Thursday, November 29, 2012

အပျော်အပါးမက်၊ အကောင်းကြိုက်ကျောင်းသားများ တိုင်းရင်းသား ၀တ်စုံချွတ် အိမ်ပြန် ကြပြီ

Posted by drmyochit Thursday, November 29, 2012, under | No comments


မန္တလေးတိုင်း၊ ပြည်ကြီးတံခွန်မြို့နယ်ရှိ တိုင်းရင်း သားများ ဖွံ့ဖြိုး တိုးတက်ရေး ဒီဂရီကောလိပ်တွင် ပြန်လည် ပညာ သင်ကြားခွင့် ရရှိရေးအတွက် နိုဝင်ဘာလ ၂၂ ရက်နေ့မှ စတင်ခဲ့သည့် ဆန္ဒပြမှုကို ဗုဒ္ဓဟူးနေ့ နေ့လည် ၁၂ နာရီတွင် ရပ်ဆိုင်းလိုက်ကြောင်း မြို့ပြအင်ဂျင်နီယာ ကျောင်းသား ကိုသိန်းကိုကိုအောင် က ပြော သည်။
“ဒီနေ့ ၁၂ နာရီထိ ကျောင်းထိပ်လမ်းပေါ်မှာပဲ ဒီမှာအိပ်၊ ဒီမှာပဲ စားပြီး ထိုင်စောင့်နေကြ တယ်။ အခုေ တာ့ကျောင်း ထဲမှာပဲ အေးအေးဆေးဆေး  နေနေကြပါပြီ”ဟု မဇ္ဈိမကို ပြောသည်။ မူလ ဒီဂရီကောလိပ်မှ စစ်ကိုင်းတိုင်း၊ ရွာသစ်ကြီးရှိ တိုင်းရင်းသားများ ဖွံ့ဖြိုးတိုးတက်ရေး တက္ကသိုလ်သို့ စက်တင် ဘာလက ပြောင်းရွှေ့လိုက်ရာ ပညာရေး၊ နေထိုင်ရေး အဆင်မပြေမှုများ ရှိသဖြင့် ကျောင်းသား များ က မန္တလေးသို့ ခြေလျင်ချီတက်လာပြီး ဆန္ဒပြခဲ့ကြခြင်း ဖြစ်သည်။ ယခုကဲ့သို့ ဆန္ဒပြမှု ရပ်ဆိုင်းလိုက်ခြင်းမှ ကျောင်းသားအချို့အား မိဘများက အတင်းအကြပ် လာရောက်ေ ခါ် ယူကြခြင်းနှင့် ကျောင်းသား  အားလုံး၏ လုံခြုံရေးနှင့် ပညာရေး ထိခိုက်မည်ကို စိုးရိမ်၍ ရပ်ဆိုင်း  လိုက်ခြင်းဖြစ်သည်ဟု ကိုသိန်းကိုကိုအောင် က ပြောသည်။
နိုဝင်ဘာလ ၂၃ ရက်နေ့တွင် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်ချုပ် သိန်းဌေး က ကျောင်းသားများ၏ တောင်းဆို ချက်ကို အထက်သို့ တင်ပြပြီး တလအတွင်း တစုံတရာ အဖြေပေးမည်ဟု ကတိပေးခဲ့၍လည်း မျှော်လင့်  ချက်ဖြင့် ဆန္ဒပြမှု ရပ်ဆိုင်းလိုက်သည်ဟု ၎င်းက ဆိုသည်။ မူလက ကျောင်း ၅ဝဝ ခန့် စတင်ဆန္ဒပြခဲ့ကြရာမှာ မိဘများ လာရောက်  ခေါ်ယူ၍ ဗုဒ္ဓဟူးနေ့ တွင် ကျောင်းသား ၅ဝ ကျော်သာ ကျန်ရှိတော့သည်။

မဇ္စျိမ

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်