Thursday, November 29, 2012

ရုရှားနိုင်ငံမှ လေယာဉ်တင် သင်္ဘော ၂ဝ၁၃ ခုနှစ်တွင် အိန္ဒိယသို့ ပေးပို့မည်

Posted by drmyochit Thursday, November 29, 2012, under | No comments


ရုရှား နိုင်ငံက အသစ် ပြန်လည် မွမ်းမံ တည်ဆောက် ထားသော ဆိုဗီယက် ခေတ်က လေယာဉ်တင် သင်္ဘော တစ်စင်းကို ၂ဝ၁၃ ခုနှစ် စတုတ္ထ လေးလပတ်တွင် အိန္ဒိယ နိုင်ငံသို့ ပေးပို့ လိမ့်မည် ဖြစ်ကြောင်း  အိန္ဒိယ ကာကွယ်ရေးဝန်ကြီး အေကေအန် တိုနီက ပြောကြား ခဲ့သည်။ အဆိုပါ သင်္ဘောကို "INS Vikra- maditya"ဟု အိန္ဒိယ နိုင်ငံက အမည်ပေး ထားပြီး ၂ဝ၁၃ ခုနှစ် နှစ်ကုန်ပိုင်း တွင် ရုရှားနိုင်ငံက လွှဲပြောင်းပေးမည် ဖြစ်ကြောင်းဖြင့် အောက်လွှတ်တော် အစည်းအဝေးတွင် အိန္ဒိယ ကာကွယ်ရေးဝန်ကြီးက နိုဝင်ဘာ ၂၆ ရက်က ပြောကြား ခဲ့သည်။
           ၎င်းသင်္ဘောကို ၂ဝ၁၂ ခုနှစ် ဒီဇင်ဘာလတွင် ပေးပို့ရန် စီစဉ် ခဲ့သော်လည်း နည်းပညာ ပြဿနာ များကြောင့် ပေးပို့ရန် နှောင့်နှေး ခဲ့ရကြောင်း၊ ပြင်ဆင် မွမ်းမံမှု ကုန်ကျ စရိတ်သည် အမေရိကန် ဒေါ်လာ ၂ ဒသမ ၃ ဘီလီယံ ကုန်ကျမည် ဖြစ်ကြောင်း၊ အဆိုပါ စစ်သင်္ဘော၏ သက်တမ်းမှာ နှစ်ပေါင်း ၃ဝ ရှိပြီး ဖြစ် သောကြောင့်၎င်းသင်္ဘောတွင် တာဘိုင်များ၊ ဘွိုင်လာအိုး များ၊ ဟောင်းနွမ်းနေသည့် ကီလိုမီတာ ၂၅ဝဝ ရှိ ဝါယာကြိုးများ လဲလှယ် တပ်ဆင်ရန်နှင့် သင်္ဘောကုန်းပတ် အသစ်များကို ပြန်လည် မွမ်းမံ ပြင်ဆင်ရန် လိုအပ်ကြောင်း အန်တိုနီက ပြောကြားခဲ့သည်။ အိန္ဒိယနှင့် ရုရှား ကုမ္ပဏီ နှစ်ခုအကြား ချုပ်ဆို ထားသော သဘောတူ စာချုပ် အရ ၎င်းစစ် သင်္ဘောတွင် ခေတ်မီ လက်နက်များ၊ MiG-29 တိုက်လေယာဉ် (၁၆) စင်းနှင့် ရေငုပ် သင်္ဘော တိုက်ဖျက်ရေး ရဟတ်ယာဉ် အုပ်စု တစ်ခုတို့ အပြည့်အစုံ ပါရှိမည် ဖြစ်ကြောင်း၎င်းက ဆက်လက် ပြောကြား ခဲ့သည်။ 

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်