Thursday, November 29, 2012

အဖြေရှာမရသော သြစတေးလျမှ သဘာဝ ပန်းရောင် ရေကန်-Hiller Lake

Posted by drmyochit Thursday, November 29, 2012, under | No comments


ယနေ့ချိန်ခါထိ သိပ္ပံပညာရှင်တို့ ရှာဖွေဖော်ထုတ်လို့ မရသေးတဲ့ သဘာဝ အလျောက် ပန်းရောင် သန်းနေတဲ့ ရေကန် ဖြစ်ပါတယ်။ သြစတေးလျနိုင်ငံ အနောက်ပိုင်း Western Australia ပြည်နယ်မှာ တည်ရှိပြီး ပင်လယ်နဲ့ နီးပါတယ်။ Hiller Lake လို့အမည်ရပါတယ်။ ပင်လယ်နဲ့ နီးပေမယ့် ပင်လယ်နဲ့လည်း မဆက်နေပါဘူး။ ကြားမှာ သစ်ပင် သစ်တော်တန်းများ ခြားထားပါသေးတယ်။  ရေကန်မှာ အယ်လ်ဂျေး များကြောင့်၊ ဆားဓာတ်ကြောင့် ပန်းရောင် သန်းနေခြင်း မဟုတ်ဘူး ဆိုတာကို လေ့လာတွေ့ရှိထားပါတယ်။ သို့ပေမယ့် ဘယ်လို ဘက်တီရီးယား မျိုးများ ပေါက်ဖွားလို့ ပန်းရောင် ဖြစ်နေတယ် ဆိုတာကို ရှာဖွေ မဖော် ထုတ်နိုင်ကြသေးပါဘူး။ သြစတေးလျနိုင်ငံရဲ့  ထူးဆန်းအံ့ဖွယ် နေရာ တစ်ခုအဖြစ် တည်ရှိနေပါ တယ်။ ရေကန်အလျားအနံ - ၁၉၆၉ ပေx 820 ပေ ရှိပြီးHiller Lake ကို နှစ်စဉ် လာရောက် လေ့လာသူ များပြားတယ်လို့ သိရပါ တယ်။ 

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်