Thursday, November 29, 2012

သမိုင်းတစ်လျှောက် ပထမဆုံးအကြိမ်အဖြစ် မြန်မာ-အမေရိကန် ရင်းနှီးမြှုပ်နှံမှုနှင့် ကုန်သွယ်မှုညီလာခံ ရန်ကုန်၌ ကျင်းပမည်၊ ညီလာခံတွင် အမေရိကန် လုပ်ငန်းရှင်များနှင့် တိုက်ရိုက်ဆွေးနွေး လုပ်ကိုင်နိုင်ရန် မြန်မာလုပ်ငန်းရှင်များ စတင်ပြင်ဆင်လ

Posted by drmyochit Thursday, November 29, 2012, under | No comments



သမိုင်းတစ်လျှောက် ပထမဆုံး အကြိမ်အဖြစ် မြန်မာ-အမေရိကန် ရင်းနှီးမြှုပ်နှံမှုနှင့် ကုန်သွယ်မှုညီလာခံကို မြန်မာနိုင်ငံတွင် ကျင်းပမည်ဖြစ်ကြောင်း ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ် RUMFCCI မှ ထုတ်ပြန်ချက်များအရ သိရသည်။  ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီလ ၂၅ ရက်နေ့တွင် ရန်ကုန်မြို့ရှိ RUMFCCI အသင်းချုပ်ရုံးတွင် ကျင်းပမည်ဖြစ်ကြောင်း သတင်းရရှိသည်။
အမေရိကန်နိုင်ငံ၏ U.S.Chamber of Commerce မှ ဦးဆောင်၍ အမေရိကန်စီးပွားရေး လုပ်ငန်းရှင်၊ အဆင့်မြင့် အစိုးရအရာရှိ၊ ဖွံ့ဖြိုးရေးဆိုင်ရာ ကျွမ်းကျင်ပညာရှင်များ၊ ဘာသာရပ်ဆိုင်ရာ ပညာရှင်များ တက်ရောက်မည်ဖြစ်သည်။
အဓိကအားဖြင့် မြန်မာနိုင်ငံ၏ စက်မှုကဏ္ဍမှတစ်ဆင့် ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ရန်၊ မြန်မာ့စွမ်းအင် ရင်းမြစ်များ ဖွံ့ဖြိုးတိုးတက်ရန်နှင့် ရင်းနှီးမြှုပ်နှံမှု ပြုရန်၊ မြန်မာနိုင်ငံ၏ အိုင်တီကဏ္ဍကို ကူညီထောက်ပံ့ အားပေးရန်၊ ဘဏ္ဍာရေးကဏ္ဍ တည်ဆောက်ရေးနှင့် လူမှုဘ၀မြှင့်တင်ရန် ရည်ရွယ်ချက်များဖြင့် လာရောက်ခြင်းဖြစ်ကြောင်း သိရသည်။ အာဆီယံ ဒေသ၊ အာရှနှင့် ကမ္ဘာ့စီးပွားရေး ဈေးကွက်သို့ မြန်မာနိုင်ငံ ၀င်ရောက်နိုင်ရေး အတွက်လည်း ထည့်သွင်းဆွေးနွေး မည်ဖြစ်ကြောင်း သိရသည်။


အခု ညီလာခံကို မြန်မာလုပ်ငန်းရှင်တွေ တက်ရောက်တဲ့အတွက် အမေရိကန်နဲ့ ဥရောပဈေးကွက်က ဘာတွေလိုအပ်တယ်၊ ဘာတွေထုတ်လုပ် ကုန်သွယ်မယ်၊ နောက်ဆုံးတစ်ချက်ကတော့ ကိုယ်နဲ့ပူးပေါင်း လုပ်ကိုင်မယ့် Partner ရနိုင်တယ် . . .

အဆိုပါ US-Myanmar Trade and Investment Relationshipး The Path Forward Conference သို့တက်ရောက်ကာ အမေရိကန် လုပ်ငန်းရှင်များ၊ ဘာသာရပ်ဆိုင်ရာ ပညာရှင်များ၊ စီးပွာရေးဆိုင်ရာ ပညာရှင်များနှင့် တွေ့ဆုံဆွေးနွေးနိုင်ရန် မြန်မာလုပ်ငန်းရှင်များ ပြင်ဆင်လျက်ရှိကြောင်း သိရသည်။
“အမေရိကန်နိုင်ငံက လာတဲ့အခါ စက်မှုကဏ္ဍနဲ့ အိုင်တီကဏ္ဍ၊ ရေနံနဲ့ သဘာဝဓာတ်ငွေ့ ကဏ္ဍတွေကို အဓိကထား ဆွေးနွေးနိုင်တယ်။ မြန်မာလုပ်ငန်းရှင်တွေကတော့ အခုပြင်ဆင်နေပြီ။ အဓိက ပြင်ဆင်နေတာကတော့ အလုပ်အကိုင် အခွင့်အလမ်း အများအပြားရနိုင်တဲ့ လက်ခစားစနစ်နဲ့လုပ်ရမယ့် စက်မှုကဏ္ဍတွေပါ။ နောက်သစ်အချောထည် လုပ်ငန်းရှင်တွေလည်း အမေရိကန်အပါအ၀င် ဥရောပဈေးကွက်ကို တင်ပို့နိုင်ဖို့ ပြင်ဆင်နေတယ်။ ဒါပေမဲ့ ဥရောပနဲ့အမေရိကန် ဈေးကွက်က ဘယ်အဆင့်အတန်းမျိုးကို ထုတ်လုပ်ပေးရမလဲ၊ သူတို့က ဘယ်လို လိုချင်တယ်ဆိုတာကိုတော့ အခုညီလာခံမှာ ဆွေးနွေးကြမှာပါ။ အခုညီလာခံကို မြန်မာလုပ်ငန်းရှင်တွေ တက်ရောက်တဲ့အတွက် အမေရိကန်နဲ့ ဥရောပဈေးကွက်က ဘာတွေလိုအပ်တယ်၊ ဘာတွေထုတ်လုပ် ကုန်သွယ်မယ်၊ နောက်ဆုံးတစ်ချက်ကတော့ ကိုယ်နဲ့ပူးပေါင်းလုပ်ကိုင်မယ့် Partner ရနိုင်တယ်။ ဒါဟာ မြန်မာနိုင်ငံမှာ ပထမဆုံးလုပ်တဲ့ မြန်မာ-အမေရိကန် စီးပွားရေးညီလာခံပါပဲ” ဟု RUMFCCI ၏ ဒုတိယဥက္ကဋ္ဌ ဦးဇော်မင်းဝင်းက ပြောကြားခဲ့သည်။
အမေရိကန်အနေဖြင့် မြန်မာနိုင်ငံတွင် ၂၀၁၂ ခုနှစ် စက်တင်ဘာလကုန်အထိ အမေရိကန်ဒေါ်လာ ၂၄၃ ဒသမ ၅၆၅သန်းသာရင်းနှီးမြှုပ်နှံထားကြောင်းသိရသည်။

နိုင်ငံခြား ရင်းနှီးမြှုပ်မှု အများဆုံးပြုလုပ်ထားသည့် ထိပ်ဆုံးနိုင်ငံများ (အမေရိကန်ဒေါ်လာ၊ သန်း)
နိုင်ငံ
ပမာဏ
တရုတ်
၁၄၁၄၅ .၅၈၀
ထိုင်း
၉၅၆၈ .၀၉၃
ဟောင်ကောင်
၆၃၇၁ .၄၉၅
ကိုရီးယား
၂၉၆၅ .၀၇၅
ဗြိတိန်
၂၇၉၉ .၁၈၅
စင်ကာပူ
၁၈၅၃ .၂၃၀
မလေးရှား
၁၀၃၁ .၂၈၅
ပြင်သစ်
၄၆၉ .၀၀၀
အမေရိကန်
၂၄၃ .၅၆၅
မှတ်ချက်။   ။၃၀-၉-၂၀၁၂ရက်နေ့ထိ

 Myanmar Express 

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်