Thursday, November 29, 2012

ဥရောပသွား၊အမေရိကသွား၊အိန္ဒိယသွား ဒေါ်စုသို့ အိတ်ဖွင့်ပေးလိုသည့်စာ

Posted by drmyochit Thursday, November 29, 2012, under | No comments


ဒ်ါစု ပေါ်ပြူလာနိုင်ငံရေး ကိုစွန့်လွှတ်သင့်တဲ့ အချိန်ရောက်နေပါပြီ။ ရထားတဲ့ဘွဲ့/ ဆုတွေကိုအားနာသင့်ပါပြီ။
ဗိုလ်ချုပ်သမီးဆိုတာ အသိအမှတ်ပြုခံချင်ရင် ကိုယ့်ကျော်ကြားမှု အတွက်ပါတီ အတွက်ဆိုတာတွေ ဘေးဖယ်ပြီး တိုင်းပြည်အတွက် ထိုက်ထိုက်တန်တန် အောင်ဆန်း(ခွင့်လွှတ်ပါ)သမီးဖြစ်အောင် လုပ်ပါတော့။ ဇရာဆိုတာ ငြင်းပါယ်လို့မရနိုင်တာမို့ အချိန်သိပ်မကျန်တော့ပါဘူး။ မှန်တဲ့အတိုင်းပြောရရင် ဗိုလ်ချုပ်မျက်နှာနဲ့ ကိုးကွယ်နေတာပါ။ တကယ်တော့ ပါတီလိုင်းက သိပ်မခိုင်ပါဘူး။ အာဏာပိုင်းနဲ့ ပတ်သက်လာရင် စာတတ်တတ် မတတ်တတ် မရဘူးဆိုတာ မြင်ရတော့ ကျနော်တို့လည်း ဒေါ်စုမျက်နှာထောက်ပြီး လူသိရှင်ကြား မထွက်ပေမဲ့ ဆက်မလုပ်ချင်ကြ တော့တာအမှန်ပါ။ ဒါကြောင့်တချို့ ၀ါရင့်ကြီးတွေက. ဒီကလေးမ နိုင်ငံရေးပါးမ၀ဘူးလို့ပြောခဲ့ကြတာကြားဖူးတယ်။
အဲဒီတုံးက ဘာဖြစ်ဖြစ် မျက်စေ့စုံမှိတ်ပီး မခံချင်ခဲ့ဘူး။ ခုတော့ဒေါ်စုနိုင်ငံရေး ကွင်းပြင်ထဲ လက်တွေ့ရောက်ချိန်ရယ် ကျနော်တို့လည်း အနည်ထိုင်စ အရွယ်လည်း ရဖြစ်လာတော့ အားမရစရာတွေ မှားမှန်းသိသိကြီးနဲ့ ဆက်တိုးနေတာမျိုးတွေ  သူ့ရဲ့ပြုအမူ မရင့်ကျက်တာတွေ အနီးအဝေး အတွင်းအပြင် အနှောင်အဖွဲ့တွေကို မလွန်ဆန်နိုင်မှုတွေဟာ ကျနော်တို့အတွက် အကြည်ညိုပျက် လာစေခဲ့တာအမှန်ပါ။ ကျနော်တို့တောင် ဆင်ကန်းတောတိုး အပြုအမူတွေဆင်ခြင် လာတတ်တဲ့အချိန်မှာ ဒေါ်စုကိုလည်း  မှန်မှန်ကန်ကန်နဲ့ ကင်းကင်းရှင်းရှင်း ရပ်တည်စေချင်တာပါ။ 
ဒေါ်စုပြင်ရင်လိုက်ချင်ပါသေးတယ်။
ကျနော်တို့လည်းလေ့လာစာဖတ်လုပ်ကြပါတယ်။
တိုင်းပြည်ကို တကယ်လည်းကောင်း စေချင်တယ်။ ဒီပုံနဲ့တော့ မဖြစ်နိုင်သေးပါ။ အကြံပြုချင်တာက ဒီအချိန်မှာဒေါ်စု Geo-politics ကိုပိုင်နိုင်အောင်ကိုင် ကစားသင့်ပါပီ။ Triple  win strategy ဆိုတာပါတီဝင်အများစုကော   ၈၈ ပေါ်ပြူလာ(ဒေါ်စုနောက်ကျော ဒါးနဲ့ထိုးမဲ့)အဖွဲ့ကောထက် ဟိုဘက် ဘိုးတော်ကြီးတွေအပြင် လက်ရှိစစ်တပ် ခေါင်းဆောင်ပိုင်း အလယ်အလတ် အဆင့်လောက်ထိ အများစုဟာ တော်တော် expert ဖြစ်တယ်လို့ ကြားသလို democractic ပိုဖြစ်တယ်လို့ လေ့လာကြား သိရတဲ့အတွက် ဒေါ်စုအတွက် ရင်လေးမိလာ လို့ပြောဖြစ်တာပါ။ ဘာပဲဖြစ်ဖြစ် လောလောဆယ် အခြေအနေအရ စစ်တပ်ကို ဖျက်ပစ်လို့လည်း ရနိုင်တာမဟုတ်လို့ ပေါင်းသင့်ရင် ပေါင်းတာမှားစရာ မရှိဟုထင်ပါသည်။ ၈၈ အဖွဲ့ကိုတော့ လုံးဝမယုံပါနဲ့ အထူးသတိပေးချင်ပါတယ်။ ခုမှမဟုတ်ပါ သူတို့ဘာဆင် နေတယ်ဆိုတာ မြင်သာပါတယ် ပြောရရင် ဒေါ်စုကိုအသုံးချပီး အပေါစားနိုင်ငံရေးနည်းနဲ့. ပြည်သူကိုလှည့်စားနေတာ မြင်သာပါတယ်။ ဂရုစိုက်ပါလို့ပဲ ထပ်သတိပေးပါတယာ။ အထူးသဖြင့် လူပြိန်ုးကြိုက် ပေါ်ပြူလာနိုင်ငံရေး ကိုစွန့်လိုက်ပါတော့။ ဒီဆေးနဲ့ကုလို့ မရနိုင်တော့ပါ။
ဒီ/ချုပ်မှာ ဥမမယ်စာမမြောက် ကလေးတွေကို အသုံးချတာတွေ ရပ်ခိုင်းပါတော့ အတိုက်အခံဆိုတာ ရန်ဖြစ်ဖို့ မဟုတ်ဘူးဆိုတာ သင်ပေးပါ။
ဒီ/ချုပ်မှာ အဆိုးဆုံးကတော့ ပေါက်ပန်းဆေး လက်ခံခဲ့လို့ ခုထိလူကြီလူကောင်း ဆန်တဲ့အကျင့်မရဘဲ ခိုးဆိုးနှိုက်အော်လိုက် ဟစ်လိုက်ကောင်တွေပဲ မိုက်ကြေးခွဲ ပဏာယူနေကြတော့ ကြာတော့ပြည်သူ မုန်းလာတာပေါ့ဗျာ။
ပြီးတော့ဒေါ်စုရဲ့ နိုင်ငံရေးအဆင့်ကို ကွက်ကွက်ကွင်းကွင်း ပြလိုက်တာက ဘာမှ အဆင့်အတန်း political  knowledge /general  knowledge  မရှိတဲ့ အပေါစား ဟစ်ဟော့ကောင် ကိုတင်လိုက်တာ ဟက်တက်ကွဲ ရှက်စရာဖြစ်နေတာ အမြင်ပေါ့ ခက်တာက ဒီ/ချုပ်ထဲမှာ ဒီလိုကောင်တွေ အများကြီးနေရာ ယူထားကြတာ ရင်လေးစရာပါ။ ဒီချုပ်ကိုသက်ဆိုး ရှည်စေချင်ရင် နိုင်ငံကြီးသား ပီသရမယ် ဆိုတဲ့ပေတံနဲ့ တိုင်းပြီးမှ အဖွဲ့ဝင်အဖြစ်လက်ခံပါ။
ပါတီသန့်ရှင်းရေးကို ၂၀၁၃နှစ်ဝက်အတွင်း ပြတ်ပြတ်သားသား လုပ်လိုက်ပါ။ ဒါဒီမိုကရေစီပဲလေ။ အဓိက အကြံပြုချင်တာက နိုင်ငံရေးကို ပေါ့ပေါ့တွေး ပေါ့ပေါ့စဉ်းစား ပေါ်ပြူလာသာယာမှု တွေစွန့်ပီးလုပ်ပါ။ အမှီအခိုကင်းအောင် နေပီးလုပ်ပြမှ ခင်ပွန်းနဲ့ပတ်သက်တဲ့ သံသယတွေ ဆုတွေပေးနေတိုင်း သာယာ မနေပါနဲ့ ဒါအနှစ်မှမဟုတ်တာ။
မင်းသားကြီး မလုပ်ရရင် ပတ်မကြီး ထိုးဖောက်ချင်တဲ့ အကျင့်တွေပြင်ပါတော့။ နိုင်ငံခြားရောက်ရင် နိုင်ငံတကာ ကလာတွေ့တိုင်း တိုင်းပြည်နဲ့ ပြည်သူ ဒုက္ခရောက်အောင် ဖြစ်ချင်ရာဖြစ် အစိုးရသက်ဆိုး မရှည်ရင်ပြီးရောဆိုတဲ့ ပြောတတ်ဆိုတတ်တဲ့ ယခင်အကျင့်တွေ ပြင်ပါတော့။ ဗိုလ်ချုပ်သမ္မတ လုပ်မသွားရပေမဲ့ ခုထိနာမည်မသေဘူး။
သမ္မတဖြစ်ချင်တာနဲ့ တိုင်းပြည်ထိခိုက်အောင် မလုပ်လိုက်ပါနဲ့။ ပင်လုံမှာ အရှည် မတွေးဘဲ အဖြေပေးခဲ့လို့ သေချာမဖတ်ဘဲ လက်တစ်လုံးခြား ရေးထား တာတွေမစဉ်းစား (မျက်စေ့တစ်ဆုံးမကြည့်ဘဲ မျက်တောင်မွေး အဆုံးကိုပဲကြည့်)ခဲ့လို့ ရှင်းမရတဲ့ အမွေကို ထပ်မရှုတ် စေပါနဲ့တော့။ ပြောရင် အဲဒီတုံးက လက်မှတ်ထိုးတ သူအရေအတွက် အရပြန်ကြည့်ရင် fair  agreement  လို့မဆိုနိုင်ပါ ဗိုလ်ချုပ်ကလွတ်လပ်ရေးရဖို့ အဓိကထားတဲ့ စိတ်စေတနာအပေါ် အသုံးချသွား တာတွေ့ကြမှာပါ။ လိုရင်းပြန်ကောက်ရရင် ဗိုလ်ချုပ်ယူပေးခဲ့တဲ့ လွတ်လပ်ရေးကို သွားပြန်အပ်နေတာမျိုးတွေ မလုပ်ပါနဲ့တော့ ပွင့်ပွင့်လင်းလင်းပြောရရင် ဆုတွေပေး ဆုတွေယူ ထောက်ပံ့ခံ ချည်နှောင်ခံ ပီးနိုင်ငံရေးမလုပ်ပါနဲ့ ။
ဗိုလ်ချုပ်ကိုအသုံးချပီးမရပ်ပါနဲ့။
ဗိုလ်ချုပ်က အင်္ဂလိပ်ကိုတိုက်တာ ဒေါ်စုက အင်္ဂလိပ်ကိုကြိုက်တာ မနှိုင်းအပ် မယှဉ်အပ်မို့ ကိုယ့်ဘာသာမရပ်နိုင်ရင် ရပ်လိုက်ပါတော့ အပေါစားဦးဆောင်မှု ပေါ်ပြူလာနိုင်ငံရေး ထောက်ပံ့ခံ နိုင်ငံရေး သမားဘ၀နဲသာယာ ယစ်မူးမနေတော့ ပါနဲ့လို့ ဗိုလ်ချုပ်မျက်နှာ ၂ခါမပျက်ရစေဖို့ တိုက်တွန်း အကြံပြုအပ်တယ်။

Myanmar Express 

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်