Monday, August 26, 2013

မန္တလေးတွင် တန်ဖိုးနည်း Tablet များနှင့် ဟန်းဆက်များ ရောင်းအားကျ

Posted by drmyochit Monday, August 26, 2013, under | No comments


မန္တလေးမြို့ မိုဘိုင်းဈေးကွက်အတွင်းမှ အရောင်းဆိုင်များ ပြောကြားချက်အရ ယခုရက်ပိုင်းအတွင်း တန်ဖိုးသက်သာသော တရုတ်နိုင်ငံလုပ် Tablet များနှင့် တန်ဖိုးနည်း ဟန်းဆက်များ ရောင်းအားကျဆင်းနေကြောင်းသိရသည်။

စတုတ္ထအကြိမ်မြောက် ကျပ်၁၅၀၀ တန် ဖုန်းဆင်းကတ်များ ရောင်းချမပေးခင်အချိန်အထိ မိုဘိုင်းဈေးကွက်အတွင်း ရောင်းအားသာမန်ရှိနေခဲ့သော်လည်း ယခုရက်ပိုင်းတွင်း ရောင်းအားကျဆင်းလာကြောင်း သိရသည်။ “အရင်အခေါက် ကျပ် ၁၅၀၀ တန် ဆင်းကတ်တွေ မဲနှိုက်ချပေးတုန်းကဆို ဟန်းဆက်ရောင်းအားက သိသိသာသာ တက်လာတယ်။ တတိယအကြိမ်မြောက် မဲနှိုက်ချထားပေးတုန်းကလည်း ရောင်းအားတိုးတက်လာပေမယ့် ပုံမှန်ရောင်းအား အောက်မကျခဲ့ဘူး။ အခုစတုတ္ထအကြိမ် ၁၅၀၀ ဆင်းကတ်ချထားပေမယ့်လည်း ဟန်းဆက်ရောင်းအားက တက်မလာဘူး၊ အဓိကကတော့ ချထားပေးတဲ့ လိုင်းကတ်တွေကို ဝယ်ရောင်းသမားတွေက တစ်သိန်းကျော်ထိပေးဝယ်ပြီး ကိုင်ထားတယ်။ ပြန်ရောင်းတဲ့အခါကျတော့လည်း ဝယ်မယ့်သူက နည်းတော့ လိုင်းကတ်တွေက ဆိုင်တွေမှာပဲ ပုံနေတဲ့သဘောပဲ။ တကယ်ကိုင်မယ့်သူဆီ မရောက်တော့ ဟန်းဆက်ရောင်းအားလည်း တက်မလာဘူး” ဟု ကြိုက်ရာဟန်းဆက်ယူ ၁၅၀၀ တန် ရောင်းချသည့် ဟန်းဆက်အရောင်းဆိုင်တစ်ဆိုင်မှ သုံးသပ်ပြောကြားသည။် “အရင်လတွေက တရုတ်ကဝင်တဲ့ ၁ သိန်းအောက်တန် Tablet တွေ၊ လိုင်းကတ်ထည့်လို့ရတဲ့ Tablet တွေ ရောင်းအားပုံမှန် ရှိနေတယ်။ ခုတော့ကလေးတွေ ကျောင်းဖွင့်ရာသီ ရောက်လာလို့လား၊ တချို့ဟန်းဆက်တွေက စကရင်ကြီးလာပြီး ဈေးနှုန်းသင့်လာလို့လားတော့မသိဘူး။ Tablet ရောင်းအားတော့ ပုံမှန်အောက်ကျနေတယ်ပြောရမယ်။ တစ်ရက်နေမှ Tablet တစ်လုံးရောင်းမထွက်တဲ့ နေ့လိုမျိုးတောင်ရှိလာတယ်” ဟု ၈၃ လမ်းရှိ မိုဘိုင်းဆိုင်တစ်ဆိုင်မှ ထပ်မံသိရသည်။ ဈေးကွက်အတွင်းမှ မိုဘိုင်းအရောင်းဆိုင်ကြီး တချို့မှပြောကြားချက်အရ တန်ဖိုးသင့်တင့်သော ဈေးနှုန်း ၁၀၀၀၀၀ ကျပ်ဝန်းကျင်ဟန်းဆက်အမျိုးမျိုး ရောင်းအားမှာ ပုံမှန်အောက်ရှိနေသော်လည်းအခြား ဖန်ရှင်မြင့်၊ ကွာလတီမြင့် နာမည်ကြီး ဟန်းဆက်တံဆိပ်များမှာ မော်ဒယ်အသစ်ထွက်တိုင်း ရောင်းအားကောင်းလျက်ရှိနေကြောင်းသိရသည်။

Ref & Credit: Internet Journal

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်