကျော်ကြာ ဖွင့်လှစ်ခြင်း မပြုခဲ့တဲ့ ပထမနှစ် ဂုဏ်ထူးတန်းကို ယခုနှစ် ဒီဇင်ဘာလ
၁၃ ရက်နေ့ကစပြီး ပြန်လည်ဖွင့် လှစ်တော့ မယ်လို့ အဆင့်မြင့်ပညာ ဦးစီးဌာန (အထက်မြန် မာပြည်)မှ
သိရပါတယ်။ ၁၉၈၅-၁၉၈၆ တက္ကသိုလ် ပညာသင်နှစ်မှ ၁၉၉၆-၁၉၉၇ ခုနှစ် ပညာသင်နှစ်အထိ မန္တလေး တက္ကသိုလ်မှာ
ဂုဏ်ထူးတန်းတွေကို ဖွင့်လှစ်ပေးခဲ့ဖူးပါတယ်။ အဆင့်မြင့် ပညာ ဦးစီးဌာန (အထက်မြန်မာပြည်)ရှိ
တက္ကသိုလ်၊ ဒီဂရီကောလိပ်တွေမှ အထူးပြု ဘာသာရပ် ၂၀ မှာ သက်ဆိုင်ရာ ဘာသာရပ်အလိုက် အမှတ်အများဆုံးရသူ
၂၀ စီကို ရွေးချယ်ပြီး တက်ရောက်ခွင့်ပြုသွားမှာ ဖြစ်ပါတယ်။ စစ်ကိုင်း တက္ကသိုလ်တွင် ၂၀၁၂-၂၀၁၃
ပညာသင်နှစ် ပထမနှစ် သင်တန်းများကို ဒီဇင်ဘာလ ၅ ရက်နေ့တွင် ဖွင့်လှစ်သည့်အခါ အထူးပြုဘာသာရပ်များ
ဖြစ်သည့် မြန်မာစာ၊ ပထဝီဝင်၊ သမိုင်း၊ ဒဿနိကဗေဒ၊ ဓါတုဗေဒ၊ ရူပဗေဒ၊ သချာင်္၊ သတ္တဗေဒ၊ ရုက္ခဗေဒတို့
ပို့ချမည်ဖြစ်ကြောင်း ၂၀၁၂ ခုနှစ် နိုဝင်ဘာ ၂၇ ရက်နေ့ထုတ် ကုမုဒြာ ဂျာနယ်တွင် ဖော်ပြထားပါသည်။
Myanmar Express
0 comments:
Post a Comment