Thursday, November 29, 2012

စည်းကမ်းပျက် ကျောင်းသား၊ စည်းကမ်းထိန်း ကျောင်းအုပ် ၊ ထောင်ထွက်ေ ကျာင်းသား ၈၈ တို့နှင့် မြိတ်မြို့ ဇာတ်လမ်း

Posted by drmyochit Thursday, November 29, 2012, under | No comments


၂၀၁၂ နိုဝင်ဘာလ (၂၂) ရက်နေ့ ကြာသပတေးနေ့ နံနက် (၁၀၃၀) ချိန်ခန့်တွင် မြိတ်မြို့ အထက(၂)မှ အထက်တန်း ကျောင်းသား ၃၀ ဦးခန့်သည်  ကျောင်းချိန် အတွင်း ကျောင်းတက်ခြင်း မရှိပဲ မြိတ်မြို့သို့  ရောက်ရှိလာမည့် ၈၈ မျိုးဆက်ကျောင်းသား ကိုမင်းကိုနိုင်နှင့်  အဖွဲ့အား သွားရောက် ကြိုဆိုကြကြောင်း၊ ထိုသို့ သွားရောက် ကြိုဆိုရာတွင် မော်တော် ဆိုင်ကယ်များဖြင့် တစ်စီးလျှင် (၃) ယောက် စီးနင်းကာ ဆိုင်ကယ်စီး ဦးထုပ်များ ဆောင်းထားခြင်း မရှိပဲ မြို့ပတ်ပြီး သွားလာ အော်ဟစ် နေသဖြင့် ထိန်းသိမ်းပေးပါရန် မိဘ ပြည်သူများက ကျောင်းအုပ် ဆရာမကြီးထံ တိုင်ကြား လာသောကြောင့် ကျောင်းအုပ် ဆရာမကြီးမှ ဆရာ/ ဆရာမ(၃) ဦးအား လေဆိပ်သို့ သွားရောက် ထိန်းသိမ်း ခိုင်းကြောင်း ၊ လေဆိပ်သို့ ရောက်ရှိ ရာတွင် ကျောင်းသားများမှ  ကျောင်းသား သမဂ္ဂ အလံကိုင်ပြီး စီတန်း နေသည်ကိုတွေ့ရှိရကြောင်း၊ ဆရာ/ ဆရာမ များက ကျောင်း သို့ ပြန်လိုက် ရန်  ပြောဆိုရာ ပင်နီ တိုက်ပုံ ၀တ်ထားသူ တစ်ဦး ၄င်းတို့ အားလုံး တာဝန် ယူကြောင်း ပြော ဆိုပြီး ကျောင်းသား များကိုလည်း ပြန်ခေါ် မရသဖြင့် မိမိတို့ ချည်း ပြန်လာ ခဲ့ရကြောင်း သိရပါသည်။
ကျောင်းသို့ ပြန်ရောက်ပြီးနောက် အတန်းပိုင် ဆရာမ များက ကျောင်းသားများအား ဆုံးမပြီးနော က်  ကျောင်း ချိန် အတွင်း အပြင်သို့ စည်းကမ်း မဲ့စွာ သွားလာသည့် ကိစ္စ၊ မော်တော် ဆိုင်ကယ် (၃) ယောက် စီး နင်းပြီး  ဦးထုပ် မဆောင်းသည့် ကိစ္စ တို့နှင့် ပတ်သက်ပြီး မိဘများရှေ့မှောက်တွင် ခံဝန် ထိုးခိုင်းရာ ၁၀ တန်း(I)မှ ကျောင်းသားများ ဖြစ်ကြသော  အောင်ကိုသက်၊ ပြည့်စုံ၊ စိုင်းသီဟထွန်း၊ ဖြိုးညီဝင်း၊ မြတ်ကို၊ အောင်ကိုသက် တို့က မကျေနပ်သဖြင့် ၈၈ မျိုးဆက် ကျောင်းသား ကိုမင်းကိုနိုင် တို့ထံ တိုင်ကြားမှု အပေါ် ၈၈ မျိုးဆက် ကျောင်းသား အဖွဲ့မှ မမာယာနှင့် မသက်သက်အောင် တို့က လိုက်လံ ကူညီ ဆောင်ရွက်ပေးနေကြောင်း သတင်းရရှိပါသည်။

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်