မနေ့ညလေးတင် Resident Evil အမည်ရ ဂိမ်းအခြေခံ Animation ရုပ်ရှင် ကို ကြည့်ဖြစ်ခဲ့ ပါတယ်။
ရုပ်ရှင်ထဲမှာ ဆိုဗီယက်ကွဲထွက်နိုင်ငံ တစ်ခုရဲ့  ပြည်တွင်းစစ်ကို အခြေခံပြီးဓာတုဗေဓ လက်နက် အသုံးပြု နေကြတာကို မြင်တွေ့ရခြင်း ဖြစ်ပါတယ်။ ယခု တကယ့် အပြင်မှာ သုံးနေပါပြီ။ ပြီးခဲ့တဲ့ သြဂုတ်လ ၂၁ ရက်နေ့က စပြီး ဆီရီးယား ပြည်တွင်းစစ်မှာ ဓာတုဗေဒ စစ်လက်နက်တွေ အသုံးပြုနေပြီ ဖြစ် ပါတယ်။
သုံးတာမှ နယ်စွန်မှာမဟုတ်ပဲ မြို့ တော် Damascus အနီးတစ်ဝိုက်မှာ ဖြစ်ပြီး တစ်ရက်တည်း အပြစ်မဲ့ ပြည်သူ ၁၃၀၀ ကို သေစေ ခဲ့ပါတယ်။ ၂၁ ပြီးတော့ ယနေ့အထိ တိုက်ပွဲအချို့ မှာ အသုံးပြုနေကြပြီး လူသေ နှုန်း ယခင်ကထက် ဆပွားတိုက် တက်နေပြီ ဖြစ်ပါတယ်။
အင်မတန်ဆိုးရွားတဲ့ ဓာတုဗေဒ လက်နက်တစ်မျိုးဖြစ်တာမို့ ကမ္ဘာ့ နိုင်ငံကြီး များလည်း ရပ်ကြည့်နေလို့ မရတော့ပါဘူး။ ဘန်ကီမွန်းစေလွတ်တဲ့ စစ်ဆေး ရေးအဖွဲ့တစ်ခု ဆီးရီးယားကို ရောက်နေပါပြီ။ ဘယ်လို ဓာတုဗေဒ လက်နက် ဖြစ်တယ်။ ဘယ်ဘက်က အသုံးပြုတယ်ဆိုတာကို ကွဲကွဲ ပြားပြား သိအောင် စစ်ဆေးနေဆဲ ဖြစ်ပါတယ်။ ဆီရီးယား အစိုးရဘက်မှ မဟုတ်ပဲ အတိုက်အခံ သူပုန်များ ရဲ့  အသုံးပြုမှုလို့ အများစု သိထားကြပြီး သေဆုံး သူ ဘက်ကတော့ ဆီးရီးယား အစိုးရသစ္စာခံတပ်နဲ့ အပြစ်မဲ့ ပြည်သူတွေ ဖြစ်ပါတယ်။
တိုက်ပွဲတွေ အင်မတန်ပြင်းထန်နေပါတယ်။ ၂၀၁၁ ခုနှစ် မတ်လက စတင်တဲ့ ယင်းတိုက်ပွဲကြောင့် ဆီးရီး ယားမှာ သေဆုံးသူ ၁ သန်းနီးပါး ရှိသွားပါပြီ။ ၁.၇ သန်းသော လူဦးရေကို ဒုက္ခသည် ဘဝရောက်စေပြီး အဆိုးရွားဆုံး အခြေအနေ တစ်ခုအနေနဲ့ ဓာတုဗေဒ စစ်လက်နက် ပါ အသုံးပြုလာကြခြင်း ဖြစ်ပါတယ်။
ဒီအတွက် စစ်ဆေးမှုများ ပြုလုပ်ပြီး ကုလသမဂ္ဂရဲ့ အရေးယူ ဆောင်ရွက်မှု ဘယ်လိုရှိမယ် ဆိုတာ စောင့်ဆိုင်း နားစွင့်လျက် ရှိကြကြောင်း သိရပါတယ်။
Ref: xinhua
Aung Kham (Yoyarlay)
Time in Rangoon


0 comments:
Post a Comment