Monday, August 26, 2013

ယမန်နေ့က အရက်အလွန်အကျွံသောက်၍ ရေမြောင်းအတွင်း ပြုတ်ကျသေဆုံးသူ(၃)ဦးရှိ

Posted by drmyochit Monday, August 26, 2013, under | No comments

ရန်ကုန်၊ သြဂုတ် ၂၆။

ယမန်နေ့က ရန်ကုန်တိုင်းဒေသကြီးရှိ မြို့နယ်သုံးခုတွင် အရက်အလွန်အကျွံ သောက်၍ ရေမြောင်းအတွင်း ပြုတ်ကျ သေဆုံးသူ (၃)ဦးရှိခဲ့ကြောင်း တိုင်းဒေသကြီး မှုခင်းမှတ်တမ်းများအရ သိရသည်။

မြောင်ဥက္ကလာပမြို့နယ် (ဌ)ရပ်ကွက် ဆိုက်ကားတဲ အနောက်ဘက်တွင်တစ်ဦး၊ ရွှေပြည်သာမြို့နယ်၊ (ထ/၁၆)ရပ်ကွက်၊ မဟာဗန္ဓုလမ်းဘေးရှိ ရေမြောင်းအတွင်းတစ်ဦးနှင့် လှည်းကူးမြို့နယ်၊ ရိပ်သာရပ်ကွက်၊
ရိပ်သာ (၆)လမ်းနှင့် မြို့အုပ်စာ(၁)လမ်းထောင့်ရှိ ရေးမြောင်းအတွင်းတွင်တစ်ဦး အရက်အလွန်အကျွံ သောက်သုံး၍ သေဆုံးနေကြခြင်း ဖြစ်ကြောင်း ရဲမှတ်တမ်းများတွင် ဖော်ပြထားသည်။

ယင်းသို့သေဆုံးသော အလောင်းများအား ၎င်းတို့သေဆုံးရာ မြို့နယ်ရှိ ဆေးရုံကြီးများတွင် သက်ဆိုင်ရာ ပီအာရ် အမှတ်စဉ်များဖြင့် လက်ခံထားရှိပြီး ဓမ္မတာအတိုင်း သေဆုံးခြင်းဟုတ်/မဟုတ် စစ်ဆေးနိုင်ရန် မြောက်ဥက္ကလာမမှ မှုခင်းအား ဒုရဲအုပ် ဇင်မင်းထွန်းမှ တရားလိုပြုလုပ် တိုင်တန်း၍ ဝေဘာဂီ မြို့နယ်စခန်းတွင် သေမှုသေခင်းအမှတ်စဉ် ၆/၁၃ဖြင့် အမှုဖွင့်၍ စခန်းမှူး ရဲအုပ်နိုင်ဝင်းလည်းကောင်း၊ လှော်ကားမြို့နယ်မှ မှုခင်းအား ဒုရဲအုပ်သန်းအုန်း တရားလို ပြုလုပ်၍ လှော်ကားမြို့နယ် စခန်းတွင် သေမှုသေခင်းအမှတ်စဉ် ၁၁/၁၃ဖြင့် အမှုဖွင့်၍ အမှုစစ် ရဲအုပ်တင့်နိုင်မှ လည်းကောင်း၊ လှည်းကူးမြို့နယ်မှ ယင်းမှုခင်းအား ဒုရဲမှူး မြင့်ဦးမှ တိုင်တန်းပြီး လှည်းကူး မြို့မ ရဲစခန်းတွင် သေမှုသေခင်း အမှတ်စဉ် ၁၇/၁၃ဖြင့် အမှုဖွင့်၍ အမှုစစ်/တရားလိုမှ လည်းကောင်း အသီးသီး စစ်ဆေးလျက်ရှိကြကြောင်း သိရသည်။

မြန်မာ့ခေတ်

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်