Monday, August 26, 2013

ဆိုက်ရောက်ခရီးသည် ကားကွင်းအတွင်း Wi-Fi အခမဲ့ အသုံးပြုခွင့်ပေးမည်

Posted by drmyochit Monday, August 26, 2013, under | No comments


ယခုလမှစတင်ကာ စမ်းသပ်ဖွင့်လှစ်လိုက်သော ဆိုက်ရောက်ခရီးသည်ကားကွင်း (Aung Mingalar High - Way Bus Arrival)တွင် ဝိုင်ဖိုင်အခမဲ့ အသုံးပြုခွင့်ပေးသွားမည်ဖြစ်ကြောင်း Myint and Paing ကုမ္ပဏီမှ ဒါ ရိုက်တာ ဦးသော်ဇင်အောင်က ပြောသည်။

လက်ရှိတွင် ခရီးသည်များပြားသော အချိန်ကို ဦးစားပေးကာ ဝိုင်ဖိုင်အင်တာနက် အခမဲ့ အသုံးပြုခွင့်ပေး လျက်ရှိ သည်ဟု သိရပြီးနောက်ပိုင်းတွင် အချိန်ပြည့်အသုံးပြုခွင့်ပေးသွားမည်ဖြစ်ကြောင်းသိရသည်။ “လက်ရှိ အချိန်ပိုင်း ဝိုင်ဖိုင် အခမဲ့အသုံးပြုခွင့်ပေးနေတာဖြစ်ပါတယ်။ မနက် ၃ နာရီခွဲကနေ ၈ နာရီအထိ အသုံးပြုခွင့်ပေးထားတယ်။ ခရီးသည်အများပြားဆုံးအချိန်ကို အသုံးပြုခွင့်ပေးထားတာဖြစ်ပါတယ်” ဟု ဦးသော်ဇင်အောင်က ပြောကြားသည်။ မြန်မာနိုင်ငံ၏ ပထမဦးဆုံးအဖြစ် ခရီးသည်တင်ယာဉ်ငယ် ဆိုက်ရောက် ကွင်းကို စမ်းသပ်ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး ၎င်းကွင်းတွင် အခမဲ့အင်တာနက်စနစ် အသုံးပြုခွင့်ပေး ထားခြင်း ဖြစ်သည်။

အဆိုပါ ကွင်းတွင် လုံခြုံရေးဆိုင်ရာများကိုလည်း ဆောင်ရွက်ထားကြောင်း သိရသည်။ “လုံခြုံရေးနဲ့ ပတ် သက်ပြီး CCTV 16 လုံးတပ်ဆင်ထားပါတယ်” ဟု အောင်မင်္ဂလာ အဝေးပြေးယာဉ်ရပ်နားစခန်းမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။ ၎င်းအပြင် ငွေလွှဲကောင်တာများကိုလည်း တပ်ဆင် သွား မည်ဖြစ်ကြောင်း သိရသည်။ လက်ရှိ ATM ငွေထုတ်စက်များကို ကမ္ဘောဇဘဏ်နှင့် သမဝါယ မဘဏ်တို့က တပ်ဆင်ထားသည်ကိုတွေ့ရသည်။ အဆိုပါကွင်းအတွင်း အရေးပေါ် ကျန်းမာရေး စောင့်ရှောက် ရန် ၂၄ နာရီဆေးခန်းကိုလည်း ဖွင့်လှစ်ထားရှိကြောင်းသိရသည်။

ထွန်းထွန်း
အတွဲ (၁၄)၊ အမှတ် (၃၃)
Internet Journal

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်