Monday, August 26, 2013

ကမ္ဘာတစ်ဝန်း အင်တာနက် အသုံးပြုနိုင်မည့် Internet.org အဖွဲ့ကို Zuckerberg ဖွဲ့စည်း

Posted by drmyochit Monday, August 26, 2013, under | No comments


ကမ္ဘာပေါ်တွင် နေထိုင်သူမည်သူမဆို အင်တာနက်အသုံးပြုရန်အတွက် Samsung Electronics, Nokia, Qualcomm နှင့် အခြားကုမ္ပဏီများ ပူးပေါင်းပါဝင်သော အဖွဲ့တစ်ခုကို ဖွဲ့စည်းမည်ဖြစ်ကြောင်း Facebook အမှုဆောင် အရာရှိချုပ်ဖြစ်သူ Mark Zuckerberg က ၎င်း၏ Facebook profile တွင်ကြေညာပြောကြားခဲ့သည်။

 Internet.org ဟုခေါ်သည့် အဆိုပါ အဖွဲ့ကို ကမ္ဘာပေါ်တွင် အင်တာနက် အသုံးမပြုနိုင်သည့် လူဦးရေ ၅ ဘီလီယံအတွက် ရည်ရွယ်ထားကြောင်း သိရသည်။ လက်ရှိတွင် ကမ္ဘာ့လူဦးရေ၏ သုံးပုံတစ်ပုံခန့်သာ အင်တာနက် အသုံးပြုနိုင်သေးကြောင်း ဆိုသည်။

 လက်ရှိတွင် Facebook သည် ကမ္ဘာပေါ်ရှိ မည်သူ့ကိုမဆို ဆက်သွယ်ပေးနေကြောင်း၊ သို့ရာတွင် ဖွံ့ဖြိုးဆဲနိုင်ငံများ၌ ဆက်သွယ်မှု ပြုလုပ်ရာတွင် ကြီးမားသည့် အတားအဆီးများရှိကြောင်း၊ Inter net.org မှာ အဆိုပါ စိန်ခေါ်မှုများကို ကျော်လွှားနိုင်ပြီး ကမ္ဘာတစ်ဝန်း ပူးပေါင်းဆောင်ရွက် နိုင်စေမည်ဖြစ်ကြောင်း Zuckerberg က၎င်း၏ timeline တွင် ဖော်ပြခဲ့သည်။

 Internet.org တွင် Ericsson, MediaTek နှင့် Opera ကဲ့သို့သော ကုမ္ပဏီများပါဝင်ပြီး ၎င်းအဖွဲ့သည် စီမံကိန်းများဖွံ့ဖြိုးရန် ပူးပေါင်းဆောင်ရွက်ခြင်း၊ အသိပညာဝေမျှခြင်း၊ စက်မှုလုပ်ငန်းနှင့် အစိုးရများကို ကမ္ဘာ့အွန်လိုင်းတွင် ပါဝင်ရန် စည်းရုံးခြင်း စသည်တို့ကို ဆောင်ရွက်မည်ဖြစ်ကြောင်း Zuckerberg ကပြောကြားခဲ့သည်။

-နောင်နောင်
Ref: USAToday
အတွဲ (၁၄)၊ အမှတ် (၃၃)
Internet Journal

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်